Friday , November 16 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Tag Archives: real madrid

Tag Archives: real madrid

စပါးစ်နဲ့ပွဲမှာ ဒဏ်ရာပြ`ဿနာတွေရှိနေတဲ့ ရီးရဲမက်ဒရစ်

ရီးရဲမက်ဒရစ်အသင်းသည် စပါးစ်နှင့်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အစ္စကို၊ ဗာရနီ၊ ဘေးလ်နှင့် နာဗက်စ်တို့မပါဘဲ ကစားရဖွယ်ရှိနေသည်။ နည်းပြဇီဒန်းအနေနဲ့ ဘေးလ်ဟာ စပါးစ်နဲ့ပွဲမီ ပြန်လည်ပါဝင်လာနိုင်မည်ဟု ခန့်မှန်းပြောဆိုခဲ့သော်လည်း ဘေးလ်မှာမူ တနင်္လာနေ့တိုင် တစ်ကိုယ်တော်လေ့ကျင့်မှုများသာ ပြုလုပ်နိုင်ခဲ့သည်။ ရီးရဲအသင်းနှင့်အတူ သုံးပွဲလွဲချော်ထားသည့် ဂိုးသမားနာဗက်စ်မှာလည်း ယခုပွဲ စဉ်ကိုပါဝင်လာရန်မသေချာဖြစ်နေပြီး ကွင်းလယ်တိုက်စစ်ကစားသမား အစ္စကိုမှာလည်း ပါဝင်ကစားရရေးသံသယဖြစ်နေသေးသည်။ ထို့အပြင် ခံစစ်ကစားသမား ဗာရနီမှာလည်း ဂီရိုနာအား ၂-၁ ဖြင့်ရှုံးခဲ့သည့်ပွဲတွင် ပေါင်ခြံဒဏ်ရာရရှိခဲ့သည့်အတွက် တနင်္လာနေ့တွင် ပြုလုပ်သည့် အသင်းလေ့ကျင့်မှုများတွင် ဗာရနီနှင့် အစ္စကိုတို့နှစ်ဦးမှာ သီးသန့်လေ့ကျင့်မှုများသာ ပြုလုပ်နေရသည့် အနေအထားတွင် ရှိနေခဲ့သည်။ အခြားဒဏ်ရာရကစားသမားများအနေဖြင့် ကာဗာဂျယ်၊ ကိုဗာဆစ်တို့လည်းရှိနေသည့်အတွက် ဇီဒန်းအနေဖြင့် စပါးစ်နှင့်ကစားရမည့် ချန်ပီယံလိဂ်ပွဲစဥင်္အတွက် ကစားသမားရွေးချယ်ရန် ခေါင်းခြောက်စရာဖြစ်နေရသည်။

Read More »