Monday , July 23 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Germany / Bundesliga (page 2)

Bundesliga

ဘိုင်ယန်မြူးနစ်တို့ ဂိုးသမား အော့ရစ်ခ်ျကို သက်တမ်းတိုး

zawgyi 1 ဘိုင်ယန်မြူးနစ်အသင်းသည် အသင်းဂိုးသမား စဗန်အော့ရစ်ခ်ျကို ၂၀၂၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။ ၂၉ နှစ်အရွယ် အော့ရစ်ခ်ျသည် ဘိုင်ယန်မြူးနစ်အသင်း၏ အဓိက ဂိုးသမားနူအာ ဒဏ်ရာရနေချိန်တွင် ပါဝင်ကစားခွင့် ရရှိနေပြီး ယခုနှစ်ရာသီတွင် အသင်းနှင့်အတူ ဘွန်ဒက်လီဂါပွဲ ၁၇ ပွဲအထိ ပါဝင်ကစားခွင့် ရရှိကာ စွမ်းဆောင်ရည်ကောင်းများ ပြသထားနိုင်ခဲ့သည်။ ထို့အတွက်ကြောင့် ဘိုင်ယန်မြူးနစ်အသင်းသည် အော့ရစ်ခ်ျကို ၃ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။ လက်ရှိစာချုပ်မှာ ယခုနှစ်ရာသီတွင် ကုန်ဆုံးမည်ဖြစ်သော်လည်း ယခုကဲ့သို့စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းနှင့် ပတ်သက်ပြီး အော့ရစ်ခ်ျက “ဘိုင်ယန်မြူးနစ်အသင်းက ကျွန်တော့်အပေါ် ယုံကြည်မှုရှိပေးလို့ ကျေနပ်ပါတယ်။ အသင်းအတွက် ကျွန်တော် ကူညီမှုတွေကို ပေးစွမ်းနိုင်ပါတယ်။ ကျွန်တော့်ရော …

Read More »

ဟေးနက်၏ စံချိန်ကို အမီလိုက်နိုင်ခဲ့သည့် လီဝန်ဒေါစကီး

zawgyi 1 ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးသည် အသင်းနည်းပြ ဟေးနက်နှင့်အတူ ဘွန်ဒက်လီဂါတွင် မှတ်တမ်းတစ်ခုတင်နိုင်ခဲ့ပြီဖြစ်သည်။ လီဝန်ဒေါစကီးသည် ယမန်နေ့ညပိုင်းတွင် ကစားခဲ့သည့်ရှော်လ်ကာနှင့်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ယခုနှစ် ဘောလုံးရာသီအတွင် ဘိုင်ယန်မြူးနစ်အသင်း၏ အိမ်ကွင်းပွဲစဉ် ၁၁ ကစားထားအပြီး ၁၁ ပွဲလုံး ဂိုးသွင်းယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ လက်ရှိဘိုင်ယန်နည်းပြ ဟေးနက်မှာလည်း ၁၉၇၂-၇၃ ဘောလုံးရာသီတွင် မိုချင်ဂလာဘတ်အသင်းနှင့်အတူ အဆိုပါဂိုးသွင်းယူမှု ပြုလုပ်ထားသူဖြစ်သည်။ သို့သော်လည်း ဟေးနက်ကမူ သူ၏စံချိန်ကို လိုက်မီခဲ့သည့် လီဝန်ဒေါစကီးအား ဂုဏ်ပြုနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ အသက် ၇၂ နှစ်အရွယ် ဟေးနက်မှာ တုပ်ကွေးဖြစ်နေခြင်းကြောင့် အဆိုပွဲရှော်လ်ကာနှင့်ပွဲစဉ်ကို ကိုင်တွယ်နိုင်ခဲ့ခြင်းမရှိဘဲ လက်ထောက်နည်းပြ ပီတာဟာမန်းကသာ တာဝန်ယူကိုင်တွယ်ခဲ့ရသည်။ လီဝန်ဒေါစကီးသည် မှတ်တမ်းကောင်းမှာ တင်နိုင်ရန် အိမ်ကွင်း ၁၂ ဆက်ဂိုးသွင်းယူနိုင်သူဖြစ်လာရန် …

