Monday , July 23 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Germany / Bundesliga (page 5)

Bundesliga

၂၀၁၇ ခုနှစ်အတွင်း ဂိုး ၅၀ နှင့်အထက် သွင်းထားသူများ

zawgyi 1 ရီးရဲမက်ဒရစ်ကစားသမား ရော်နယ်ဒိုနှင့် စပါးစ်တိုက်စစ်မှူး ဟယ်ရီကိန်းတို့သည် စနေနေ့ညပိုင်းကစားခဲ့သည့် လိဂ်ပွဲစဉ်များအပြီးတွင် ယခု ၂၀၁၇ နှစ်အတွင်း ဂိုး ၅၀ နှင့်အထက် သွင်းယူထားနိုင်ခဲ့သည့် နောက်ဆုံးကစားသမားအဖြစ် ရှိနေခဲ့သည်။ ဆီးဗီးလ်နှင့် မကစားမီတွင် နောက်ဆုံးရ Ballon d’Or ဆုကို  ပရိသတ်များရှေ့ပြသခဲ့သည့် ရော်နယ်ဒိုမှာ အဆိုပါပွဲတွင် သွင်းဂိုးနှစ်ဂိုးသွင်းယူခဲ့သည့်အတွက် ၂၀၁၇ ခုနှစ်အတွင် ၅၁ ဂိုးမြောက် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သလို စပါးစ်တိုက်စစ်မှူး ကိန်းမှာလည်း စတုတ်စီးတီးအသင်းအား ၅-၁ ဖြင့်အနိုင်ရခဲ့သည့် ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ယခုနှစ်တွင်း ဂိုး ၅၀ မြောက်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ရော်နယ်ဒိုနှင့် ဟယ်ရီကိန်းတို့မှာ ၂၀၁၇ ခုနှစ်အတွင်း ဂိုး …

Read More »

ကိုလုံးအသင်းနဲ့ နည်းပြစတော့ဂါတို့ နှစ်ဦးသဘောတူ လမ်းခွဲ

zawgyi 1 ကိုလုံးအသင်းသည် အသင်းနည်းပြပီတာစတော့ဂါ အသင်းမှထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း တရားဝင်ထုတ်ဖော် ရေးသားခဲ့သည်။ စတော့ဂါမှာ ကိုလုံးအသင်းအား ၂၀၁၃ ခုနှစ်ကတည်း စတင်တာဝနုယူကိုင်တွယ်ခဲ့ပြီး အသင်းကို ဘွန်ဒက်လီဂါ သို့ တန်းတက်အောင်စွမ်းဆောင်ပေးထားခဲ့သလို ၂၀၁၆-၁၇ နှစ်ဘောလုံးရာသီတွင် ဘွန်ဒက်လီဂါအမှတ်ပေးဇယားတွင် အဆင့် ၅ နေရာရအောင်စွမ်းဆောင်းပေးနိုင်ခဲ့သဖြင့် ကိုလုံးအသင်းမှာ ဥရောပပြိုင်ပွဲဝင်ခွင့်ကို ၂၅ နှစ်အတွင်း ပထမဆုံအကြိမ်ဝင်ရောက်နိုင်ခဲ့သည်။ သို့သော်လည်း ယခုနှစ်ဘောလုံးရာသီတွင်မူ ဘွန်ဒက်လီဂါပွဲစဉ် ၁၄ ပွဲကစားအပြီးတွင် ကိုလုံးအသင်းမှာ ရမှတ် ၃ မှတ်သာရရှိနေခဲ့ပြီး အမှတ်ပေးဇယား၏ အောက်ဆုံးတွင်ရပ်တည်နေခဲ့သဖြင့် စတော့ဂါနှင့် အသင်းတာဝန်ရှိသူများတွေ့ဆုံပြီး နှစ်ဖက်သဘောတူဖြင့် အသင်းနှင့်လမ်းခွဲခဲ့သည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် ကိုလုံးအသင်းဟာ ရာသီဝက်နားချိန်အထိ ကိုလုံးယူ-၁၉ အသင်းနည်းပြ ရုသန်ဘက်က ယာယီနည်းပြအဖြစ်တာဝန်ယူသွားမည်ဖြစ်ကြောင်းလည်း …

