Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Spain / LaLiga / Atletico Madrid

Atletico Madrid

အက်သလက်ကိုစွန့်ခွာပြီး ဂုဏ်ပြုခံ ကစားသမားတစ်ဦးအဖြစ်နဲ့ ပြောင်းရွှေ့ဖြစ်မှာလား တောရက်စ်

zawgyi 1 အက်သလက်အသင်းနည်းပြ ဆီမြွန်နီက အသင်းရဲ့ဝါရင့်တိုက်စစ်မှူး တောရက်စ်ကို အသင်းမှဆက်ရှိနေစေရေး ကြိုးပမ်းသွားမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီးတဲ့နောက်မှာတော့ တိုက်စစ်မှူးတောရက်စ်ဟာ သူ့ရဲ့စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ အက်သလက်နဲ့ လမ်းခွဲရမယ့် အနေအထားမှာ ရှိနေပါပြီ။ ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့က ဂျာနယ်လစ်တစ်ယောက်က ဆီမြွန်နီကို “တောရက်စ်ကို နောက်တစ်နှစ် အသင်းမှာ ဆက်ရှိနေစေချင်သလားဆိုတာကို သိချင်ပါတယ်”လို့ မေးမြန်းခဲ့မှုကိုတော့ ဆီမြွန်နီက အတိုးဆုံးအဖြေဖြစ်တဲ့ “No”တစ်လုံးတည်းကိုသာ ဖြေဆိုခဲ့တာပါ။ အဲဒီအဖြေကြောင့် တောရက်စ်တစ်ယောက် အက်သလက်မှာဆက်ရှိနေဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးဆိုတာ သေချာသွားပါပြီ။ တောရက်စ်ဟာ ဒီရာသီမှာ အသင်းအတွက် ၂၇ ပွဲကစားထားခဲ့ရာမှာ ၅ ဂိုးသာ သွင်းယူပေးထားနိုင်တာပါ။ ဒါ့အပြင် ဒီယေဂိုကော်စတာ ပြန်လည်ရောက်ရှိလာခဲ့ပြီး လူငယ်တိုက်စစ် ကစားသမား …

Read More »

အဆင့် ၂ မှာ ဆက်ရပ်တည်နိုင်ရေး နိုင်ပွဲယူနိုင်ခဲ့တဲ့ အက်သလက်။ အက်သလက် ၂-၀ ဘီလ်ဘို(ဟိုက်လိုက်

အဆင့် ၂ မှာ ဆက်ရပ်တည်နိုင်ရေး နိုင်ပွဲယူနိုင်ခဲ့တဲ့ အက်သလက်။ အက်သလက် ၂-၀ ဘီလ်ဘို(ဟိုက်လိုက်) ဘောလုံးသတင်း

Read More »

ယူရိုပါလိဂ်ရဲ့ အဖွင့်ပွဲမှာ ခြေစွမ်းခဲ့တဲ့ အက်သလက်။ ကိုပေဟေဂင် ၁-၄ အက်သလက် (ဟိုက်လိုက်)

ယူရိုပါလိဂ်ရဲ့ အဖွင့်ပွဲမှာ ခြေစွမ်းခဲ့တဲ့ အက်သလက် ကိုပေဟေဂင် ၁-၄ အက်သလက် (ဟိုက်လိုက်) ဘောလုံးသတင်း

Read More »

ဂိုးသမားတိုက်မိလို့ သွားကျွတ်သွားတဲ့ ဒီယေဂိုဂိုဒင်

zawgyi 1 အက်သလက်တီကိုရဲ့ ခံစစ်မှူးကြီး ဒီယေဂိုဂိုဒင်ကတော့ မနေ့ညပိုင်းက ဗလန်စီယာကိကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ  ဗလန်စီယာဂိုးသမား နက်တိုနဲ့ တိုက်ခိုက်မိပြီး သွားတွေကျွတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ဟာ ပွဲချိန်ဒုတိယပိုင်းစပြီး မကြာမီမှာ ရရှိခဲ့တဲ့ ပြစ်ဒဏ်ဘောမှတဆင့် ဂိုးသွင်းယူနိုင်ရေး ကြိုးပမ်းခဲ့စဉ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ဂိုးသမားရဲ့ တံတောင်နဲ့ ထိခိုက်မိခဲ့ဖြစ်ခဲ့တာပါ။ အဲဒီအချိန်မှာ ဂိုးသမားနက်တို အနေနဲ့ ဘောလုံးကို ဖမ်းမိခဲ့ခြင်းမရှိခဲ့ဘဲ ဂိုဒင်ကိုသာ ထိခိုက်မိခဲ့တာဖြစ်ပြီးတော့ ဂိုဒင်လည်း အဲဒီထိခိုက်မှုကြောင့် ရရှိခဲ့တဲ့ဒဏ်ရာကြောင့်လည်း ပွဲချိန် ၅၁ မိနစ်မှာ ပါးစပ်က သွေးထွက်လျှက်သားနဲ့ လူစားလဲခဲ့ရတာလည်းဖြစ်ပါတယ်။   ထို့အပြင် အခြားခံစစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဆာဗစ်ကလည်း တံကောက်ကြောဒဏ်ရာကြောင့် လူစားလဲခဲ့ရပြန်ပါတယ်။ ဒဏ်ရာရ ကစားသမားနှစ်ဦးရဲ့ အခြေအနေနဲ့ပတ်သက်ပြီး …

