Monday , October 22 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / England / Premier League / Manchester City

Manchester City

အနာဂတ်နဲ့ပတ်သက်ပြီး သံသယဖြစ်စရာရှိနေတဲ့ ရာဟီးစတားလင်း

zawgyi မန်စီးတီးအသင်းကွင်းလယ်တိုက်စစ်မှူးရာဟီးစတားလင်းဟာ ယခုနှစ်ရာသီမှာတော့ မန်နေဂျာဂွာဒီယို လာရဲ့လက်အောက်မှာ ခြေစွမ်းပြကစားနေပြီး ဂိုး ၂၀ အထိသွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရာဟီးစတားလင်းရဲ့လက်ရှိစာချုပ်သက်တမ်းက ၂ နှစ်သာကျန်ရှိတော့တာဖြစ်တာ ကြောင့် အသင်းအနေနဲ့ကတော့ စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ ရာဟီးစတားလင်းရဲ့လက်ရှိစာချုပ်သက်တမ်းအရ တစ်ပတ်လုပ်ခပေါင် ၁၈၀၀၀၀ ရရှိနေပေမယ့်ခြေစွမ်းပြ ကစားနေခြင်းတွေကြောင့် လက်ရှိလုပ်ခထပ်ပိုမိုရရှိရန် ဆန္ဒရှိနေသည်ဟုဆိုသည်။ ရီးရဲမက်ဒရစ်မန်နေဂျာဇီဒန်းကလည်း စတားလင်းကိုခေါ်ယူဖို့နှစ်သက်မှုရှိတဲ့အကြောင်းကို တရားဝင်ထုတ် ဖော်ပြောဆိုထားခဲ့တာကြောင့် စတားလင်းသာ မန်စီးတီးအသင်းနဲ့ စာချုပ်သစ်ထပ်မံမချုပ်ဆိုနိုင်ခဲ့ဖူးဆို ရင်တော့ နွေရာသီမှာအရခေါ်ယူဖို့ရှိနေတယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်အသင်းတော် တော်များများကလည်း စတားလင်းကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်းဆိုပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရာဟီးစတားလင်းရဲ့လက်ရှိအချိန်မှာတော့ ဥရောပရဲ့အလားအလာ အရှိဆုံးလူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားခြင်းခံရသူဖြစ်ပြီး မန်စီးတီးအသင်းနဲ့ ကနဦးစာ ချုပ်သစ်ထပ်မံချုပ်ဆိုဖို့ဆွေးနွေးမှုကတော့ ပျက်ပြယ်သွားခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ …

Read More »

နှစ် ၄၀ နီးပါးမှ နှစ်ကြိမ်သာ ၀တ်ဆင်ကစားဖူးမည့် ၀တ်စုံဖြင့် မန်စီးတီးနဲ့ ဗိုလ်လုပွဲကစားမယ့် အာဆင်နယ်

zawgyi 1 အာဆင်နယ်အသင်းဟာ မန်စီးတီးနဲ့ ကစားမယ့် ကာရာဘာအိုဖလား ဗိုလ်လုပွဲမှာတော့ နှစ် ၄၀ နီးပါးမှာမှ နှစ်ကြိမ်သာ ၀တ်ဆင်ခြင်းဖြစ်မယ့် ဘောင်းဘီအနီရောင်ကို ၀တ်ဆင်ကစားသွားမယ်လို့ အတည်ပြုကြေငြာ လိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာလည်း နှစ်သစ်အကြိုရက်ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ၀က်စ်ဘရွမ်းနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း ဘောင်းဘီအနီကို ၀တ်ဆင်ကစားခဲ့ဖူးပါတယ်။  အဲဒီပွဲစဉ်မှာ တော့ အာဆင်နယ်တို့ ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ ပေးခဲ့ရတဲ့ ပင်နယ်တီပြစ်ဒဏ် ပေးခဲ့ရခြင်းကြောင့် တစ်ဂိုးစီ သရေနဲ့ ပွဲပြီးဆုံးခဲ့ရပါတယ်။ အဲဒီပွဲမှာလည်း အာဆင်နယ်တို့ ၀တ်နေကြအရောင်ဖြစ်တဲ့ အဖြူရောင်ဘောင်းဘီကို ၀တ်ဆင်ရန် အခက်ကြုံခဲ့ရလို့ အနီရောင် ပြောင်းလဲဝတ်ဆင်ခဲ့ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။ ယခုမန်စီးတီးအနေနဲ့လည်း ၀က်စ်ဘရွမ်းကဲ့သို့ အဖြူရောင် …

