Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / England / Premier League / West Ham United

West Ham United

ဆာလာ၊ မာနေး၊ ဖာမီနိုတို့ဂိုးတွေနဲ့ နိုင်ပွဲယူခဲ့တဲ့ လီဗာပူး လီဗာပူး ၄-၁ ၀က်စ်ဟမ်း (ဟိုက်လိုက်)

ဆာလာ၊ မာနေး၊ ဖာမီနိုတို့ဂိုးတွေနဲ့ နိုင်ပွဲယူခဲ့တဲ့ လီဗာပူး လီဗာပူး ၄-၁ ၀က်စ်ဟမ်း (ဟိုက်လိုက်) ဘောလုံးသတင်း

Read More »

အီဗရာကို ၀က်စ်ဟမ်းတို့ ခေါ်ယူလိုက်ပြီ

zawgyi 1 ၀က်စ်ဟမ်းအသင်းသည် မန်ယူအသင်းကစားသမားဟောင်း အီဗရာကို ၂၀၁၈ ခုနှစ် ဇွန်လကုန်အထိ သက်တမ်းရှိစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီဖြစ်ကြောင်း သိရသည်။ အီဗရာသီ ၀က်စ်ဟမ်းအသင်းတွင် ကျောနံပါတ် ၂၇ ၀တ်ဆင်ကစားသွားမည်ဖြစ်ပြီး မန်ယူအသင်းတွင် လက်တွဲခဲ့ဖူးသူ နည်းပြ မိုယေးစ်လက်အောက်တွင် ပြန်လည်ကစားခွင့် ရရှိတော့မည်လည်းဖြစ်သည်။ အီဗရာက “၀က်စ်ဟမ်းမှာ ကစားခွင့်ရလို့ ပျော်မိသလို ပရီးမီးယားလိဂ်မှာ ပြန်လည်ကစားခွင့်ရလို့လည်း ကျေနပ်မိပါတယ်။ ကျွန်တော့်ကို အခွင့်အရေးတွေပေးခဲ့တဲ့ ၀က်စ်ဟမ်းအသင်းကိုလည်း ကျေးဇူးတင်မိပါတယ်’’ဟု ပြောဆိုခဲ့သည်။ မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်နှင့် ချန်ပီယံလိဂ်ဖလားတို့ကို ရယူထားနိုင်ခဲ့သူ အသက် ၃၆ နှစ်အရွယ် အီဗရာသည် ယခုနှစ်ဘောလုံးရာသီအစောပိုင်းက မာဆေးပရိသတ်တစ်ဦးအား ကန်ကြောက်ခဲ့သဖြင့် မာဆေးအသင်းမှ ထုတ်ပယ်ခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူလည်း …

Read More »

အီဗရာကို ခေါ်ယူရန် ၀က်စ်ဟမ်းတို့ ဆွေးနွေးနေ

zawgyi 1 ၀က်စ်ဟမ်းအသင်းသည် မန်ယူအသင်း ကစားသမားဟောင်းဖြစ်သူ အီဗရာကို ပြောင်းရွှေ့ကြေးမဲ့ဖြင့် ခေါ်ယူရန် စောင့်ကြည့်လေ့လာမှုများ ပြုလပ်နေသည်။ အသက် ၃၆ နှစ်အရွယ် အီဗရာသည် ယူအီးအက်ဖအေမှ မာဆေးအသင်းပရိသတ်တစ်ဦးအား ကန်ကြောက်ခဲ့သည့်အတွက် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသော်လည်း ပရီးမီးယားလိဂ်တွင် ကစားခွင့် ရရှိမည်လည်းဖြစ်သည်ဟု သိရသည်။ ထိုအဖြစ်အပျက်ကြောင့်ပင် မာဆေးအသင်းက အီဗရာဟာ အသင်းမှ ထုတ်ပယ်ခဲ့သည်။ သို့သော်လည်း အီဗရာကမူ ထိုစဉ်မှစ၍ လေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်နေခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် အင်္ဂါနေ့တွင် အီဗရာသည် ၀က်စ်ဟမ်းအသင်း၏ လေ့ကျင့်ရေးကွင်းသို့ လာရောက်လည်ပတ်ခဲ့သည်။ ထို့အချက်မှာ အီဗရာနှစ့် ၀က်စ်ဟမ်းတို့ သဘောတူညီမှု ရရှိရန်နီးစပ်မှုရှိနေသည်ဟု သုံးသပ်ရနိုင်မည့် အနေအထားဖြစ်နေသည်။ unicode 1 အီဗရာကို …