Read More »

ချဲလ်ဆီးကို စိတ်မ၀င်စားပဲ၊ မန်ယူကိုသာစိတ်ဝင်စားတဲ့ ….ဆီမြွန်နီ

zawgyi 1 အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီဟာ ချဲလ်ဆီးအသင်းက မန်နေဂျာကွန်တီရဲ့နေရာမှာအစားထိုးဖို့ စိတ်ဝင်စားနေမှုအပေါ်ငြင်းဆိုလိုက်ပြီး မန်ယူအသင်းကသာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ စဉ်းစား သွားဖို့ရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ၂၀၁၄ ခုနှစ်က မန်ယူအသင်းဟာ မန်နေဂျာဖာဂူဆန်ရဲ့နေရာမှာ ဒေးဗစ်မိုယေးစ်ကိုခန့်အပ်ခဲ့ပြီးတဲ့အချိန် တုန်းက ဆိုရင်လည်း ဆီမြွန်နီက သူ့အနေနဲ့ မန်ယူအသင်းကိုကိုင်တွယ်ဖို့အတွက် စိတ်ဝင်စားမှုရှိခဲ့ကြောင်းကို လည်းထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။ ချဲလ်ဆီးအသင်းမန်နေဂျာကွန်တီအနေနဲ့ လက်တလောအချိန်မှာ ဖိအားတွေနဲ့ ရုန်းကန်နေရပေမယ့်သူဟာ အ သင်းမှာပဲဆက်လက်ရှိနေဖို့ဆန္ဒတွေရှိနေတယ်လို့တော့ ပြောဆိုထားခဲ့ပါတယ်။ ဆီမြွန်နီရဲ့လက်ရှိအက်သလက်တီကိုအသင်းနဲ့စာချုပ်သက်တမ်းက ၂ နှစ်ခွဲကျန်ရှိနေပါသေးတယ်။ဒါပေမယ့် ဆီမြွန်နီကတော့ စိန်ခေါ်မှုတွေရင်ဆိုင်ရဖို့အတွက် အီတလီသို့မဟုတ် ပြည်ပအသင်းတွေကိုတော့ သွားရောက် ကိုင်တွယ်ဖို့တော့ ဆန္ဒရှိနေပါတယ်။ အင်တာမီလန်ယအသင်းကတော့ ဥရောပမှာ ပြန်လည်ဦးမော့လာဖို့အတွက် အသင်းရဲ့နည်းပြသစ်အဖြစ် ဆီမြွန်နီကို ခန့်အပ်ဖို့ဆန္ဒရှိနေပါတယ်။ မန်ယူအသင်းကတော့ပြီးခဲ့တဲ့လကမှ မန်နေဂျာမော်ရင်ညိုနဲ့ ၂၀၂၀ အထိစာချုပ်သစ်ထပ်မံချုပ်ဆိုထားတာကြောင့်လည်း …

Read More »