Read More »

ခုခံစစ်အနေအထားကိုမပြင်ရင် ပီအက်စ်ဂျီကို ရှုံးဦးမှာပါပဲ

zawgyi 1 ဘိုင်ယန်မြူးနစ်ကစားသမား ဘိုတန်က အသင်း၏ ခံစစ်ပိုင်းကိုယခုထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်သွားဖို့ လိုကြောင်းနှင့် မပြင်နိုင်ခဲ့ပါက ပီအက်စ်ဂျီအသင်း၏ ထိုးစစ်ဆင်မှုများကို ခံသွားရမည်ဖြစ်ကြောင်း ပြောဆိုလိုက် သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ယမန်နေ့ညပိုင်းက ဟန်နိုဗာအသင်းအား ၃-၁ ဖြင့်အနိုင်ရခဲ့ပြီး ဘွန်ဒက်လီဂါ အမှတ်ပေးဇယားထိပ်တွင် ဒုတိယနေရာမှအသင်းအား ၆ မှတ်အသာဖြင့် ဦးဆောင်နေသော်လည်း ဘိုတန်ကမူ အဆိုပါပွဲစဉ်၏ ပထမပိုင်းပြီးခါနီးကစားခဲ့သည့် ခံစစ်ကစားပုံကို မနှစ်သက်ခဲ့ပေ။ ဘိုင်ယန်မြူးနစ်အသင်းသည် ယခုတစ်ပတ်ကြားရက်အတွင်း ပီအက်စ်ဂျီအသင်းနှင့် ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ပထမအကျော့တွင် ၃-၀ ဖြင့် ရှုံးနိမ့်ခဲ့မှုကို ပြန်လည်ချေပရန်ရှိနေသော်လည်း ယခုခံစစ်ကစားပုံကို မပြင်ဆင်နိုင်ပါက ပထမအကျော့်ပွဲစဉ်ကလို ရှုံးနိမ့်မှုနှင့် ကြုံသွားနိုင်ကြောင်း ဆိုခဲ့သည်။ ဘိုတန်က “ဒီပွဲမှာ အသင်းရဲ့ခံစစ်ပိုင်းကို ကျွန်တော်တို့ …

Read More »

မက်ဆီနဲ့ ရော်နယ်ဒိုတို့လိုကစားသမားမျိုး နောက်နှစ်တစ်ရာတောင် တွေ့နိုင်မှာမဟုတ်ပါဘူး

zawgyi 1 ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီသည် မက်ဆီ၊ ရော်နယ်ဒိုတို့လို ခောတ်မျိုး နောက်နှစ် ၁၀၀ တိုင် မြင်တွေ့ရဖို့မလွယ်နိုင်ကြောင်းနှင့် ၄င်းတို့နှစ်ထက် သူကပိုကောင်းသူဟုလည်း ဆိုခဲ့သည်။ မက်ဆီနှင့်ရော်နယ်ဒိုတို့နှစ်ဦးသည် ၂၀၀၈ ခုနှစ်မှစတင်ပြီး Ballon d’Or ဆုကို ၄င်းတို့နှစ်ကသာ ရယူထားခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်အတွက်လည်း မက်ဆီနှင့် ရော်နယ်ဒိုတို့သာ ရေပန်းစားနေဆဲဖြစ်သည်။ သူတို့နှစ်ဦးလုံးမှာ ကိုယ်စားပြုအသင်းများ၏ စံချိန်တင်ဂိုးသွင်းရှင်များဖြစ်ကြသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၄င်းတို့နှစ်ဦး၏ ဂိုးသွင်းစံမှာ မြင့်တက်လာဖွယ်ရှိနေသည်။ ကမ္ဘာ့အကောင်းဆုံ့းတိုက်စစ်မှူးအဖြစ် လီဝန်ဒေါစကီးနှင့် မက်ဆီ၊ ရော်နယ်ဒိုတို့နှင့် နှိုင်းယှဉ်ရန်မေးမြန်ခဲ့မှုကို လီဝန်ဒေါစကီးက ‘’ကျွန်တော့်ကို ဘာလို့ထိပ်ဆုံးမှာမထားနိုင်ရမှာလဲ။ အကောင်းဆုံးကစားသမားနှစ်ဦးလုံး တစ်ခေတ်တည်းမှာ ကစားတာ နှစ်ပေါင်းတစ်ရာမှ တစ်ခါလောက်ဖြစ်မှာပါ။ ဒါကြောင့်မို့ ခုလိုခောတ်မျိုးမှာ …