Read More »

အက်ဖ်အေမှ ၀က်စ်ဟမ်းကစားသမား မက်ဆူကူကို ၆ ပွဲပယ် ပြစ်ဒဏ်ချမှတ်

zawgyi 1 စနေနေ့ညပိုင်းတွင် အက်ဖ်အေဖလားပွဲစဉ်အဖြစ် ၀ီဂန်နှင့် ၀က်စ်ဟမ်းတို့ ကစားခဲ့သည့်ပွဲစဉ်တွင် ၀က်စ်ဟမ်း ကစားသမား မက်ဆူကူသည် ပြိုင်ဘက်ကစာသမားတစ်ဦးအား တံတွေးဖြင့်ထွေးခဲ့သည့်အတွက် အက်ဖ်အေမှ ၆ ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်သည်။ အဆိုပါပွဲ၏ ဒုတိယပိုင်းစပြီး မကြာမီတွင် မက်ဆူကူသည် နစ်ပိုဝဲလ်၏  ဘောလုံးဖျက်ထုတ်မှုအပေါ် ပြန်လည်တုန့်ပြန်ခဲ့မှုနှင့်ပတ်သက်ပြီး ကွင်းလယ်ဒိုင်မှ အနီကတ်ပြသခဲ့ပြီး ကွင်းအတွင်းမှ ထုတ်ပယ်ခဲ့သည်။ အဆိုပါဖြစ်ရပ် နှင့်ပတ်သက်ပြီး အသင်းနည်းပြ မိုယေးစ်ကလည်း သူ့ကစားသမား၏ လုပ်ရပ်မှာ စက်ဆုတ်ဖွယ်ဖြစ်ခဲ့သည်ဟု ဆိုသည်။ တနင်္ဂနွေတွင် မက်ဆူကူသည် သူ၏အပြုအမူနှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှတစ်ဆင့် တောင်းပန်စကားဆိုခဲ့ သည်။ သို့သော်လည်း အက်ဖ်အေကမူ မက်ဆူကူအား ၆ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။ unicode 1 အကျဖျအမှေ …

Read More »

ဝက်စ်ဟမ်းအသင်းမှ ထွက်ခွာရန် စီစဉ်နေသည့် ဟာနန်ဒက်

zawgyi 1 ၀က်စ်ဟမ်းတိုက်စစ်မှူး ဟာနန်ဒက်သည် ယခုဇန်န၀ါရီအပြောင်းအရွှေ့အတွင်း အသင်းပြောင်းရွှေ့ရန် ရှိနေသည်ဟု သူ၏အေးဂျင့်ဖြစ်သူက ပြောဆိုလိုက်သည်။ မက္ကဆီကို လက်ရွေးစင်တိုက်စစ်မှူး ဟာနန်ဒက်သည် ၀က်စ်ဟမ်းအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ ပွဲ ကစားထားခဲ့ရာတွင် ၅ ဂိုးသွင်းယူထားခဲ့သော်လည်း မိုယေးစ်ကိုင်တွယ်ပြီးနောက်ပိုင်း ပွဲထွက်ခွင့် တစ်ပွဲသာ ရရှိခဲ့သည်။ ၀က်စ်ဟမ်းအနေဖြင့်လည်း ဟာနန်ဒက်အား ကမ်းလှမ်းမည့်အသင်းကို စောင့်မျှော်နေသလို ဟာနန်ဒက်၏ အေးဂျင့်ဖြစ်သူကလည်း သူ့ကစားသမားကို ခေါ်ယူလိုသည့်အသင်းများစွာ ရှိနေသည်ဟု ဆိုခဲ့သည်။ ဟာနန်ဒက်၏ အေးဂျင့်ဖြစ်သူက “ဟာနန်ဒက်ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့အသင်းများစွာ ရှိပါတယ်။ သူကလူတိုင်းသိတဲ့ ကစားသမားတစ်ဦးပါ။ ကျွန်တော်တို့ ဦးစားပေးရွေးချယ်မယ့်အသင်းက ဟာနန်ဒက်အတွက် ကစားခွင့်များများရမယ့် အသင်းပါ။ ဒါကလည်း သူ့အတွက် အရမ်းကိုအရေးကြီးတဲ့ အချက်ပဲလေ။ …

