Monday , October 22 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / England / Premier League / Newcastle United

Newcastle United

လေ့ကျင့်ခန်းပြန်ဆင်းနေတဲ့ ပေါ့ဂ်ဘာ ဆီဗီးလ်နဲ့ပွဲမှာ ပါဝင်ဖို့ရှိနေ

zawgyi 1 မန်ယူအသင်း ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့တဲ့အသင်းရဲ့ လေ့ကျင့်မှုအစီစဉ်တွေမှာ ပြန်လည်ပါဝင်လာခဲ့တာကြောင့် ဆီဗီးလ်နဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ ပြန်လည်ပါဝင်လာဖို့ ရှိနေပါတယ်။ ပေါ့ဂ်ဘာဟာ ဟက်ဒါဖီးလ်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ဖျားနာမှုကြောင့် အသင်းကစားသမားစာရင်းမှာ ပါဝင်လာခြင်းမရှိပေမယ့် အဲဒီပွဲအပြီး ၁၂ နာရီအကြာမှာပဲ အသင်းရဲ့ လေ့ကျင့်မှုအစီစဉ်တွေကို ပြန်လည်လုပ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။ ပေါ့ဂ်ဘဟာ စနေနေ့ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်မှုများမှာ ပါဝင်လာခဲ့ပေမယ့်လည်း သူ့ရဲဖျားနာမှုကို အသင်းဖော်တွေ သတိမထားမိခဲ့ပေမယ့် ပွဲကစားမယ့်အချိန်မှာတော့ ပေါ့ဂ်ဘာ ပါဝင်လာခဲ့ခြင်းမရှိခဲ့ပါဘူး။ မော်ရင်ညိုအနေနဲ့လည်း သောကြာနေ့ပိုင်းက ပေါ့ဂ်ဘာဒီပွဲမှာ ကစားနိုင်မယ်လို့ ပြောဆိုခဲ့ပေမယ့် အဆိုပါဖျားနာမှုကြောင့် ပေါ့ဂ်ဘာပါဝင်နိုင်ခြင်းမရှိကြောင်းကို အလျှင်အမြန် သတင်းထုတ်ပြန်ခဲ့ရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ …

Read More »

နယူးကာဆယ်ကို အရှုံးပေးခဲ့ရတဲ့ မန်ယူ (နယူးကာဆယ် ၁ – ၀ မန်ယူ ) ဟိုက်လိုက်

  နယူးကာဆယ်ကို အရှုံးပေးခဲ့ရတဲ့ မန်ယူ

Read More »

ပြိုင်ဘက်အသင်းထက် လက်ဦးမှုရယူပြီး လက်စတာတိုက်စစ်မှူးစလီမာနီကို နယူးကာဆယ်အသင်းခေါ်ယူ

zawgyi 1 နယူးကာဆယ်အသင်းဟာ ၀က်စ်ဟမ်းအသင်းထက်လက်ဦးမှုရယူပြီး လက်စတာအသင်းတိုက်စစ်မှူး စလီမာနီအငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှတော့       စလီမာနီဟာ ဒဏ်ရာကြောင့်အနားယူနေရတာလဲဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စလီမာနီဟာ လွန်ခဲ့တဲ့ ၂ ပတ်ကျော်ကတည်းက အနားယူနေခဲ့ တာဖြစ်ပြီး  ဒီအပတ်မှသာ လေ့ကျင့်မှုတွေပြန်လည်လုပ်နိုင်နေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ နယူးကာဆယ် အသင်းကို စလီမာနီရောက်ရှိလာခဲ့ခြင်းကြောင့် မီထရိုဗစ်က အသင်းဟောင်းအန်ဒါးလက်ခ်ျအသင်းကိုအငှားနဲ့ ပြန်ဖို့ရှိနေပြီဖြစ်ပါတယ်။ စီလီမာနီဟာ နယူးကာဆယ်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာကြောင့် ၀က်စ်ဟမ်းအသင်းမန်နေဂျာ ဒေးဗစ်မိုယေးစ်ဟာ  အပြောင်းအရွှေ့မပိတ်ခင်လေးမှာ တိုက်စစ်မှူးသစ်တစ်ဦးအရခေါ်ယူသွားဖို့  ထပ် မံကြိုးစားရဦးမှာဖြစ်ပါတယ်။ ၀က်စ်ဟမ်းအသင်းဟာ ကာရိုးလ်နဲ့ အာနူတိုဗစ်တို့ ဒဏ်ရာရရှိနေခဲ့ပေမယ့် ဆာခိုကို ရိန်းစ်အသင်းကို ရောင်းထုတ်ခဲ့တာကြောင့် အခုအခါမှာတော့ တိုက်စစ်မှူးသစ်တစ်ဦးကို အပူတပြင်းရှာဖွေနေရခြင်း …