Read More »

ဘိုင်ယန်မြူးနစ်ကို နည်းပြမည်ဆိုသည်မှာ မဟုတ်မှန်ဟု ဂျိုချင်လော ရှင်းလင်းပြောဆို

zawgyi 1 ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဂျိုချင်လောသည် ၂၀၁၈ ကမ္ဘာ့ဖလားပြီးဆုံးသွားပါက လာမည့်ရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းကို တာဝန်ယူသွားနိုင်သည်ဆိုသည့် သတင်းများထွက်ပေါ်နေခြင်းအပေါ် ငြင်းချက်ထုတ်လိုက်သည်။ ထို့အပြင် ရီးရဲမက်ဒရစ်အသင်းကလည်း နည်းပြဇီဒန်း၏နေရာတွင် အစားထိုးရန်အတွက် ဆက်သွယ်မှုများ ရှိနေသည်ဟုသည် သတင်းများထွက်ပေါ်လာပြီးနောက် ဂျိုချင်လော၏ အနာဂတ်အရေးမှာ မသေမချာဖြစ်နေရသည်။ သတင်းများ၏ ဖော်ပြချက်အရ ဇီဒန်းသည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွက် ပီအက်စ်ဂျီအား ရှုံးနိမ့်ခဲ့ပါက ရာထူးမှ နှုတ်ထွက်ရန်ရှိနေသည်ဟု ဆိုသည်။ ဘိုင်ယန်မြူးနစ်အသင်းကလည်း ယခုနှစ်ဘောလုံးရာသီ တစ်ရာသီတည်းသာ တာဝန်ယူမည့် နည်းပြဟေးနက်၏ နေရာတွင်အစားထိုးရန်အတွက် ဂျိုချင်လောကို ကမ်းလှမ်းထားသည်ဟုလည်း သတင်းများ ထွက်ပေါ်လာပြန်သည်။ အဆိုပါသတင်းများ ထွက်ပေါ်နေခြင်းအပေါ် ဂျိုချင်လောက “ကျွန်တော် ဂျာမနီဘောလုံးအဖွဲ့ချုပ်နဲ့ စာချုပ်ချုပ် ထားတာက ၂၀၂၀ …

Read More »

ရီးရဲနဲ့ ဆက်သွယ်နေတဲ့ဆိုတဲ့သတင်းကို အပြတ်ငြင်းလိုက်တဲ့ လီဝန်ဒေါစကီး

zawgyi 1 ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကတော့ ရီးရဲနဲ့မက်ဒရစ်ကိုပြောင်းဖို့ ပြောဆိုတယ်ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အပြတ်အသတ်ကို ငြင်းဆိုလိုက်ပါပြီ။ မကြာသေးမီ ရက်ပိုင်းအတွင်းက စပိန်သတင်းဋ္ဌာနတစ်ခုဖြစ်တဲ့ မာကာက လီဝန်ဒေါစကီးဟာ ရီးရဲကို ပြောင်းလိုတယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၇၅ ပွဲမှာ ၁၃၅  ဂိုး သွင်းယူပေးထားတဲ့ လီဝန်ဒေါစကီးကတော့ ဒီကောလာဟလသတင်းကို ပယ်ချခဲ့ပါတယ်။ ဂျာမန်သတင်းစာတစ်ခုဖြစ်တဲ့ Bild ကို လီဝန်ဒေါစကီးက “ဒီလို ထင်ကြေးပေးမှုတွေကို နှစ်တိုင်းကြားခဲ့ရတာပါ။ ဒီကောလာဟလ သတင်းတွေက ကျွန်တော့်အတွက် အကျိုးမရှိပါဘူး။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒီထက်မပြောချင်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် လီဝန်ဒေါစကီးဟာ သူ့ရဲ့အေးဂျင့်ဖြစ်သူ ကူချက်စကီးဟာ သူနဲ့ပတ်သက်ပြီး ရီးရဲအသင်းထံ ဆက်သွယ်မှုတွေ …