Read More »

ပရီးမီးယားလိဂ်ကို နာဆရီ ပြန်ရောက်လာတော့မှာလား

zawgyi 1 ၀က်စ်ဟမ်းအသင်းဟာ မန်စီးတီးကစားသမားဟောင်း နာဆရီကို ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ် ကွင်းလယ်ကစားသမား နာဆရီဟာ မန်စီးတီးအသင်းမှာ ၆ နှစ်ကြာက ကစားခဲ့ပြီးတဲ့နောက်မှာ တူရကီကလပ် အန်တဲလ်ယာစပေါ ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ ၀က်စ်ဟမ်းအသင်း ဘုတ်အဖွဲ့ဝင်ဖြစ်သူ အရီစီက “နာဆရီနဲ့ လက်တွဲနိုင်ဖို့အတွက် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပြီးပါပြီ။ သူ့ရဲ့မန်နေဂျာဟာ အသင်းကိုလာပြီး ငွေရေးကြေးရေးနဲ့ အခြားအရာတွေအတွက် ဆွေးနွေးမှုတွေ  လာရောက်ပြုလုပ်လာပါလိမ့်မယ်’’ဟု ပြောသွားသည်။ ၀က်စ်ဟမ်းအသင်းသည် အင်တာမီလန်ကစားသမား မာရီယိုကို အငှားဖြင့်ခေါ်ယူနိုင်ရေးအတွက်လည်း သဘောတူညီမှု ရရှိမည့်အနေအထားတွင် ရှိနေပြီး ဘလော့ညာကစားသမား မာဆီနာကိုခေါ်ယူရန်လည်း ဆွေးနွေးနေသည်ဟု သိရသည်။ ဘောလုံးသတင်း unicode ပရီးမီးယားလိဂကြို နာဆရီ ပွနျရောကျလာတော့မှာလား …

Read More »


zawgyi 1 ၀က်စ်ဟမ်းအသင်းဂိုးသမား ဂျိုးဟတ်သည် လာမည့်နှစ်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခွင့်ရရှိနိုင်ရေးအတွက် အီတလီသို့ အငှားဖြင့်သွားရောက် ကစားရန်ဆန္ဒရှိနေသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဂျိုးဟတ်သည် ၀က်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့ကစားနေသော်လည်း ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေသည့် အတွက် လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခွင့်ရရန် မသေချာသည့်အနေအထားတွင် ရှိနေသည်။ ဂျိုးဟတ်နှင့် ရင်းနှီးသည့် မိတ်ဆွေတစ်ဦး၏ ပြောဆိုချက်အရ မှန်ကန်သည့်အခွင့်အရေး ရလာပါက အီတလီ စီးရီးအေကလပ်အသင်းတစ်သင်းသို့  ပြောင်းရွှေ့လိုကြောင်း ပြောခဲ့သည်ဟုဆိုသည်။ ဂျိုးဟတ်သည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီကလည်း စီးရီးအေကလပ် တိုရီနိုအသင်းထံ အငှားဖြင့် သွားရောက်ကစားခဲ့ပြီး စွမ်းဆောင်မှုကောင်းများ လုပ်ပေးနိုင်ခဲ့သည်။ unicode အီတလီကို ပြန်လည်ပြောင်းလိုသည့် ဂျိုးဟတ် ဝက်စ်ဟမ်းအသင်းဂိုးသမား ဂျိုးဟတ်သည် လာမည့်နှစ်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခွင့်ရရှိနိုင်ရေးအတွက် …