Read More »

ဖေဘီယန်ဒဲလ်ဖ်ရဲ့ အနီကတ်နဲ့ပတ်သက်ပြီး စောဒကတက်စရာမရှိဘူးလို့ ဂွာဒီယိုလာပြော

zawgyi 1 မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက  ၀ီဂန်အား ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့သည့် အက်ဖ်အေဖလားပွဲစဉ်တွင် နောက်တန်းကစားသမား ဖေဘီယန်ဒဲလ်ဖ်အား အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရခြင်းအပေါ်  စောဒကတက်စရာ မရှိဘူးဟု ပြောဆိုခဲ့သည်။ ပွဲချိန် ၇၉ မိနစ်မှာ လိဂ်ဝမ်းကလပ် ၀ီဂန်အသင်းကစားသမား ၀ဲလ်ဂရစ်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် မန်စီးတီးတို့ ရှုံးနိမ့်ခဲ့ပြီး ဖလား ၄ လုံးမျှော်လင့်ချက် ကုန်ဆုံးခဲ့ရသည်။ အဆိုပါပွဲစဉ်တွင် မန်စီးတီးကစားသမား ဒဲလ်ဖ်သည် ၀ီဂန်ကစားသမား မက်ပါဝါအား ကြမ်တမ်းစွာ ဖျက်ထုတ်ခဲ့မှုကြောင့် ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့သည်။ အဆိုပါ ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းအပေါ် ဂွာဒီယိုလာအား မေးမြန်းခဲ့ရာတွင်လည်း ဂွာဒီယိုလာက “ဒါက အနီကတ်ပါ။ တကယ့်အနီကတ်ပါ။ ကျွန်တော်ကတော့ အဲဒါကိုမလိုအပ်တဲ့ …

Read More »

ဖလား ၄ လုံး အိပ်မက် ကုန်ဆုံးသွားတဲ့ မန်စီးတီး။ ၀ီဂန် ၁-၀ မန်စီးတီး (ဟိုက်လိုက်)

ဖလား ၄ လုံး အိပ်မက် ကုန်ဆုံးသွားတဲ့ မန်စီးတီး။ ၀ီဂန် ၁-၀ မန်စီးတီး (ဟိုက်လိုက်) ဘောလုံးသတင်း

Read More »

ဒူးဒဏ်ရာက သက်သာပြီးနောက် အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မယ်လို့ ဂျီဆက်ယုံကြည်

zawgyi 1 မန်စီးတီးတိုက်စစ်မှူး ဂျီဆက်က ဒဏ်ရာမှပြန်လည် သက်သာလာပြီးနောက် မန်စီးတီးအသင်းတွင် အကောင်းဆုံးခြေစွမ်းဖြင့် ပြန်လာလိမ့်မည်ဟု ယုံကြည်နေသည်။ ဂျီဆက်သည် ပဲလေ့စ်နှင့် ကစားသည့်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့ပြီးနောက် ယခု ၂၀၁၈ ခုနှစ်ပိုင်းအတွင်း မန်စီးတီးအသင်းအတွက် ကစားရသေးခြင်းမရှိသေးသော်လည်း ပြီးခဲ့သည့်သောကြာနေ့တွင် အသင်းနှင့်အတူ လေ့ကျင့်မှုများ ပြန်လည်ပြုနေပြီဖြစ်သည်။ ဂျီဆက်မှာ တနင်္လာနေ့တွင် ကစားမည့် ၀ီဂန်နှင့်ပွဲတွင် ပြန်လည်ပါဝင်လာဖွယ်ရှိနေသည်ဟုလည်း ဆိုထားသည်။ ဂျီဆက်က “ဒဏ်ရာရစကတော့ ခက်ခဲမှုတွေရှိခဲ့ပါတယ်။ နောက်ပိုင်း နေသားကျလာမှ ဒီဒဏ်ရာကို အကောင်းဆုံးနည်းနဲ့ ပြန်သက်သာလာအောင်လုပ်သွား နိုင်တယ်လို ကိုယ့်ကိုယ်ကို ယုံကြည်လာတာပါ။ ပထမရက်အနည်းငယ်ကတော့ တော့်တော့ကိုဆိုးရွားပါတယ်။ ဒါပေမယ့် ကျွန်တော့မိသားစုကလည်း အနားကိုလာကူညီပေးလို့ သူတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့အကူအညီတွေ ကျွန်တော်အမှန်တကယ် လိုအပ်တာပါ။ …

