Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / England / Premier League / Tottenham Hotspur

Tottenham Hotspur

စပါးစ်တို့ ကိန်းကို ထိန်းထားနိုင်ဖို့ ခက်ခဲလိမ့်မည်ဟု ဖာဒီနန်ပြော

zawgyi 1 ဥရောပထိပ်သီးကလပ် တစ်သင်းမှာ ကိန်းအားခေါ်ယူရန် ကမ်းလှမ်းမှုများပြုလုပ်လာပါက စပါးစ်တို့ ကိန်းအား အသင်းတွင်ဆက်လက်ရှိနေစေရေး ထိန်းချုပ်ရန်ခက်ခဲမှုများ ရှိလာနိုင်သည်ဟု လက်စ်ဖာဒီနန်က ပြောဆိုခဲ့သည်။ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးကိန်းသည် ယခုနှစ်ဘောလုံးရာသီတွင် ခြေစွမ်းကောင်းများ ပြသထားသလို ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး ကစားသမားစာရင်းတွင်လည်း သွင်းဂိုး ၂၃ ဂိုးဖြင့် ဦးဆောင်နေသည်။ လွန်ခဲ့သည့် ၄ နှစ်မှစတင်ပြီး ကိန်း၏ခြေစွမ်းပြသ လာမှုများကြောင့် သူ့အားခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းများစွာရှိနေသည်။ ထို့အပြင် စပါးစ်အသင်းတိုက်စစ်မှူးဟောင်း ဖာဒီနန်အနေဖြင့်လည်း ကိန်းအား ဥရောပထိပ်သီးအသင်းများမှ ကမ်းလှမ်းလာခဲ့ပါက စပါးစ်တို့အခက်ကြုံရနိုင်သည်ဟုလည်း ထင်နေသည်။ ဖီဒီနန်က “အသင်းမှာ ထိပ်တန်းကစားသမားတစ်ဦး ရှိနေပြီး အဲဒီကစားသမားကို အသင်းတွေက ကမ်းလှမ်းမှုတွေ ပြုလုပ်လာမယ်ဆိုရင် စပါးစ်အနေနဲ့ အဲဒီအသင်းတွေကို …

Read More »

အစဉ်အလာကို မဖျက်တဲ့ စပါးစ်။ သရေကျပြန်ပြီ။ ရိုချာဒဲလ် ၂-၂ စပါးစ် (ဟိုက်လိုက်)

အစဉ်အလာကို မဖျက်တဲံ စပါးစ်။ သရေကျပြန်ပြီ။ ရိုချာဒဲလ် ၂-၂ စပါးစ် (ဟိုက်လိုက်) ဘောလုံးသတင်း

Read More »

အမ်မရီကန် ထွက်ခွာဖို့ရှိနေလို့ ၀မ်ယာမာကို ခေါ်ယူဖို့ လီဗာပူးစိတ်ဝင်စားနေ

zawgyi 1 လီဗာပူးအသင်းသည် စပါးစ်ကွင်းလယ် ကစားသမား ၀မ်ယာမာအား ခေါ်ယူရန် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေသည်။ စပါးစ်အသင်းနည်းပြ ပိုချက်တီက ဒဏ်ရာမှပြန်လည်သက်သာလာသည့် ၀မ်ယာမာအား ပွဲအသုံးပြုမှု နည်းပါးနေသည့် ကင်ညာလက်ရွေးစင်ကစားသမား ၀မ်ယာမာအား မန်ယူနှင့် ချဲလ်ဆီးအသင်းတို့ကလည်း စိတ်ဝင်စားနေကြသည်။ ၀မ်ယာမာသည် ဒူးဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့ပြီးနောက် ၀င်ဘယ်ဒန်၊ နယူးပေါ့တို့နှင့် ကစားခဲ့သည့် အက်ဖ်အေဖလားပြိုင်ပွဲများတွင်သာ  ပွဲထွက်ဖြစ်ကစားခွင့်ရရှိနေပြီး အခြားပွဲစဉ် ၈ ပွဲတွင်မူ လူစားဝင်ကစားသမားအဖြစ်သာ ကစားခဲ့ရသည့် ပွဲစဉ်များက များခဲ့သည်။ အဆိုပါပွဲစဉ်များအနက် ပွဲကစားခွင့် ၁၂ မိနစ်သာရရှိခဲ့ပြီး လီဗာပူးအသင်းနှင့် စပါးစ်တို့ ၂ ဂိုးစီသရေကျခဲ့သည့်ပွဲတွင် ပွဲအဖြေကို ပြောင်းလဲနိုင်ခဲ့သည်။ လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျရတ်ကလည်း လီဗာပူးအသင်းအနေဖြင့် ကွင်းလယ်ကစားသမား တစ်ဦးကို …

