Monday , October 22 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Myanmar

Myanmar

ကမ္ဘာ့အဆင့် ၁ မှာ ဆက်လက်ရပ်တည်နေတဲ့ ဂျာမနီ၊ မြန်မာအသင်း အဆင့် ၂ ဆင့် နိမ့်ကျ

zawgyi 1 ဇန်န၀ါရီလအတွက် ဖီဖာအဆင့်သတ်မှတ်ချက်ကို ယနေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။ အဆိုပါကြေငြာချက်အရ ဂျာမနီးအသင်းမှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၁ နေရာတွင် ဆက်လက်ရပ်တည်နေသလို ပြီးခဲ့သည့်လအတွင်းက အဆင့် ၁ မှ ၁၇ အတွင်း ရှိသည့် အသင်းများမှာ နေရာရပ်တည်မှု ပြောင်းလဲခဲ့ခြင်းမရှိခဲ့ပေ။ သို့သော် အဆင့် ၁၈နှင့် ၁၉ နေရာများတွင် ရှိနေခဲ့သည့် ဆွီဒင်နှင့် ဝေးလ်တို့မှာ တစ်ဆင့်စီ နိမ့်ကျသွားခဲ့ပြီး အဆင့် ၂၀ ဖြစ်ခဲ့သည့် အိုက်စလန်အသင်းမှာ ၂ ဆင့်မြင့်တက်သွားခဲ့ပြီး ယခုလတွင် အဆင့် ၁၈ နေရာသို့ ရောက်ရှိလာခဲ့သည်။ အာရှအဆင့် ရပ်တည်မှုများတွင်မူ အီရန်အသင်းမှာ အာရှအဆင့် ၁ နေရာတွင် …

Read More »

အာဆီယံအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင်စာရင်းတွင် အောင်သူပါဝင်လာ

zawgyi 1 ကမ္ဘာ့ဘောလုံးအားကစားမီဒီယာကြီးတစ်ခုဖြစ်တဲ့ four four two မှ ပထမဆုံအးကြိမ်အဖြစ်  အာဆီယံအကောင်းဆုံး ကစားသမားဆုအတွက် မဲပေးရွေးချယ်ရန် ဆန်ကာတင်ကစားသမား ၅ ဦးစာရင်းကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အဲဒီ ဆန်ကာတင် ၅ ဦးစာရင်းမှာ မြန်မာ့လက်ရွေးစင်ကစားသမား အောင်သူလည်း ပါဝင်လာခဲ့ကြောင်း သိရပါတယ်။ အဆိုပါဆုအတွက် ဆန်ကာတင် ၅ ဦးစာရင်းတွင် ပါဝင်လာခဲ့သူများမှာ ထိုင်းလက်ရွေးစင်တိုက်စစ်မှူး ဒန်ကာ၊ ဗီယက်နမ် ကွင်းလယ်ကစားသမား ဒင်သန်ထရောင်း၊ ထိုင်းကွင်းလယ်ကစာသမား ဆွန်ကရာဆင်နဲ့ အင်ဒိုနီးရှား ဂိုးသမား အာဟီယာဆာတို့ဖြစ်ပါတယ်။ ထို့အပြင် အကောင်းဆုံး လက်ရွေးစင်အသင်းဆုအတွက်လည်း ဆုချီးမြင့်သွားမည်ဖြစ်ရာ အဆိုပါအကောင်းဆုံးအသင်းဆုအတွက် ဆန်ကာတင်စာရင်းတွင် ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် အသင်းတို့ဖြစ်ကြပါတယ်။ အဆိုပါဆုအများအပြင် အကောင်းဆုံး …

Read More »