Read More »

အသင်းနည်ပြချုပ်အဖြစ် ကလော့ခ်ကို ခန့်အပ်ရန် ဘိုင်ယန်ဆန္ဒရှိ

zawgyi 1 ဘိုင်ယန်မြူးနစ်အသင်းသည် အသင်းနည်းပြရာထူးခန့်အပ်ရန်အတွက် လီဗာပူးအသင်းနည်းပြ ကလော့ခ်ကို လိုလားနေသည်ဟု သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။ ဘိုင်ယန်မြူးနစ်အသင်းသည် အသင်းနည်းပြ အန်ဆယ်လော့တီကို ယခုနှစ်ရာသီအစပိုင်းက ထုတ်ပယ်ခဲ့ပြီး ယာယီနည်းပြအဖြစ် ဂျပ်ဟေးနက်ကို ခန့်အပ်ထားသည်။ သို့သော်လည်း ဘိုင်ယန်မြူးနစ်အသင်းကို နည်းပြအဖြစ် ၄ ကြိမ်မြောက်တာဝန်ယူနေရသူ အသက် ၇၂ နှစ်အရွယ် ဟေးနက်သည် ယခုနှစ်ရာသီကုန်တွင် အသင်းနည်းပြအဖြစ်မှ အနားယူတော့မည်ဖြစ်ကြောင်းကို ပြောဆိုထားသည်။ အခြားသတင်းတစ်ရပ်၏ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းသည် အသင်းနည်းပြချုပ်အဖြစ် တာဝန်ပေးအပ်ရန်အတွက် နည်းပြ ၄ ဦးအား လျာထားသတ်မှတ်ထားပြီး ကလော့ခ်ကို ဦးစားပေးအဖြစ် ရည်ရွယ်ထားသည်ဟု ဖော်ပြထားသည်။ အခြားနည်းပြ ၃ ဦးမှာ ဒေါ့မွန်အသင်းနည်းပြဟောင်း သောမတ်တူချဲလ်၊ ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဂျိုချင်လောနှင့် ဟော့ဖန်ဟိန်းအသင်းနည်းပြ …

Read More »

ဒဏ်ရာကြောင့် ဂေါ့ဇီ ၆ ပတ်နားရမည်

zawgyi 1 ဒေါ့မွန်ကစားသမား ဂေါ့ဇီသည်ပြီးခဲ့သည့် စနေနေ့ညပိုင်းက ရှော်လ်ကာအသင်းနှင့် ၄ ဂိုးစီသရေကျခဲ့သည့်ပွဲတွင် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့သည့်အတွက် ၆ ပတ်ခန့်အနားယူရတော့မည်ဖြစ်ကြောင်း သိရသည်။ ဒေါ့မွန်အသင်းသည် အဆိုပါပွဲစဉ်တွင် ၄ ဂိုးပြတ်ဦးဆောင်ထားခဲ့ပြီး ဂေါ့ဇီကလည်း အသင်းအတွက် တတိယမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့သည်။ သို့သော်လည်း ဂေါ့ဇီမှာ အဆိုပါပွဲ၏ ပွဲချိန် ၇၈ မိနစ်တွင်    ဂွန်ဇာလိုကက်စထရိုနှင့် လူစားလဲခဲ့ရသည်။ ဒေါ့မွန်အသင်းသည် ဂေါ့ဇီ၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်ပြီး အသင်း၏ တွစ်တာအကောင့်တွင် “ခြေကျင်းဝတ်အရွတ်ဒဏ်ရာကြောင့် ဂေါ့ဇီဟာ ၆ ပတ်ခန့်အနားယူရတော့မှာပါ’’ဟု ရေးသားဖော်ပြထားသည်။ unicode ဒဏ်ရာကြောင့် ဂေ့ါဇီ ၆ ပတ်နားရမည် ဒေါ့မွန်ကစားသမား ဂေ့ါဇီသည်ပြီးခဲ့သည့် စနေနေ့ညပိုင်းက ရှော်လ်ကာအသင်းနှင့် ၄ …