ကော်စတာ တံကောက်ကြောဒဏ်ရာ ရရှိနေသည်ဟု အက်သလက်အတည်ပြု

zawgyi 1 အက်သလက်တီကိုအသင်းသည် တိုက်စစ်မှူး ဒီယေဂိုကော်စတာမှာ ဂီရိုနာနှင့် တစ်ဂိုးစီသရေကျခဲ့သည့်ပွဲတွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ကြောင်း အတည်ပြုကြေငြာခဲ့သည်။ ကော်စတာသည် အဆိုပါဒဏ်ရာရရှိနေခြင်းကြောင့် နည်းပြဆီမြွန်နီက ပွဲချိန် ၆၁ မိနစ်တွင် ဂရီမီယိုနှင့် လူစားလဲခဲ့သည်။ ဆီမြွန်နီကမူ ပွဲအပြီးတွင် ကော်စတာ၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်ခဲ့ရာတွင် ဆေးစစ်မှုများပြုလုပ်ပြီးမှ သေချာသိရှိမည်ဖြစ်ကြောင်းကို ဆိုခဲ့သည်။ ယနေ့တွင်မူ အက်သလက်တီကိုအသင်းက အသင်း၏တွစ်တာအကောင့်မှတစ်ဆင့် တံကောက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်ဟု အတည်ပြုရေးသားဖော်ပြထားသည်။ သို့သော်လည်း အချိန်ကာလမည်မျှကြာ အနားယူရမည်ဆိုသည်ကိုမူ ထုတ်ပြန်ကြေငြာခဲ့ခြင်းမရှိခဲ့ပေ။ စပိန်အခြေစိုက်သတင်းများ၏ ရေးသားချက်များအရ ကော်စတာမှာ ၁၀ ရက်ခန့် အနားယူသွားဖွယ်ရှိနေသည်ဟု ဖော်ပြထားသည်။ ထို့အတွက်ကြောင့် ကော်စတာသည် ဆီဗီးလ်နှင့်ကစားရမည့် စပိန်ဘုရင့်ဖလား ဒုတိယအကျော့ပွဲစဉ်နှင့် ပဲလ်မက်နှင့် ကစားရမည့် …

Read More »

Report : ဂရစ်ဇ်မန်းအတွက် အက်သလက်နဲ့ ဘာစီလိုနာတို့ သဘောတူညီမှုရ။ ဂရစ်ဇ်မန်းက မန်ယူကို ပြောင်းချင်နေ

zawgyi 1 ဘောလုံးသတင်း စပိန်သတင်းစာ တစ်ခုသည် အက်သလက်တီကိုနှင့် ဘာစီလိုနာတို့သည် ဂရစ်ဇ်မန်း၏ အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း အဆိုပါအပြောင်းရွှေ့မှာ အတည်ပြုနိုင်သေးခြင်း မရှိဖြစ်နေသေးသည်ဟု ဆက်လက်ဖော်ပြ ထားသည်။ အကြောင်းမှာ ဂရစ်ဇ်မန်းသည် မန်ယူသို့ပြောင်းရွှေ့လိုသည့် ဆန္ဒရှိနေသည့်အတွက် နှစ်သင်းစလုံးအတွက် အခက်ဖြစ်နေရသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။ အဆိုပါသတင်း၏ ဆက်လက်ဖော်ပြချက်တွင် နှစ်သင်းလုံးမှာ ယေဘုယျသဘောတူညီမှု ရရှိထားခြင်းသာဖြစ်ပြီး ပြောင်းရွှေ့ကြေးအတွက်မူ သဘောတူညီမှု ရရှိထားခြင်းမရှိသေးဟု သိရသည်။ ဂရစ်ဇ်မန်း၏ ထွက်ခွာခွင့်ပြု စာချုပ်မှာ ခန့်မှန်းခြေအားဖြင့်  ပေါင် ၈၈ သန်းဖြစ်သည်ဟုလည်း ထပ်မံရေးသား ထားသည်။ ဘာစီလိုနာအနေဖြင့် ဂရစ်ဇ်မန်းကို အမိအရခေါ်ယူသွားနိုင်ရန် စိတ်အားထက်သန်နေသည်။ မန်ယူအနေဖြင့် ဂရစ်ဇ်မန်းအား ခေါ်ယူရန်အတွက် လာမည့်နွေရာသီအပြောင်းအရွှေ့အထိ …

Read More »

ကော်တင်ဟို ခေါ်ယူခဲ့ခြင်းကြောင့် လာလီဂါဖလားလုပွဲ အဆုံးသွားမည်ကို ဆီမြွန်နီစိုးရိမ်

zawgyi 1 အက်သလက်တီကိုအသင်း နည်းပြဖြစ်သူ ဆီမြွန်နီက ဘာစီလိုနာအသင်းအနေဖြင့် ကော်တင်ဟိုအား ခေါ်ယူခဲ့ခြင်းဖြစ် လာလီဂါအမှတ်ပေးဖလား ရယူနိုင်ရေးအတွက် အရးပါဆုံးခြေလှမ်းတစ်ခုကို စတင်လိုက်နိုင်ပြီ ဖြစ်ကြောင်း ယုံကြည်နေသည်။ ကော်တင်ဟိုသည် မကြာသေးမီက လီဗာပူးအသင်းမှ ဘာစီလိုနာအသင်းသို့ အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။ ဘာစီလိုနာအသင်းသည် ၁၈ ပွဲဆက်ရှုံးပွဲမရှိသေးသလို အမှတ်ပေးဇယားတွင်လည်း ဒုတိယနေရာမှာ အက်သလက်အသင်းကို ၉ မှတ်ဖြတ်ထားသည့်အနေအထားတွင် ကော်တင်ဟိုကိုပါ ထပ်မခံခေါ်ယူခဲ့သည့် အတွက် ဆီမြွန်နီအနေဖြင့် လာလီဂါအမှတ်ပေးဖလား ယှဉ်ပြိုင်ပွဲအတွက် အလျှင်အမြန်အဆုံးသတ်သွားမည်ကို စိုးရိမ်နေသည်။ ဆီမြွန်နီက “ချန်ပီယံလိဂ်ပွဲ ကစားလို့မရဘူးဆိုပေမယ့် ကော်တင်ဟိုလို ကစာသမားမျိုးကို ခေါ်ယူခွင့်ရလိုက်တာက အရေးပါတဲ့ အခွင့်အရေးတွေကို ရရှိပိုင်ဆိုင်သွားမယ့်အနေအထားပါ။ ဒီခေါ်ယူမှုက လာလီဂါအမှတ်ပေးဖလားအတွက် ပိုမိုအားပါသွားခဲ့တာပါ။ လက်ရှိအမှတ်ကွာဟမှုကလည်း …