Read More »


zawgyi 1 ၀က်စ်ဟမ်းအသင်းနည်းပြ မိုယေးစ်သည် လာမည့်အင်္ဂါနေ့ညတွင် အာဆင်နယ်အသင်းနှင့်ကစားမည့် လိဂ်ဖလားပွဲတွင် ဂိုးသမားဂျိုးဟတ်ပွဲထွက်ခွင့်ရရှိမည်ဖြစ်ကြောင်း အတည်ပြုပြောဆိုလိုက်သည်။ မန်စီးတီးအသင်းမှ ၀က်စ်ဟမ်းသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့လာခဲ့သည့် ဂျိုးဟတ်မှာ နိုဝင်လအတွင်းက အဲဗာတန်အသင်းအား ၄ ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်ပွဲပြီးသည့်နောက် ပွဲထွက်ကစားခွင့်မရဖြစ်နေခဲ့ရသည်။ မိုယေးစ်သည် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ဂျိုးဟတ်အဟား အက်ဒရီယန်ကို အသုံးပြုခဲ့သည်။ အက်ဒရီယန်မှာလည်း ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီးနောက် ၃ ပွဲဂိုးမပေးအောင် စွမ်းဆောင်နိုင်ခဲ့သလို လက်စွမ်းကောင်းများလည်း ပြသထာခဲ့သည်။ မိုယေးစ်က “ဂျိုးဟတ် အာဆင်နယ်နဲ့ပွဲမှာ သေချာပေါက် ပွဲထွက်ကစားခွင့်ရမှာပါ။ သူ့အနေနဲ့ အလွန်ကောင်းတဲ့ ကစားသမားဖြစ်သလို ဒီပွဲမှာကစားဖို့လည်း အဆင်သင့်ဖြစ်နေပါတယ်’’ဟု ပြေသွားသည်။ unicode အာဆင်နယ်နှင့်ပွဲတွင် ဂျိုးဟတ်ပွဲထွက်ခွင့်ရမည် ဝက်စ်ဟမ်းအသင်းနည်းပြ မိုယေးစ်သည် လာမည့်အင်္ဂါနေ့ညတွင် အာဆင်နယ်အသင်းနှင့်ကစားမည့် လိဂ်ဖလားပွဲတွင် …

Read More »

