Monday , October 22 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Spain / LaLiga / Sevilla

Sevilla

ဆန်းချက်ဇ်ကို ရပ်တန့်ဖို့က သူ့ကိုသတ်ပြစ်ဖို့ပဲ ရှိပါတယ် – မွန်တဲလား (ဆီဗီးလ်းနည်းပြ)

zawgyi 1 မန်ယူအသင်းနဲ့ ဆီဗီးလ်တို့ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်မှာ မန်ယူကစားသမား ဆန်းချက်ဇ်ကို ရပ်တန့်နိုင်ဖို့ဆိုတာက သူ့ကိုသတ်ပြစ်ရဖို့ပဲ ရှိတယ်လို့ ဆီဗီးလ်အသင်းနည်းပြ မွန်တဲလားက ပြောလိုက်ပါတယ်။ ဆန်းချက်ဟာ ပြီးခဲ့တဲ့ဇန်န၀ါ၇ီအပြောင်းအရွှေ့က အာဆင်နယ်အသင်းကနေ မန်ယူကိုပြောင်းရွှေ့ခဲ့ပြီးနောက် သူ့ရဲချန်ပီယံလိဂ်ပွဲဦးထွက်အဖြစ် ဆီဗီးလ်နဲ့ပွဲမှာ ပါဝင်လာဖို့ရှိနေပါတယ်။ ဆီဗီးလ်အနေနဲ့လည်း ဆန်းချက်ဇ် ဘာစီလိုနာမှာ ကစားခဲ့စဉ်က ဆန်းချက်ဇ်ပါတဲ့ ဘာစီလိုနာအသင်းနဲ့ ၅ ကြိမ်ဆုံတွေ့ခဲ့ရမှာ ၅ ကြိမ်လုံး ရှုံးနိမ့်ခဲ့တဲ့ မှတ်းတမ်းဆိုးရှိနေခဲ့ပါတယ်။ ဆီဗီးလ်နည်းပြ မွန်တဲလားကလည်း အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရနိုင်ရေးအတွက် တတ်နိုင်သမျှအစွမ်းကုန် လုပ်ဆောင်ကစားကြဖို့ သူ့အသင်းသားတွေကို မှားကြားထားတယ်လို့ ၀န်ခံထားပါတယ်။ ဆီဗီးလ်အသင်းနည်းပြ မွန်တဲလားက ဆန်းချက်ဇ်ကို …

Read More »

ဆီဗီးလ်နဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ ဘိုင်လီပြန်ပါလာဖွယ်ရှိ

zawgyi 1 မန်ယူအသင်းနဲ့အတူ နိုဝင်ဘာလဆန်းပိုင်းကတည်းက ပေါင်ခြံဒဏ်ရာ၊ ခြေကျင်းဝတ် ဒဏ်ရာတို့ကြောင့် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိတဲ့ ခံစစ်ကစားသမား ဘိုင်လီဟာ အသင်းနဲ့အတူ ပြန်လည်လေ့ကျင့်ခန်း ဆင်းတော့မယ့် အနေအထားမှာ ရှိနေတယ်လို့ သတင်းတစ်ရပ်မှာ ရေးသားဖော်ပြထားပါတယ်။ စပိန်ဂျာနယ်လစ် တစ်ဦးဖြစ်သူ အဲလ်ဗာရက်ဇ်ရဲ့ ပြောဆိုမှုအရ မန်ယူကစားသမား ဘိုင်လီဟာ မန်ယူအသင်းမှာ ပြန်လည်ပါဝင်လာဖို့ နီးစပ်မှုရှိနေပြီလို့ ဆိုခဲ့ပါတယ်။ သူပြောဆိုမှုအရ ဗဟိုခံစစ်ကစားသမား ဘိုင်လီဟာ ဆီဗီးလ်နဲ့ ကစားမယ့်ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပထမအကျော့ ပွဲစဉ်မှာတောင် ပြန်ပါလာဖို့ ရည်မှန်းထားတယ်လို့ ဆိုခဲ့ပါတယ်။ မန်ယူအသင်းဟာ လာမယ့်အပတ် ဗုဒ္ဒဟူးနေ့မှာ စပိန်နိုင်ငံကို သွားရောက်ပြီး အဝေးကွင်းပွဲစဉ်အဖြစ် ဆီဗီးလ်နဲ့ ကစားသွားရမှာလည်း ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဒီတစ်ပတ်မှာတော့ …