ထိုင်းလိဂ်မှာ အောင်သူအောင်မြင်မှု ရရှိမယ်လို့ ယုံပါတယ် – ကျော်ကိုကို

zawgyi 1 ချင်းရိုင်ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုနှင့် ထိုင်းအခြေစိုက် Four Four Two မီဒီယာနှင့် အင်တာဗျူးအစီစဉ်တစ်ခုတွင် ပြုလုပ်ခဲ့ရာတွင် ကျော်ကိုကိုက ထိုင်းလိဂ် ၁ အတွင်း ပြိုင်ဘက်အသင်းဖြစ်သည့် Police Tero အသင်းတွင် ကစားနေသည့် မြန်မာ့လက်ရွေးစင်ကစားဖော် အောင်သူနှင့်ပတ်သက်ပြီး ပြောဆိုခဲ့သည်။ အဆိုပါ ကစားသမားနှစ်ဦးလုံးမှာ ယခုနှစ်ဘောလုံးရာသီတွင် လိဂ်လိဂ် ၁ အသင်းများသို့ အငှားဖြင့် သွားရောက်ကစားနေသူများဖြစ်သည်။ ထို့အပြင် မြန်မာပရိသတ်များကလည်း ထိုင်းလိဂ် ၁ သို့ သွားရောက်ကစားနေသည့် မြန်မာ့ကိုယ်စားပြု ကစားသမားများ အောင်မြင်မှု ရရှိနိုင်ကြလိမ့်မည်ဟု မျှော်မှန်းထားကြသည်။ Four Four Two နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ကျော်ကိုကိုက …

Read More »

အောင်သူနဲ့ သူရဲ့ နားလည်မှုနဲ့အတူ အသင်းကို ရလဒ်ကောင်းတွေ ရယူပေးနိုင်မယ်လို့ မျှော်လင့်နေတဲ့ N’Dri

3 fonts zawgyi 1 Police Tero အသင်းရဲ့ ခြေစမ်းပွဲစဉ် ၄ ပွဲမှာ အောင်သူဟာ ၄ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု တစ်ကြိမ်ပြုထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အောင်သူရဲ့ အသင်းဖော်ဖြစ်တဲ့ တိုက်စစ်မှူး Endear က အောင်သူနဲ့အတူ တွဲဖက်ကစားရခြင်းအပျော်  ကျေနပ်မှုရှိကြောင်းကို ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် သူတို့နှစ်ဦးရဲ့ နားလည်မှုတွေကနေ ၂၀၁၈ ခုနှစ်ဘောလုံးရာသီမှာ အသင်းတောင်တင်းလာနိုင်ရေးအတွက် အကူညီဖြစ်လာလိမ့်မည်ဟု မျှော်လင့်နေပါတယ်။ N’Dri က “အောင်သူဟာ ကစားသမားကောင်းတစ်ဦးပါ။ ပထမဆုံးတွေ့ခဲ့ရတဲ့နေ့မှာပဲ အောင်သူမှာ အလားအလာကောင်းတွေရှိနေတယ်ဆိုတာကို ခံစားမိခဲ့တာပါ။ ကျွန်တော်တို့နှစ်ဦးစား တစ်ဦးပေါ်တစ်ဦး ကောင်းမွန်တဲ့ နားလည်မှုတွေရှိနေကြပါတယ်။ ဒီလိုမျိုးပဲ နေ့တိုင်းလေ့ကျင့်နေခဲ့ကြတာပါ။ ဒါတွေက ရာသီသစ်အတွက် ကျွန်တော်တို့လုပ်ဆောင်နေခြင်းပါပဲ။ …

Read More »