Read More »

သူငယ်ငယ်က မန်ယူအမာခံပရိသတ်ပါလို့ ပြောလိုက်တဲ့ ဒေါ့မွန်က ပူလီဆစ်

zawgyi 1 ဒေါ့မွန်ကစားသမား ပူလီဆစ်ဟာ သူ့အနေဖြင့် မန်ယူအသင်းပရိသတ်ဖြစ်တယ်လို့ ပြောဆိုလိုက်တဲ့နောက်မှာ မန်ယူအနေနဲ့ ပူလီဆစ်ကို ခေါ်ယူနိုင်ရေးအတွက် ကောင်းမွန်တဲ့အလားအလာတွေ ဖြစ်လာမယ့်အနေအထား ဖြစ်နေပြီဖြစ်ပါတယ်။ ဒေါ့မွန်စတား ပူလီဆစ်က သူ့အနေနဲ့ ပရီးမီးယားလိဂ်ကို နှစ်သက်မှုရှိကြောင်းပြောခဲ့ပေမယ့် အသင်းကထွက်မယ့် အနေအထားရှိမရှိကိုမူ ပြောဆိုဖို့ငြင်းဆန်ခဲ့ပါတယ်။ ပူလီဆစ်ဟာ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးပေမယ့် ဘွန်ဒက်လီဂါမှာ သူ့ရဲ့ခြေစွမ်းပြကစားနေမှုများကြောင့် ကမ္ဘာ့ဘောလုံးလောကရဲ့ စိတ်လှုပ်ဖွယ်လူငယ်သွေးသစ်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံနေရတာလည်း ဖြစ်ပါတယ်။ ပူလီဆစ်အနေနဲ့ သူငယ်စဉ်က မန်ယူအသင်းပရိသတ် ဖြစ်ခဲ့ကြောင်းကိုလည်း “ဟုတ်၊ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က မန်ယူရဲ့အမာခံပရိသတ်ဖြစ်ခဲ့တာပါ။ လက်ရှိအချိန်မှာ ကျွန်တော်ဟာ ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်းရှိနေသေးလို့ ဘာအရာအတွက်မှ ကြိုတင်မစဉ်းစားချင်ပါဘူး။ ခုချိန်ကတော့ ဒေါ့မွန်အတွက်ပဲ အာရုံစိုက်နေပါတယ်’’လို့ ပြောခဲ့ပါတယ်။ …

Read More »

လီဝန်ဒေါစကီးရဲ့ ရီးရဲကိုပြောင်းရွှေ့လိုတဲ့ အိပ်မက်တွေ ဖြစ်လာတော့မှာလား

zawgyi 1 ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေသလို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့သွားနိုင်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ရော်နယ်ဒိုနဲ့ ဘင်ဇီမာတို့ရဲ့ အနာဂတ်အရေးက မသေချာသေးသလို ရီးရဲမက်ဒရစ်အသင်းကလည်း လာမယ့်အပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့လည်း ရှိနေပါတယ်။ မာကာသတင်းရဲ့ ဖော်ပြချက်အရ လီဝန်ဒေါစကီးအနေနဲ့ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားလိုရေးကို စဉ်းစားနေပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါသတင်းတွင် “ဘိုင်နယ်နဲ့ စာချုပ်သက်တမ်း ၂၀၂၁ ခုနှစ်အထိရှိနေတဲ့ လီဝန်ဒေါစကီးဟာ ဘိုင်ယန်နဲ့အတူ မှတ်တမ်းကောင်းများ ရေးထိုးသွားလိုနေသလို အခြားစိန်ခေါ်မှုတစ်ခုကိုလည်း လိုလားမှုရှိနေတယ်’’လို့ ရေးသားဖော်ပြထားပါတယ်။ လီဝန်ဒေါစကီးရဲ့ အေးဂျင့်ဖြစ်သူ ကူချာစကီးဟာလည်း ရီးရဲမက်ဒရစ်နဲ့ အကျွမ်းဝင်သူဖြစ်သလို သူ့တိုက်စစ်မှူးဟာ အသင်းကထွက်ခွာဖို့ရှိနေတယ်လို့လည်း မကြာခဏပြောဆိုမှုများလည်း ရှိနေခဲ့ပါတယ်။ ထိုသတင်းရဲ့ ဆက်လက်ဖော်ပြမှုအရ …