Read More »

ဟယ်ရီကိန်း ခြေကျင်းဝတ်လည်လို့ ဒဏ်ရာရခဲ့တယ်လို့ ပိုချက်တီနိုအတည်ပြု

zawgyi 1 စပါးစ်အသင်းနည်းပြ ပိုချက်တီနိုက အသင်း၏အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းမှာ ဂျူဗင်တပ်နှင့်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် ခြေကျင်းဝတ်လည်သွားခဲ့ကြောင်း ပြောဆိုခဲ့သည်။ ဂျူဗင်တပ်နှင့် ၂ ဂိုးစီ သရေကျခဲ့သည့်ပွဲတွင် ကိန်းမှာအသင်းအတွက် တစ်ဂိုးသွင်းယူထားခဲ့သလို ပွဲချိန်ပြည့်လည်း ကစားခဲ့သည်။ သို့သော်လည်း ရိုချာဒဲအသင်းနှင့် ကစားရမည့် အက်ဖ်အေဖလားပြိုင်ပွဲတွင်မူ ဒဏ်ရာကြောင့် ပါဝင်လာနိုင်ဖွယ် မရှိဖြစ်နေသည်။ အသင်းနည်းပြ ပိုချက်တီနိုကမူ “ကိန်း ခြေကျင်းဝတ် လည်သွားခဲ့ပြီး ပြင်းထန်တဲ့ဒဏ်ရာ ရခဲ့တာပါ။ မနက်ဖန်မှပဲ သူအခြေအနေအကို သိရမှာဖြစ်ပေမယ့် ပွဲထွက်ပါလာဖို့တော့ ရှိနေပါတယ်။ ရာနှုန်းပြည့် ကြံ့ခိုင်မှုမရှိခဲ့ဘူးဆိုရင် ပွဲချိန်ပြည့်ပါဝင်ကစားနိုင်ဖို့ မရှိဘူးဆိုရင်တော့ အရန်ုခံမှာပဲ ရှိနေမှာပါ။ သူ့အခြေအနေအပေါ် မူတည်ပြီး လုပ်ဆောင်သွားမှာပါ။ သူဒဏ်ရာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတော့ မရှိပါဘူး။ …

Read More »

ပိုချက်တီနိုကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စပါးစ်တို့ အဆင်သင့်ဖြစ်

zawgyi 1 စပါးစ်အသင်းသည် အသင်းနည်းပြ ပိုချက်တီနိုအား အသင်းတွင် နှစ်ရှည်ရှိနေစေရေးအတွက် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်စိတ်ဝင်စားနေသည်ဟု သတင်းတစ်ရပ်တွင် ရေးသားဖော်ပြထားသည်။ လန်ဒန်မြောက်ပိုင်း ကလပ်အသင်း စပါးစ်သည် လာမည့်နှစ်ဘောလုံးရာသီတွင် ပေါင်သန်း ၈၅၀ တန် ကွင်းကြီးသို့ အိမ်ကွင်းအဖြစ် ပြောင်းလဲသတ်မှတ်ကစားသွားမည်ဖြစ်ပြီး အသင်းနည်းပြ ပိုချက်တီနိုကိုလည်း အသင်းတွင် ဆက်လက်ရှိနေစေသည့် ဆန္ဒရှိနေသည်။ နည်းပြ ပိုချက်တီနိုသည် စပါးစ်အသင်းနည်းပြအဖြစ် ၂၀၁၄ ခုနှစ်မှစတင်ပြီး နည်းပြ တင်ရှားဝုဒ်နေရာတွင် အစားထိုးရောက်ရှိလာပြီး အနာဂတ်တွင် ရီးရဲမက်ဒရစ်နှင့် ပီအက်စ်ဂျီအသင်းနည်းပြ ဖြစ်လာမည့်သူဟုလည်း သတ်မှတ်ခြင်းခံနေရသည်။ ပိုချက်တီနိုသည် ၂၀၁၆ ခုနှစ်က တစ်နှစ် ၅.၅ သန်းတန်ကြေးရှိစာချုပ်ဖြင့် ၅ နှစ်သက်တမ်း ချုပ်ဆိုထားခဲ့သည်။ သို့သော်လည်း စပါးစ်အသင်းသည် …