၂၀၁၈ ခုနှစ် ထိုင်းလိဂ်ဝမ်းမှာကစားမယ့် ၄ ဦးမြောက် မြန်မာကစားသမား

zawgyi 1 ၂၀၁၈ ခုနှစ် ထိုင်းလိဂ်ဝမ်း(တိုယိုတာထိုင်းလိဂ်) ပြိုင်ပွဲကို အသင်း ၁၈ သင်းဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ အဲဒီ ၁၈ သင်းအနက် ချင်းရိုင်၊ Police Tero၊ ဆူဖန်ဘူရီအသင်းတွေနဲ့အတူ မြန်မာကစားသမားတွေဖြစ်တဲ့ ကျော်ကိုကို၊ အောင်သူနဲ့ ဇော်မင်းထွန်းတို့လည်း ၀င်ရောက်ယှဉ်ပြိုင်ကစားတော့မယ်ဆိုတာလည်း သိရှိထားပြီဖြစ်မှာပါ။ ဒါပေမယ့် ထိုင်းလိဂ်ဝမ်းမှာ ၄ ဦးမြောက် မြန်မာ့ကိုယ်စားပြု ကစားသမားအဖြစ် ကစားသွားဖို့ရှိနေတဲ့ ကစားသမားတစ်ဦး ထပ်မံထွက်ပေါ်လို့လာခဲ့ပြန်ပါတယ်။ သူကတော့ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီက ရတနာပုံအသင်းကနေ စင်ကာပူကလပ် ဘလက်စတီးယားအသင်းကို ပြောင်းရွှေ့ကစားခဲ့တဲ့ နန္ဒလင်းကျော်ချစ်ပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ထိုင်းလိဂ်ဝမ်းရဲ့ ပြည်ပကစားသမား အ၀င်အထွက်စာရင်းရဲ့ အာဆီယံကစားသမားပါဝင်မှုစာရင်း (Wiki) မှာ နန္ဒလင်းကျော်ချစ်တစ်ယောက် ပါဝင်နေခဲ့တာကို …

Read More »

၂၀၁၇ ခုနှစ်အတွက် ဘောလုံးသတင်း ပရိသတ်များမှ ရွေးချယ်သည့် အကောင်းဆုံးကစာသမားဆု ထွက်ပေါ်

zawgyi 1 ၂၀၁၇ ခုနှစ်အတွက် ဘောလုံးသတင်းပရိသတ်များမှ ရွေးချယ်သည့် အကောင်းဆုံးကစားသမားအပါအ၀င် အခြားသောဆု ၄ ခုကို ရွေးချယ်ခဲ့မှုများ ထွက်ပေါ်လာခဲ့ပါပြီ။ အဆိုပါအကောင်းဆုံးရွေးချယ်မှုအတွက် ဘောလုံးသတင်းပရိသတ် ၃၀၀ ကျော်မှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အပြီးသတ် စာရင်းကို ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားရွေးချယ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ အကောင်းဆုံးကစားသမားဆုအတွက် အဓိကရွေးချယ်ခြင်းခဲ့ရသူမှာ ဘာစီလိုနာကစားသမားမက်ဆီဖြစ်ပြီး မဲအရေအတွက် ၁၀၅ ခုဖြင့် ပြိုင်ဘက်ရော်နယ်ဒို (၇၃ မဲ) ကိုအသာရခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် အကောင်းဆုံးအသင်းအတွက်ရွေးချယ်ခဲ့ရာမှာလည်း မန်စီးတီးအသင်းက မဲအရေအတွက် ၇၁ မဲရရှိခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းက ၆၇ မဲဖြင့် ဒုတိယအများဆုံးဖြစ်ခဲ့ကာ တတိယနေရာတွင်တော့ ဘာစီလိုနာအသင်းက ၄၄ ဖြင့်ရခဲ့ပါတယ်။ အကောင်းဆုံးပွဲအတွက်မှာလည်း အာဆင်နယ် ၃-၃ …

Read More »