Read More »

ရော်ဘင်ခြေစွမ်းပြမှုနဲ့ ဆီမီးတက်နိုင်ခဲ့တဲ့ ဘိုင်ယန်။ ပါဒါဘွန် ၀-၆ ဘိုင်ယန် (ဟိုက်လိုက်)

ရော်ဘင်ရဲ့ ခြေစွမ်းပြမှုနဲ့ ဆီမီးရောက်ခဲ့တဲ့ ဘိုင်ယန် ပါဒါဘွန် ၀-၆ ဘိုင်ယန် (ဟိုက်လိုက်) ဘောလုံးသတင်း

Read More »

အူဘာမီယန်နောက်ပိုင်း ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်သူအဖြစ် ဘက်ရူအာရီ မှတ်တမ်းဝင်

zawgyi 1 ချဲလ်ဆီးအသင်းမှဒေါ့မွန်အသင်းသို့အငှားဖြင့်သွားရောက်ကစားခဲ့တဲ့ တိုက်စစ်မှူးဘက်ရူအာရီဟာ ဒေါ့မွန်အ သင်းအတွက် ပထမဦးဆုံးပါဝင်ကစားပေးခဲ့တဲ့ပွဲမှာပဲ ၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဘက်ရူအာရီဟာ ကိုလုံးအသင်းကို ၃-၂နဲ့နိုင်ခဲ့တဲ့ပွဲမှာတော့ အာဆင်နယ်အသင်းကို ထွက်ခွာသွားခဲ့တဲ့ တိုက် စစ်မှူးအူဘာမီယန်ရဲ့ရာမှာအစားထိုးဝင်ရောက်ကစားခဲ့ပြီး ခြေစွမ်းပြကာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အူဘာမီ ယန်ဒေါ့မွန်အသင်းကို စတင်ရောက်ရှိခဲ့တဲ့ ၂၀၁၃ ခုနှစ်ကလည်းအခုလို ပွဲဦးထွက်ပွဲမှာ ခြေစွမ်းပြဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။ အသက် ၂၄ နှစ်သာရှိနေသေးတဲ့ ဘက်ရူအာရီဟာ အပြောင်း အရွှေ့နောက်ဆုံးရက်မှသာ ချဲလ်ဆီးအသင်း ကနေဒေါ့မွန်အသင်းကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပွဲချိန် ၃၅ မိနစ်နဲ့ ၆၂ မိနစ်တို့မှာ ဂိုးသွင်းယူပေး နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အူဘာမီယန်ကတော့ ဒေါ့မွန်အသင်းနဲ့ပထမဦးဆုံးပွဲဦးထွက်ပါဝင်ကစားခဲ့တဲ့ ပွဲ မှာတော့ အော့ဘတ်အသင်းကို ဟတ်ထရစ်ဂိုးနဲ …

Read More »