Read More »

ကိန်း စံချိန်သစ်တင်နိုင်ခဲ့သလို ဂျူဗင်တပ်အသင်းလည်း စံချိန်များထပ်မံတင်နိုင်ခဲ့

zawgyi 1 စပါးစ်တိုက်စစ်မှူး ဟယ်ရီကိန်းသည် ဂျူဗင်တပ်နှင့် ၂ ဂိုးစီ သရေကျခဲ့သည့်ပွဲတွင် အသင်းတွက်သွင်းဂိုး တစ်ဂိုး သွင်းယူခဲ့ပြီးနောက် ချန်ပီယံလိဂ်ပွဲဦးထွက် ၉ ပွဲကစားပြီး ၉ ဂိုးအထိ သွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပြန်သည်။ ဂျူဗင်တပ်တို့ ပွဲစ ၉ မိနစ်မှာပင် ၂ ဂိုးပြတ်ဦးဆောင်ခဲ့ပြီးနောက် ပထမပိုင်းမှာပင် ကိန်းသည် အသင်းအတွက် အဖိုးတန်ချေပဂိုး တစ်ဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့သည်။ ထို့နောက် အီရစ်ဆင်မှ တစ်ဂိုးထပ်မံသွင်းယူခဲ့သဖြင့် ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ကိန်းသည် ယမန်နေ့ညပိုင်းတွင် ဂိုးသွင်းယူခဲ့ခြင်းကြောင် ယခင်က ချန်ပီယံလိဂ်ပွဲဦးထွက် ၉ ပွဲတွင် ၈ ဂိုးအထိ သွင်းယူထားသူများဖြစ်သည့် ရော်နယ်ဒင်ဟို၊ ဆီမြွန်နီ၊ …

Read More »

ပင်နယ်တီလွဲချော်ခဲ့တဲ့ ဟီဂွာရင်ကြောင့် သရေကျခဲ့ရတဲ့ ဂျူဗင်တပ် ဂျူဗင်တပ် ၂-၂ စပါးစ် (ဟိုက်လိုက်)

ပင်နယ်တီလွဲချော်ခဲ့တဲ့ ဟီဂွာရင်ကြောင့် သရေကျခဲ့ရတဲ့ ဂျူဗင်တပ် ဂျူဗင်တပ် ၂-၂ စပါးစ် (ဟိုက်လိုက်) ဘောလုံးသတင်း

Read More »

ကိန်းဟာ အစားထိုးလို့မရတဲ့သူဖြစ်သလို မက်ဆီ၊နေမာ၊ ရော်နယ်ဒိုတို့နဲ့ အဆင့်တူညီနေတယ်လို့ ချီလီနီပြော

zawgyi 1 ဂျူဗင်တပ်နောက်တန်းကစားသမား ချီလီနီက စပါးစ်တိုက်စစ်မှူး ကိန်းသည် အစားမထိုးနိုင်သော ကစားသမားတစ်ဦးဟု ချီးကျူးပြောဆိုခဲ့သလို ရော်နယ်ဒို၊ မက်ဆီနဲ့ နေမာတို့နဲ့ အဆင့်တူအနေအထား ဖြစ်နေတယ်လို့ မြှောက်ပင့်စကား ဆိုခဲ့ပါတယ်။ ကိန်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် ဂျူဗင်တပ်အသင်းနဲ့ ယနေ့ညမှာ ကစားရမှာဖြစ်လို့ ခံစစ်မှူး ချီလီနီနဲ့ ထိပ်တိုက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။ ချီလီနီကတော့ ကိန်းဟာ တန်ဖိုးဖြတ်လို့မရနိုင်ကြောင်း သို့သော်လည်း ရီးရဲမက်ဒရစ်အသင်းက ကမ်းလှမ်းမှုများ ရှိလာခဲ့ရင် စပါးစ်ပရိသတ်များအနေနဲ့ ကိန်းကိုဆုံးရှုံးရဖွယ်ရှိနေကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။ ချီလီနီက “ကိန်းဟာ ကမ္ဘာ့ဘောလုံးရပ်ဝန်းမှာတော့ ထိပ်တန်းကစားသမား တစ်ဦးအဖြစ် ရှိနေသူပါ။ ပြီးခဲ့တဲ့နှစ်က  သူသွင်းယူထားခဲ့တဲ့ဂိုးတွေက သူဟာဒီအဆင့်မှာ အကောင်းဆုံးရှိနေတယ်ဆိုတာကို ပြသထားပြီးဖြစ်ပါတယ်။ မက်ဆီ၊ ရော်နယ်ဒို၊ …