ကျော်ကိုကို၊ အောင်သူတို့ ကစားရမည့် ထိုင်းလိဂ်ဝမ်း အသင်းများအကြောင်း တစေ့တစောင်း

zawgyi 1 လာမယ့် ၂၀၁၈ ခုနှစ်ဘောလုံးရာသီရဲ့ ထိုင်းလိဂ်ဝမ်းမှာ မြန်မာ့ဂုဏ်ဆောင်ကစားသမားနှစ်ဦးဖြစ်တဲ့ ကျော်ကိုကိုနဲ့ အောင်သူတို့ဟာ ထိုင်းလိဂ်ဝမ်း ပြိုင်ပွဲဝင်အသင်းတွေဖြစ်တဲ့ ချင်းရွိုင်းယူနိုက်တက်နဲ့ Police Tero တွေမှာ ပါဝင်ကစားရတော့မှာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အသည်းကျော်ကစားသမားတွေဖြစ်တဲ့ သူတို့နှစ်ဦးကစားကြမယ့် အသင်းတွေရဲ့ နောက်ခံသမိုင်းကြောင်းတွေကို သိရှိလိုသူများအတွက် တင်ပြသွားလိုပါတယ်။ ချင်းရွိုင်းယူနိုက်တက် (ယမန်နှစ်ရပ်တည်မှု အဆင့် ၄) ချင်းရွိုင်းယူနိုက်တက်အသင်းဟာ ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့မြို့ဖြစ်တဲ့ ချင်းရွိုင်းအခြေစိုက်အသင်းတစ်သင်းပါ။ ဒီအသင်းကို ၂၀၀၉ ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ယခုလို ထိုင်းလိဂ်ဝမ်းမှာ ယှဉ်ပြိုင်ကစားခွင့်ရဖို့ အသင်းစတည်ထောင်တဲ့နှစ်မှာ ထိုင်းမြောက်ပိုင်းလိဂ်ဇုန်ကနေ စတင်ကစားခဲ့ရတာပါ။ အဲဒီနှစ်မှာပဲ ချင်းရွိုင်းအသင်းဟာ မြောက်လိဂ်ချန်ပီယံဖြစ်ခဲ့ပီး အသင်းရဲ့ပထမဦးဆုံးသော ဆုဖလားကို စတင်တည်ထောင်တဲ့နှစ်မှာပဲ ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ …

Read More »

တိုက်စစ်မှူး ကျော်ကိုကို ထိုင်းကလပ် ချင်းရွိုင်ယူနိုက်တက်အသင်းသို့ သွားရောက်ကစားရန် အကြိုသဘောတူညီမှုရရှိ

zawgyi 1 မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတိုက်စစ်မှူးဖြစ်သူ ကျော်ကျော်သည် ထိုင်းလိဂ်ဝမ်းကလပ်  ချင်းရွိုင်ယူနိုက်တက်အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် သွားရောက်ကစားရန် အကြိုသဘောတူညီမှု ရရှိပြီဖြစ်ကြောင်း သိရသည်။ “ကျော်ကိုကို ချင်းရွိုင်ယူနိုက်တက်အသင်းကို သွားရောက်ကစားဖို့ နှစ်ဖက်သဘောတူညီမှု ရရှိခဲပါပြီ။ တစ်လ ဒေါ်လာ ၇၀၀၀ ရရှိမှာဖြစ်ပါတယ်’’ဟု ရန်ကုန်ယူနိုက်တက်အသင်း၏ မီဒီယာတာဝန်ခံ ဦးမျိုးမြင့်သောင်းက ပြောသည်။ လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကို၏ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး အပြီးသတ်စာချုပ်ဖြင့်ခေါ်ယူနိုင်ရန် လာမည့်တစ်ပတ်အတွင်း ထိုင်းကလပ်အသင်းတာဝန်ရှိသူများ မြန်မာနိုင်ငံသို့ လက်ရောက်ကာ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ဆိုသည်။ ချင်းရွိုင်အနေဖြင့် ထိုင်းအေးဂျင့်မှတစ်ဆင့် ရန်ကုန်အသင်းကို ဆက်သွယ်လာခဲ့ခြင်းဖြစ်ပြီး ကစားသမား၏ အနာဂတ်နှင့် အသင်းဥက္ကဋ္ဌ၏ နိုင်ငံတစ်ကာအတွေ့အကြုံ ရရှိစေလိုသည့် ရည်ရွယ်ချက်တို့ကြောင့် ယခုကဲ့သို့ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ချင်းရွိုင်ယူနိုက်တက်အသင်းသည် …