Read More »

စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲကို တက်ရောက်သွားပြီဖြစ်တဲ့ ဆီဗီးလ်။ ဆီဗီးလ် ၂-၀ လီဂါနက် (ဟိုက်လိုက်)

စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲကို တက်ရောက်သွားပြီဖြစ်တဲ့ ဆီဗီးလ် ဆီဗီးလ် ၂-၀ လီဂါနက် (ဟိုက်လိုက်) ဘောလုံးသတင်း

Read More »

စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များ ထွက်ပေါ်

zawgyi 1 စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ အားလုံးကစားခဲ့ပြီးနောက် ဆီမီးဖိုင်နယ်ပွဲစဉ်များ ထွက်ပေါ်လာခဲ့သည်။ ဘာစီလိုနာအသင်းသည် စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်တွင် ဗလန်စီယာအသင်းနှင့် ကစားသွားရမည်ဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းကို အနိုင်ယူပြီး ဆီမီးတက်ရောက်လာခဲ့သည့် လာဂါနက်အသင်းသည် ဆီဗီးလ်အသင်းနှင့် ကစားသွားရမည်ဖြစ်သည်။ နည်းပြ ဗာဗယ်ဒိုတာဝန်ယူနေသည့် ဘာစီလိုနာအသင်းသည် လာလီဂါအမှတ်ပေးဇယားတွင် ဒုတိယနေရာမှ အသင်းကို ၁၁ မှတ်အထိ ဖြတ်ထားနိုင်သလို စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်သို့ ရောက်ရှိနေသဖြင့် ပြည်တွင်းဆုဖလား ၂ ခုလုံးရယူနိုင်မည့် အခွင့်အရေးများ ရှိနေပြီဖြစ်သည်။ ဘာစီလိုနာနှင့် ကစားရမည့် ဗလန်စီယာအသင်းမှာလည်း ကွာတားဖိုင်နယ်အဆင့်တွင် ပြီးခဲ့သည့်ပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သည့် အလာဗက်စ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဖြင့်အနိုင်ယူနိုင်ခဲ့သည့်အတွက် ယခုအဆင့်သို့ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။ စပိန်ဘုရင့်ဖလား ဆီမီးပွဲစဉ်များ …

Read More »

ဘက်ရှူဝါရီကို အငှားနဲ့ခေါ်ယူရန် ဆီဗီးလ်နဲ့ ချဲလ်ဆီးတို့ သဘောတူ

zawgyi 1 ဘက်ရှူဝါရီ ဆီဗီးလ်ကို ရာသီအကုန်ထိ အငှားနဲ့ပြောင်းမယ်ဆိုတဲ့သတင်းက ပြီးခဲ့တဲ့နှစ်ပတ် လောက်ကတည်းက ထွက်ပေါ်နေခဲ့တာပါ။ ဒါပေမယ့် ချဲလ်ဆီးအနေနဲ့ သူ့နေရာမှာအစားထိုးရမယ့် ကစားသမား ရှာမရသေးလို့ ဒီအပြောင်းအရွှေ့ကို ဆိုင်းငံ့ထားတဲ့အနေအထားပါ။ အဲအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး နောက်ဆုံးထွက်ပေါ်လာခဲ့တဲ့ သတင်းကတော့ ဆီဗီးအခြေစိုက် သတင်းတစ်ရပ်၏ လူမှုကွန်ယက်မှာ တင်ထားပုံအရတော့ ဆီဗီးလ်တို့ ဘက်ရှူဝါရီကို အငှားနဲ့ခေါ်ယူဖို့အတွက် သဘောတူညီမှု ရခဲ့ပြီလို့ဆိုထားပါတယ်။ ဒီအငှားစာချုပ်နဲ့ပတ်သက်ပြီး အငှားခေါ်ယူခွင့်အဖြစ် ချဲလ်ဆီးအသင်း ယူရို ၁.၅ သန်းရရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် သဘောညီမှုရရှိထားခြင်းသာဖြစ်ပြီး ချဲလ်ဆီးအသင်းမှ အစားထိုးတိုက်စစ်မှူး ရမရအပေါ်မူတည်သွား မှာဖြစ်တယ်လို့လည်း အဆိုပါသတင်းက ဆက်လက်ဖော်ပြထားပါတယ်။ နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းအရတော့ ချဲလ်ဆီးဟာ ၀က်စ်ဟမ်းတိုက်စစ်မှူး ကာရိုးလ်ကို အငှားနဲ့ခေါ်ယူဖို့ …