ဂျိုးဟတ်အနေနဲ့ ၀က်စ်ဟမ်းမှာ နေရာမရရင် ကမ္ဘာ့ဖလားပါဝင်ခွင့်ရမှာမဟုတ်ပါဘူး

zawgyi 1 အာဆင်နယ်အသင်းတိုက်စစ်မှူးဟောင်းဖြစ်သူ ပေါလ်မာဆင်က ၀က်စ်အသင်းတွင် ပွဲထွက်ဂိုးသမားနေရာ ဆုံးရှုံးသွားခဲ့ရသည့် ဂျိုးဟတ်အနေဖြင့် ၂၀၁၈ ခုနှစ်တွင်ကျင်းပပြုလုပ်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်လက် ရွေးစင်အသင်း၏ အဓိကဂိုးသမားနေရာကို ဆုံးရှုံးရဖွယ်ရှိနိုင်သည်ဟု ဆိုလိုက်သည်။ ၀က်စ်ဟမ်းအသင်း နောက်ဆုံးကစားခဲ့သည့် ၂ ပွဲတွင် ပွဲထွက်ဂိုးသမားအဖြစ် အက်ဒရီယန်ကို အသုံးပြုခဲ့ပြီး ဂျိုးဟတ်အနေဖြင့် ၀က်စ်ဟမ်းက ချဲလ်ဆီးအား ၁-၀ ဖြင့်အနိုင်ရခဲ့သည့်ပွဲတွင်လည်း အရန်ခုံတွင်သာ ထိုင်ခဲ့ရသည်။ ထို့အတွက်ကြောင့် ဂျိုဟတ်အနေဖြင့် ၀က်စ်ဟမ်းအသင်း၏ ပွဲထွက်ဂိုးသမား ပြန်လည်ဖြစ်လာနိုင်ရေးအတွက် ကြိုးစားသွားစေလိုကြောင်းနှင့် ယခုအတိုင်းသာ ဆက်လက်ဖြစ်နေမည်ဆိုပါက အဂ်လန်လက်ရွေးစင်အသင်း၏ ပွဲထွက်ဂိုးသမားအဖြစ်ပါ လက်လွတ်ရဖို့ရှိကြောင်းကို မာဆင်က ဆိုခဲ့သည်။ မာဆင်က “ဂိုးသမားတွေဆိုတာ တိုက်စစ်မှူးတွေနဲ့ မတူပါဘူး။ တိုက်စစ်မှူးတွေကတော့ သူ့နေရာမှာ အစားထိုး …

Read More »

အရေးပေါ်ဖုန်းနံပါတ်ကို အော်ဟစ်နေသည့်ဝက်စ်ဟမ်းပရိသတ်များကို ရဲဋ္ဌာန သတိပေး

ဝက်စ်ဟမ်းအသင်းပရိသတ်များသည် အသင်းရလဒ်များဆိုးရွားနေမှုကို မကျေနပ်သည့်အနေဖြင့် အရေးပေါ်နံပါတ် ၉၉၉ ကို ဟော်ဟစ်မှုများပြုလုပ်ခဲ့ရာ အဆိုပါအော်ဟစ်မှုများ ထပ်မံမပြုလုပ်ရန် ၀က်စ်ဟမ်းအသင်းအား ရဲဋ္ဌာနမှသတိပေးလိုက်ပြီဖြစ်သည်။ ၀က်စ်ဟမ်းအသင်းသည် နည်းပြသစ်မိုးယေးစ်၏ ပထမဆုံးကိုင်တွယ်သည့်ပွဲတွင်လည်း ၀က်ဖို့ဒ်အသင်းအား ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ အသင်းပရိသတ်အများစုသည် အသင်း၏လက်ရှိရလဒ်များဆိုးရွားနေမှုကို မကျေနပ်သည့်အတွက် ယခုကဲ့သလို့ ဟော်ဟစ်နေခြင်းဖြစ်သော်လည်း ရဲဋ္ဌာနကမူ အများပြည်သူသုံးအရေးပေါ်ဖုန်းနံပါတ်ကို မဟော်ဟစ်ကြဖို့ သတိပေးစကားဆိုလိုက်ခြင်းဖြစ်သည်။ ရဲအရေးဆိုင်ရာ အရေးပေါ်ဖုန်းဋ္ဌာန၏ တွစ်တာအကောင့်တွင် ‘’ ၀က်စ်ဟမ်းအသင်း ထပ်ပြီးရှုံးခဲ့လို့ ၉၉၉ ကို ဖုန်းခေါ်လာတာမျိုးတွေလည်းရှိနေပါတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ အချိန်တွေကို ဖြုန်းတီးနေသလိုဖြစ်နေ ပါတယ်။ #၉၉၉ ခေါ်ဆိုတာက အရေးပေါ်အခြေအနေတစ်ခုတည်းအတွက်ပါ’’ဟု ရေးသားဖော်ပြထားသည်။ ၀က်ဖို့ဒ်အား ၂-၀ ဖြင့်ရှုံးခဲ့သည့်ပွဲတွင်လည်း အသင်းပရိသတ်များက ‘’အသင်းဘုတ်အဖွဲ့ကို …

Read More »