Read More »

ဘက်၇ှူဝါရီခြေစွမ်းပြမှုနဲ့ နောက်တစ်ဆင့်တက်သွားတဲ့ချဲလ်ဆီး (ဟိုက်လိုက်)

ချဲလ်ဆီး ၃ – ၀ နယူးကာဆယ် ဘောလုံးသတင်း

Read More »


zawgyi 1 နယူးကာဆယ်အသင်းသည် စပိန်လက်ရွေးစင်အသင်းနှင့် ရီးရဲမက်ဒရစ် ဂိုးသမားဟောင်း ကာဆီးလက်ကိုခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေသည်။ အသက် ၃၆ နှစ်အရွယ်ရောက်နေပြီဖြစ်သည့် ကာဆီးလက်မှာ ရီးရဲမက်ဒရစ်အသင်းနှင့် ကာလတာရှည်စွာ လက်တွဲခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပေါ်တိုအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ သို့သော် ကာဆီးလက်နှင့် ပေါ်တိုတို့ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ၆ လသာကျန်ရှိနေတော့သလို လက်ရှိပေါ်တိုအသင်းတွင် ရရှိသည့်လုပ်ခလစာမှာလည်း တစ်နှစ်ပေါင် ၅ သန်းဝန်းကျင်ရှိနေသည်ဟု သိရသည်။ ယခု ကာဆီးလက်ရရှိသည့် လစာနှုန်းမှာ နယူးကာဆယ်အသင်းအတွက် များပြားသည့်အနေအထားတွင် ရှိနေ သော်လည်း အသင်းနည်းပြ ဘင်နီတက်ဇ်ကမူ လာမည့်အပြောင်းအရွှေ့တွင် ကာဆီးလက်အားခေါ်ယူရန် စိတ်အားထက်သန်နေသည်ဟု ဆိုသည်။ unicode ကာဆီးလက်ကိုခေါ်ချင်နေတဲ့ ဘင်နီတက်ဇ် နယူးကာဆယ်အသင်းသည် စပိန်လက်ရွေးစင်အသင်းနှင့် …

Read More »

နယူးကာဆယ်အသင်းအတွက် ရောင်းဈေးသတ်မှတ်လိုက်တဲ့ မိုက်အက်ရှ်လေ

နယူးကာဆယ်အသင်းပိုင်ရှင်ဖြစ်သူ မိုက်အက်ရှ်လေသည် အသင်းအားရောင်းချရန်အတွက် ဈေးသတ်မှတ်ခဲ့ပြီး နောက် အသင်းကိုရောင်းချတော့မည့်အခြေအနေတွင်ရှိနေသည်ဟု သိရသည်။ နယူးကာဆယ်အသင်းကို ၀ယ်ယူလိုသူမှာ အမန်ဒါစတာဗယ်လေး၏ PCP Capital Partners များကဖြစ်ပြီး ပြီးခဲ့သည့်အပတ်ကတည်းက နယူးကာဆယ်အသင်းကိုဝယ်ယူရန် ကမ်းလှမ်းခဲ့ရာတွင် လက်ရှိအသင်းပိုင်ရှင်ဖြစ်သူ မိုက်အက်ရှ်လေက ပယ်ချခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် သတင်းများ၏ဖော်ပြချက်အရ လာမည့်ရက်အနည်းငယ်အတွင်း ပေါင် သန်း ၃၅၀ ဖြင့် ထပ်မံကမ်းလှမ်းပြီး ၀ယ်ယူသွားနိုင်ရန် ဆွေးနွေးမှုများပြုလုပ်သွားဖွယ်ရှိနေသည်ဟု သိရသည်။ အဆိုပါ ကမ်းလှမ်းမှုမှာ ယခင်ကမ်းလှမ်းသည့်ပမာဏထက် ပေါင် သန်း ၅၀ တိုးပြီး ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ စတာဗယ်လေးသည် နယူးကာဆယ်အသင်းကို ၀ယ်ယူရာတွင် မည်သည့်အကျိုးခံစားခွင့်မှ ထပ်မံပေးချေစရာ မလိုသည့်စာချုပ်ဖြင့် သတ်မှတ်ငွေးကြေးကို တစ်ခါတည်းပေးချေသွားဖွယ်ရှိနေသည်ဟုလည်း ဖော်ပြထားသည်။ …

Read More »