Read More »

ဂိုးသွင်းအပြီး အောင်ပွဲခံမှုကြောင့် ထုတ်ပယ်ခံခဲ့ရသည့် ဒီယေဂိုကော်စတာ

zawgyi 1 အက်သလက်တီကိုအသင်းသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့သူ ကော်စတာသည် ဂီတာဖေးနှင့် ကစားသည့် လာလီဂါပွဲစဉ်တွင် ပွဲထွက်ကစားခွင့်ရရှိခဲ့သော်လည်း ပွဲချိန် ၆၈ မိနစ်တွင် အ၀ါကတ်နှစ်ကြိမ် ပြသခြင်းခံခဲ့သည့် အတွက် ထုတ်ပယ်ခံခဲ့ရသည်။ ကော်စတာသည် အက်သလက်အသင်းသို့ တတိယအကြိမ် ပြန်လည်ရောက်ရှိလာခဲ့ပြီး ပထမဆုံးပွဲအဖြစ် စပိန်ဘုရင့်ဖလားပွဲတွင် ကစားခွင့်ရခဲ့ပြီး အဆိုပါပွဲတွင်လည်း ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ယခုပွဲစဉ်တွင်လည်း ကော်စတာမှာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ပွဲချိန် ၆၂ မိနစ်တွင် ဂီတာဖေး နောက်တန်းကစားသမားကို တံတောင့်ဖြင့် တွက်ခဲ့သည့်အတွက် အ၀ါကတ်ပြခံခဲ့ရသည်။ ထို့နောက် ၅ မိနစ်အကြာတွင် ကော်စတာသည် ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးလာလီဂါသွင်းဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့သည်။ ဂိုးသွင်းယူပြီးနောက် ကော်စတာသည် ကြောငြာဘုတ်များကို ဖြတ်ကျော်ပြီး ပရိသတ်များနှင့်အောင်ပွဲခံခဲ့သည်။ ထို့အတွက်ကြောင့် …

Read More »


zawgyi 1 ဒီယေဂိုကော်စတာသည် အက်သလက်အသင်းက အက်ပိုတီယူအသင်းအား ၄-၀ ဖြင့်အနိုင်ရခဲ့သည့်ပွဲ၏ ပွဲချိန် ဒုတိယပိုင်းတွင် ဂိုးသွင်းယူနိုင်ခဲ့သည်။ စပိန်လက်ရွေးစင်ကစားသမား ကော်စတာသည် ချဲလ်ဆီးအသင်းမှ အက်သလက်သို့ ပြောင်းရွှေ့ရန် ပြီးခဲ့သည့် စက်တင်ဘာလပိုင်းကတည်းက သဘောတူညီမှု ရခဲ့သော်လည်း အက်သလက်အသင်း၏ အပြောင်းအရွှေ့ပိတ်ပင်မှုကြောင့် ၂၀၁၈ ခုနှစ်မှ စတင်ကစားခဲ့ရခြင်းဖြစ်သည်။ ချဲလ်ဆီးအသင်းနှင့်အတူ ၄ ရာသီကြာကစားခဲ့သူ ကော်စတာမှာ ပွဲချိန် ၆၅ မိနစ်တွင် လူစားလဲဝင်ရောက်ခဲ့ပြီး ၅ မိနစ်အကြာမှာပင် အသင်းအတက် တတိယမြောက် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲတွင် အက်သလက်အသင်းအတွက် နောက်တန်းကစားသမား ဂိုဒင်၊ တောရက်စ်နှင့် ဂရစ်ဇ်မန်းတို့လည်း ဂိုးသွင်းယူနိုင်ခဲ့ကြသည်။ unicode သွင်းဂိုးနဲ့အတူ ပြန်လာခဲ့တဲ့ ဒီယေဂိုကော်စတာ ဒီယေဂိုကော်စတာသည် …

Read More »