ဒေါ့မွန်အသင်းနဲ့ ခြေစွမ်းစမ်းသပ်မှု ပြုရမှာကို စိတ်လှုပ်ရှားနေတဲ့ အူစိန်ဘို့

3 fonts zawgyi 1 အိုလံပစ် ရွှေ့တံဆိပ် ၈ ဆုရှင် အူစိန်ဘို့ဟာ သူ့ရဲ့ဘောလုံးစွမ်းရည်တွေကို ပြသနိုင်ဖို့အတွက် ဒေါ့မွန်အသင်းမှာ အစမ်းသပ်ခံရတော့မှာပါ။ ဒီစမ်းသပ်မှုဟာ မတ်လပိုင်းမှာ ပြုလုပ်မှာဖြစ်ပြီး ဘို့အတွက်တော့ ဒီစမ်းသပ်မှုပြုလုပ်ရမယ့် အနေအထားအပေါ်  စိတ်လှုပ်ရှားနေလောက်ပါပြီ။ အိုလံပစ် ရွှေတံဆိပ် ၈ ဆုကို ရယူထားခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် အူစိန်ဘို့ဟာ တာတိုအပြေးသမားဘ၀ကို  ပြီးခဲ့နှစ်က အနားယူခဲ့တာလည်းဖြစ်ပါတယ်။ ဘို့ဟာ ဒေါ့မွန်အသင်းနဲ့ ခြေစွမ်းစမ်းသပ်ရခြင်းက သူ့အနေနဲ့ ဘောလုံးကစားသမားဘ၀ကို ဆက်လက်လုပ်ဆောင်နိုင်မလား၊ မလုပ်နိုင်လောက်ဘူးလားဆိုတာကို အဆုံးအဖြတ်ပေးသွား လိမ့်မယ်လို့လည်း ဆိုခဲ့ပါတယ်။ အူစိန်ဘို့က “ဒါက ကျွန်တော်လုပ်ချင်တဲ့ အရာတစ်ခုပါ။ ဒေါ့မွန်မှာ ခြေစွမ်းစပ်သပ်မှု ပြုလုပ်ခြင်းက ကျွန်တော့်အတွက် …

Read More »

စတုဂတ်တို့ နည်းပြ ဟန်နက်ဝုဖ်နဲ့ လမ်းခွဲ

zawgyi 1 ဘွန်ဒက်လီဂါကလပ် စတုဂတ်အသင်းသည် အသင်းနည်းပြ ဟန်နက်ဝုဖ်နှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေငြာလိုက်သည်။ အသက် ၃၆ နှစ်အရွယ် ၀ုဖ်သည် စတုတ်ဂတ်အသင်းသို့ ၂၀၁၆ ခုနှစ်က စတင်ရောက်ရှိခဲ့ပြီး အသင်းကို ရောက်စနှစ်မှာပင် ဘွန်ဒက်လီဂါ ၂ ချန်ပီယံအဖြစ်ဖြင့် ဘွန်ဒက်လီဂါသို့ တန်းတက်နိုင်အောင် စွမ်းဆောင်ပေးခဲ့သည်။ သို့သော်လည်း ၀ုဖ်သည် ယခုနှစ်ရာသီတွင် အသင်းကိုပုံစံကောင်းများ ရရှိအောင်စွမ်းဆောင်ပေးထားနိုင်ခြင်း မရှိဘဲ နောက်ဆုံးကိုင်တွယ်ခဲ့သည့် လိဂ်ပွဲ ၇ ပွဲတွင် ၆ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ပလေ့အော့တန်းဆင်းဇုန်အသင်းနှင့် ၃ မှတ်အကွာသို့ ရောက်ရှိသွားခဲ့သည်။ ထို့အတွက်ကြောင့် စတုဂတ်အသင်းနှင့် ၀ုဖ်တို့ဆွေးနွေးတိုင်ပင်ပြီး နှစ်ဦးသဘောတူ လမ်းခွဲခဲ့သည်ဟု အသင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ စတုဂတ်အသင်သည် ဖေဖော်ဝါရီ …

Read More »