Read More »

ယခုနှစ်ရာသီကုန်တွင် အနားယူဖြစ်လောက်တယ်လို့ ရော်ဘင်ပြော

ဘိုင်ယန်မြူးနစ်ကစားသမား အာဂျန်ရော်ဘင်သည် ယခုနှစ်ဘောလုံးရာသီကုန်တွင် အသင်းနှင့်ချုပ်ဆိုထား သည့် စာချုပ်သက်တမ်းမှာကုန်ဆုံးမည်ဖြစ်သလို ယခုရာသီပြီးဆုံးပါကလည်း ကစားသမားဘ၀မှ အနားယူသွား ဖြစ်လောက်သည်ဟု ပြောဆိုလိုက်သည်။ ဟော်လန်လက်ရွေးစင်ကစားသမားဟောင်းဖြစ်သူ ရော်ဘင်သည် ဘိုင်ယန်မြူးနစ်အသင်းသို့ ၂၀၀၉ ခုနှစ်ကတည်းက စတင်ရောက်ရှိလာခဲ့သော်လည်း အသင်းအတွက်အရေးပါသည့် ကစားသမားတစ်ဦးအဖြစ်ရှိနေခဲ့ပြီး ယခုနှစ်ဘောလုံးရာသီတွင်လည်း ၁၈ ပွဲကစားထားသည်။ ဘိုင်ယန်အသင်းနည်းပြ ဟေးနက်ကလည်း ရော်ဘင်၏ စွမ်းဆောင်ရည်အပေါ် ချီးကျူးမှုများပြုလုပ်နေသလို အသက် ၃၃ နှစ်အရွယ်ရော်ဘင်နှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်အတွက်လည်း ဆွေးနွေးသွားရန်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။ သို့သော်လည်း ရော်ဘင်ကမူ စာချုပ်သစ်အတွက် စဉ်းစားသွားမည့်အနေအထားတွေရှိနေသည်။ ရော်ဘင်က ’’ကျွန်တော့်အနာဂတ်က မသေချာပါဘူး။ ဒီရာသီကုန်ရင် ကစားသမားဘ၀အဆုံးသတ်သွားဖို့ရှိပါ တယ်။ အခြားအရာအတွက် ကြိုးသွားဖို့ရှိနိုင်သလို ဘိုင်ယန်မြူးနစ်အသင်းမှာလည်း နောက် ၃ နှစ်လောက်တော့ …

Read More »