Read More »

ချဲလ်ဆီးမှ ဘက်ရှူဝါရီကို ဆီဗီးလ်က အငှားနဲ့ခေါ်ယူလို

zawgyi 1 ဆီဗီးလ်အသင်းသည် ချဲလ်ဆီးအသင်းမှ လူငယ်တိုက်စစ်ကစားသမား ဘက်ရှူဝါရီကို အငှားဖြင့်ခေါ်ယူရန် စိတ်ဝင်စားနေသည်။ သို့သော်လည်း အဆိုပါခေါ်ယူနိုင်ရေးအတွက် ချဲလ်ဆီးအနေဖြင့် အစားထိုးရန် ကစားသမားခေါ်ယူရန် လိုအပ်နေကြောင်းလည်း ဖော်ပြထားသည်။ စပိန်အခြေစိုက် သတင်းတစ်ရပ်၏ ဖော်ပြချက်အရ ဆီဗီးလ်အသင်းသည် ယက်ဒါနှင့် မူရီယယ်တို့နှင့်အတူ တိုက်စစ်အားကို ထပ်မံမြင့်တင်နိုင်ရေးအတွက် ဘက်ရှူဝါရီအား ခေါ်ယူလိုနေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ချဲလ်ဆီးအသင်းသို့ ၂၀၁၆ ခုနှစ်က ပြောင်းရွှေ့လာခဲ့သူ ဘက်ရှူဝါရီမှာ ချဲလ်ဆီးအသင်းကြီးတွင် ပွဲထွက်ကစားခွင့်ရရန် ရုန်းကန်နေရသူလည်းဖြစ်သည်။ ဘက်ရှူဝါရီသည် ချဲလ်ဆီသို့ ရောက်ရှိခဲ့သည့် ၂ နှစ်ခွဲကာလအတွင်း ပရီးမီးယားလိဂ်ပွဲ ၃ ပွဲသာ ပွဲထွက်ကစားခွင့် ရရှိထားခဲ့သည်။ လက်ရှိအချိန်တွင်လည်း ချဲလ်ဆီးအသင်းက ၀က်စ်ဟမ်းတိုက်စစ်မှူး ကာရိုးလ်ကို ခေါ်ယူရန်စိတ်ဝင်စားမှုများရှိနေသည်ဟု အင်္ဂလန်အခြေစိုက်သတင်းများတွင် …

Read More »