Read More »

စပါးစ်နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲတွင် ဒိုင်ဘာလာမပါနိုင်

zawgyi 1 ဂျူဗင်တပ်အသင်းကစားသမား ဒိုင်ဘာလာသည် တံကောက်ကြောဒဏ်ရာမှ  သက်သာလာခဲ့ခြင်း မရှိသည့်အတွက် စပါးနှင့်ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့ပွဲစဉ်တွင် ယှဉ်ပြိုင်ကစားမည့် ဂျူဗင်တပ်အသင်း ကစားသမားစာရင်းတွင် ပါဝင်လာခဲ့ခြင်းမရှိခဲ့ပေ။ ဒိုင်ဘာလာသည် တနင်္လာနေ့တွင်ပြုလုပ်ခဲ့သည့် လေ့ကျင့်မှုများတွင် ပါဝင်လာခဲ့ခြင်းကြောင့် စပါးနှင့် ကစားရမည့်ပွဲစဉ်တွင် ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော်လည်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် နည်းပြအယ်လီဂရီမှ အသင်းကစားသမားစာရင်းကို ထုတ်ပြန်ကြေငြာခဲ့ချိန်တွင် ဒိုင်ဘာလာပါဝင်လာခဲ့ခြင်းမရှိခဲ့ပေ။ စပါးစ်အသင်းနည်းပြ ပိုချက်တီနိုက ဂျူဗင်တပ်ကစားသမားစာရင်း မထုတ်ပြန်ရသေးခင်အချိန်က ဒိုင်ဘာလာမှာ  ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးပြောဆိုမှုများလည်း ရှိခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် ဒိုင်ဘာလာမှာ ချန်ပီယံလိဂ်ပွဲကစားရမည့် အပြီးသတ်ထုတ်ပြန်ခဲ့သည့် ကစားသမားစာရင်းတွင် ပါဝင်လာခဲ့ခြင်းမရှိခဲ့ပေ။ unicode 1 စပါးစျနှငျ့ကစားမညျ့ …

Read More »

ဒိုင်ဘာလာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေအနက်က တစ်ဦးပါ – ပိုချက်တီနို

zawgyi 1 စပါးစ်အသင်းနည်းပြ ပိုချက်တီနိုက ဂျူဗင်တပ်အသင်း ကစားသမား ဒိုင်ဘာလာသည် ကမ္ဘာ့အကောင်းဆုံး ကစားသမားများအနက် တစ်ဦးဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။ ပိုချက်တီနို ကိုင်တွယ်သည့် စပါးစ်အသင်းသည် အင်္ဂါနေ့ညပိုင်းတွင် ဂျူဗင်တပ်အိမ်ကွင်းသို့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်အဖြစ် သွားရောက်ကစားရမည်ဖြစ်ပြီး အဆိုပါဂျူဗင်တပ်အသင်းတွင် ဒိုင်ဘာလာရှိနေသည်။ အသက် ၂၄ နှစ်အရွယ် ဒိုင်ဘာလာသည် သောကြာနေ့၌ ကစားခဲ့သည့် ဂျူဗင်တပ်အသင်းက ဖီိယိုရင်တီးနားအသင်းအား အနိုင်ရခဲ့သည့်ပွဲတွင် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိသော်လည်း စပါးစ်နည်းပြ ပိုချက်တီနိုကမူ ၎င်းတို့နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲတွင် ပါဝင်လာနိုင်သည်ဟု မျှော်လင့်နေသည်။ ပိုချက်တီနိုက “ဒိုင်ဘာလာဟာ ဒဏ်ရာကပြန်သက်နေလိမ့်မယ်လို့ ထင်သလို ခုပွဲမှာပါဝင် လာမယ့်လို့လည်း ထင်မိပါတယ်။ ဒိုင်ဘာလာဟာ ကျွန်တော်တို့အသင်းအတွက် အခက်တွေ့စေနိုင်မယ့် …

Read More »