လူငယ်တိုက်စစ်မှူးတစ်ဦးခေါ်ယူရန် ဘိုင်ယန်မြူးနစ်အသင်းထံ လီဝန်ဒေါစကီးတောင်းဆို

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးက အသင်းအတွက် ငယ်ရွယ်သည့် တိုက်စစ်မှူးတစ်ဦးကို ၀ယ်ယူသွားသင့်ကြောင်း ပြောဆိုလိုက်သည်။ ပိုလန်လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်သည့် လီဝန်ဒေါစကီးမှာ ယခုနှစ်ရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် အခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲအရပ်ရပ်အတွက် ၁၁ ဂိုးအထိသွင်းယူပေးထား သူလည်းဖြစ်သည်။ သို့သော် ဘိုင်ယန်အနေဖြင့် လီဝန်ဒေါစကီးဒဏ်ရာရှိခဲ့ပါကအခြားအစားထိုးအသုံးပြုရန် ထိပ်တန်းတိုက်စစ်မှူးမရှိ ဖြစ်နေသည့်အတွက် ယခုကဲ့သို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဘိုယန်မြူးနစ်နည်းပြဖြစ်သူ ဟေးနက်ကလည်း လိုက်ပဇစ်တိုက်စစ်မှူး တီမိုဝါးနားကို ခေါ်ယူသင့်ကြောင်းဆိုခဲ့ သော်လည်း တီမိုဝါးနား၏ နိုင်ငံအသင်းနှင့် ကလပ်အသင်းတို့တွင် စွမ်းဆောင်ထားမှုများကြောင့် ပြောင်းရွှေ့ကြေးပမာဏမှာ များပြားဖွယ်ရှိနေသည်။ ထို့အပြင် ဘိုင်ယန်သည် အေဂျက်တိုက်စစ်မှူး ကက်စပါဒိုးဘတ်ကိုလည်း ခေါ်ယူရန်ဆန္ဒရှိနေသည်။ အသက် ၂၉ နှစ်အရွယ် လီဝန်ဒေါစကီးက ‘’အတွေ့အကြုံရင့်ကစားသမားတွေဆီက ပညာယူလိုတဲ့ လူငယ်တိုက်စစ်မှူးမျိုး ခေါ်ယူသင့်ပါတယ်။ အဲလိုရင် ကျွန်တော့်အတွက်လည်း ပွဲတစ်ပွဲမှာ …

Read More »

ဂျာမနီမှာ အသားကျဖို့ ကြိုးစားနေဆဲဖြစ်တဲ့ ရိုဒရီဂွေးဇ်

ဘိုင်ယန်မြူးနစ်ကစားသမား ဂျိမ်းရိုဒရီဂွေးဇ်က ဂျာမနီတွင်နေသားကျဖို့လိုသေးကြောင်းကို လိုက်ပဇစ်နှင့်ကစားခဲ့သည့်ပွဲအပြီးတွင် ပြောဆိုခဲ့သည်။ ကိုလံဘီယာလက်ရွေးစင်ကစားသမား ရိုဒရီဂွေးဇ်သည် ပြီးခဲံသည့်ဇွန်လကမှ ရီးရဲမက်ဒရစ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ အပြီးခေါ်ယူနိုင်သည့်စာချု့်ပါရှိသည့် အငှားစာချုပ်ဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်တွင် ခြေစွမ်းကောင်းများပြသနိုင် ရန် ရုန်းကန်ေ်နရသည့် အခြေအနေဖြစ်နေခဲ့သည်။ ရိုဒရီဂွေးဇင်သည် ပြီးခဲသည့်စနေနေ့တွင် လိုက်ပဇစ်အား ၂-၀ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းအတွက် ၂ ဂိုးသာသွင်းယူထားသည်။ သို့သော်လည်း အဆိုပါပွဲအပြီးတွင် ရိုဒရီဂွေးဇ်က အစပိုင်းတွေရုန်းကန်နေခဲ့ရသော်လည်း လက်ရှိအချိန်တွင် သူ၏ပုံမှန်အနေအထားကို ပြန်လည်ရရှိလာခဲ့ပြီဟု ဆိုလိုက်သည်။ ရိုဒရီဂွေးဇ်က ”ပိုကယ်ဖလားပွဲအဖြစ် လိုက်ပဇစ်နဲ့ မကစားခင်ကတော့ နောက်ကျောက နာကျင်တဲ့ဝေဒနာကို ခံစားနေခဲ့ရပေမယ့် ခုတော့ ကျွန်တော့်ရဲ့ အကောင်းဆုံးအနေအထားကို ပြန်ရောက်လာပါပြီ။ အသင်းရဲ့ပွဲစဉ်တိုင်းမှာ ကျွန်တော့်ရဲ့ စွမ်းရည်တွေကိုပြသနိုင်ဖို့အတွက် လေ့ကျင့်ရေးအစီစဉ်တိုင်းမှာ ကျွန်တော့်ရှိသမျှစွမ်းအားတွေကို …

Read More »