Read More »

အာရှဖူဆယ်ချန်ပီယံရှစ်သို့ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းကို ဆုကြေးငွေ ကျပ်သိန်း ၃၀၀နှင့် USD 5000 ချီးမြှင့်

တရုတ်တိုင်ပေတွင် ကျင်းပပြုလုပ်မည့် အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသို့ ဆုကြေးငွေ သိန်း (၃၀၀)နှင့် USD 5000 ချီးမြှင့်ပေးခဲ့သည်။    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း မှ သိန်း (၁၀၀)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် မှ သိန်း (၁၀၀)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ USD (5000) ဦးထွန်းထွန်းလင်းမှ သိန်း(၅၀)၊ ဦးမျိုးသူရမှ သိန်း (၅၀) စုစုပေါင်း ကျပ်သိန်း ၃၀၀နှင့် USD 5000 ဖူဆယ်အသင်းသို့ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အာရှဖူဆယ်ချန်ပီယံရှစ်ဝင်ခွင့် ခြေစစ်ပွဲအဖြစ် ဗီယက်နမ်နိုင်ငံတွင် ယှဉ်ပြိုင်ခဲ့သည့် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် တတိယဆုနှင့် အသန့်ရှင်းဆုံးဆုရရှိခဲ့သဖြင့် အာရှဖူဆယ်ချန်ပီယံရှစ်သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ အာရှချန်ပီယံရှစ်ပြိုင်ပွဲကို …

Read More »

နယ်မြေသစ်အတွက် အဆင်သင့်ဖြစ်နေတဲ့ မြန်မာ့ဂုဏ်ဆောင် အောင်သူ

မြန်မာပရိသတ်တွေမျှော်လင့်ထားတဲ့ အပြောင်းအရွှေ့ကြီးလည်း တကယ်ဖြစ်ခဲ့ပါပြီ။ အောင်သူဟာ ပြည်ပကလပ်ဖြစ်တဲ့ Police Tero အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ အရှေ့တောင်အာရှရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေအနက်က တစ်ယောက်ဖြစ်တဲ့ အောင်သူဟာ အရှေ့တောင်အာရှရဲ့ အကောင်းဆုံးလိဂ်မှာ သူ့ရဲ့အရည်အသွေးတွေကို အစမ်းသပ်ခံတော့မှာပါ။ အောင်သူအနေနဲ့ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုယုံတင်မကဘဲ အခြားဒီထက်အရေးပါတဲ့အကြောင်းအရာတွေအတွက်ပါ ကြိုးစားအားထုတ်ရတော့မှာပါပဲ။ ဒါကလည်း အသက် ၂၁ နှစ်သာရှိနေသေးတဲ့ သူ့အတွက် အခွင့်အရေးတစ်ခုဖြစ်သလို အဲဒီအခွင့်အရေးကတွေကနေ သူဘယ်လောက်အထိလုပ်ပြနိုင်မလဲဆိုတာကလည်း အရေးပါတဲ့အကြောင်းတစ်ခုပါ။ အောင်သူဟာ သူ့ကစားသမားဘ၀မှာ သူရဲ့အရည်အချင်းအချို့ကို ပြသထားပြီးဖြစ်ပါတယ်။ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ပါဝင်ခွင့်ရခဲ့သလို အဲဒီပြိုင်ပွဲမှာလည်း အိမ်ရှင်အသင်းဖြစ်တဲ့ နယူးဇီလန်နဲ့ကစားခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အောင်သူဟာ ၂၀၁၆ ခုနှစ် AFF Suzuki …

Read More »