မွန်တဲလားကို နည်းပြသစ်အဖြစ်ခန့်အပ်ရန် ဆီဗီးလ် ရွေးချယ်

zawgyi 1 ဆီဗီးလ်အသင်းသည် နည်းပြဘရစ်ဇိုနှင့် နှစ်ဦးသဘောတူလမ်းခွဲပြီးနောက် နည်းပြသစ်အဖြစ်ခန့်အပ်ရန် မွန်တဲလားကို ရွေးချယ်ထားပြီဖြစ်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။ မွန်တဲလားသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်က အေစီမီလန်အသင်းအတွက် ကစးသမားခေါ်ယူမှုအတွက် ယူရို၁၉၆ သန်းအထိ အသုံးပြုခဲ့သော်လည်း ရလဒ်ကောင်းများ မရခဲ့ခြင်းကြောင့် နိုဝင်ဘာလ ၂၇ ရက်ကတည်းက အေစီမီလန်အသင်းရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး အလုပ်လက်မဲ့ဖြစ်နေသူလည်းဖြစ်သည်။ ဆီဗီးလ်အသင်းသည် လက်ရှိအချိန်တွင် အဆင့် ၅ နေရာတွင် ရပ်တည်နေသော်လည်း နည်းပြ ဘရစ်ဇီုကို ထုတ်ပယ်ခဲ့ပြီး နောက်ဆုံးကစားခဲ့သည့် ၄ ပွဲလုံး အနိုင်မရဖြစ်နေခဲ့သည်။ ကင်ဆာရောဂါ ခွဲစိတ်မှုပြုလုပ်ခဲ့သူ ဘရီဇိုအား ထုတ်ပယ်ခဲ့ခြင်းသည် ကစားပုံဆိုးရွားနေခြင်းနှင့်အတူ ရလဒ်များအပေါ် အားမရသည့်အတွက်ဖြစ်သည်ဟုဆိုသည်။ အသက် ၄၃ နှစ်အရွယ် မွန်တဲလားသည် …

Read More »

အသင်းနည်းပြ ဘီရီဇို ကင်ဆာရောဂါဖြစ်နေသည်ဟု ဆီဗီလ်အတည်ပြု

ဆီဗီးလ်အသင်းသည် အသင်းနည်ပြ ဘီရီဇိုမှာ သုတ်ရည်ဂလင်း ကင်ဆာရောဂါဖြစ်ပွားနေကြောင်း အတည်ပြုလိုက်ပြီဖြစ်သည်။ မီဒီယာမျာဒ၏ ဖော်ပြချက်အရ အသက် ၄၈ နှစ်အရွယ်ဘီရီဇိုမှာ ကင်ဆာရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ ကြောင်းကို လီဗာပူးနှင့်ကစားမည့်ချန်ပီယံလိဂ်ပွဲအပြီးတွင် သူ၏အသင်းသားများအား ပြောပြရန်ဆုံးဖြတ်ခဲ့သည် ဟုဆိုသည်။ ဆီဗီးလ်အသင်းသည် အဆိုပါပွဲစဉ်တွင် ၃ ပြတ်ရှုံးနိမ့်ခဲ့ရာမှာ နောက်ဆုံးမိနစ်သွင်းဂိုးဖြင့် သရေရလဒ်ထွက်ပေါ် ခဲ့သည့်အတွက် မမေ့နိုင်ဖွယ်ပွဲစဉ်တစ်ပွဲအဖြစ်လည်း ရှိနေခဲ့သည်။ ဆီဗီးလ်အသင်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ယနေ့မနက်ပိုင်းထုတ်ပြန်ကြေငြာမှုတွင် “အသင်းဆေးအဖွဲ့ရဲ့ စစ်ဆေးမှုများအရ အသင်းနည်းပြ ဘီရီဇိုမှာ သုတ်ရည်ဂလင်းကင်ဆာဖြစ်နေတယ်ဆိုတာကို အတည်ပြုနိုင်ပါ တယ်။ ဒါကြောင့်မို့ ဆေးစစ်ချက်များပြုလုပ်ပြီး ဆေးကုသမှုများပြုလုပ်သွားမှာပါ။ ဆီဗီးလ်အသင်းအနေနဲ့လည်း အသင်းနည်းပြရဲ့ ရောဂါအခြေအနေအပေါ်အကောင်းဆုံးထောက်ပံ့မှုတွေပြုလုပ်ပေးသွားမှာဖြစ်ပြီး သူအမြန်ဆုံးသက်သာလာပါစေလို့လည်း ဆုတောင်းပေးပါတယ်”ဟု ရေးသားဖော်ပြထားသည်။ ဘီရီဇိုမှာ ဆီဗီးလ်အသင်းကို ပြီးခဲ့သည့်မေလပိုင်းကမှ တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်သည်။

Read More »