Read More »

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားဆုကို အဂူရိုရရှိ

zawgyi 1 မန်စီးတီးအသင်းတိုက်စစ်မှူး အဂူရိုသည် ဇန်န၀ါရီလအတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ တိုက်စစ်မှူး အဂူရိုသည် ဇန်န၀ါရီလအတွင်း နယူးကာဆယ်နှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်သည့် ဂိုးအပါအ၀င် ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ကစားသမားစာရင်၏ ထိပ်ပိုင်းသို့ ရောက်လာနိုင်ခဲ့သည်။ ထို့အပြင် အဂူရိုသည် ၀က်ဖို့ဒ်၊ နယူးကာဆယ်၊ ၀က်စ်ဘရွမ်းတို့အား အနိုင်ရခဲ့သည့်ပွဲစဉ်များနှင့် လီဗာပူးအား ၄-၃ ဖြင့် ရှုံးခဲ့သည့်ပွဲစဉ်တို့တွင်လည်း ဂိုးဖန်တီးမှုများ ပြုလုပ်ပေးနိုင်ခဲ့သူလည်း ဖြစ်သည်။ ယခုရရှိသည့် ဇန်န၀ါရီလအတွက် အကောင်းဆုံးကစားသမားဆုသည် အဂူရိုအတွက် ၅ ကြိမ်မြောက် ရရှိခြင်းဖြစ်ပြီး အဆိုပါအရေအတွက်မှာ ရွန်နေ၊ ဗန်ပါစီတို့ရရှိခဲ့သည့် အကြိမ်အရေအတွက်နှင့် တူညီခဲ့သည်။ ထိုဆုကို ၆ …

Read More »

အီဒါဆင်ကို သက်တမ်းတိုးရန် မန်စီးတီးပြင်ဆင်

zawgyi 1 မန်စီးတီးအသင်းသည် အသင်းဂိုသမား အီဒါဆင်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်အတွက် မျှော်လင့်နေသည်။ အသက် ၂၄ နှစ်အရွယ် အီဒါဆင်သည် ယခုနှစ်အပြောင်းအရွှေ့ကမှ ဘင်ဖီကာအသင်းမှ မန်စီးတီးသို့ ပြောင်းရွှေ့လာခဲ့သူလည်း ဖြစ်သည်။ မန်စီးတီးအသင်း မန်နေဂျာ ဂွာဒီယိုလာအနေဖြင့်လည်း အီဒါဆင်သည် လာမည့်ဆယ်စုနှစ်တစ်ခုအထိ မန်စီးတီးအသင်း၏ ပွဲထွက်ဂိုးသမားအဖြစ် ရှိနေနိုင်သည်ဟု ယုံကြည်နေသည်။ မန်စီးတီးအသင်းသည် အီဒါဆင်အား ခေါ်ယူရန်အတွက် ပေါင် ၃၄ သန်းပေးချေခဲ့ရပြီး လက်ရှိအချိန်တွင် အီဒါဆင်မှာ ၀ယ်ဈေးနှင့်တန်အောင် လက်စွမ်းကောင်းများ ပြသထားနိုင်သည့် အနေအထားဖြစ်နေသည်။ အီဒါဆင်၏ ပွဲအပေါ် သုံးသပ်နိုင်မှု၊ ဘောလုံးအပေါ် တည်ငြိမ်အေးဆေးစွာ ကစားနိုင်မှုနှင့် ထိရောက်သည့် ပေးပို့မှုများသည် မန်စီးတီးအသင်း ယခုနှစ်ရာသီတွင် ခြေစွမ်းတက်နေရခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် …

Read More »

ချန်ပီယံလိဂ်ရဖို့ မန်စီးတီးအသင်းရေပန်းအစားပါဘူး….ဘာနာဒိုဆေးလ်ဗား

zawgyi မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ညကကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ဆွစ်ဇာလန်ကလပ်ဘေဆယ် အသင်းကို ၄-၀ နဲ့နိုင်ခဲ့တာကြောင့် ကွာတားဖိုင်တယ်အဆင့်ကိုတက်ရောက်နိုင်ဖို့တော့ သေချာသ လောက်ကို ဖြစ်သွားခဲ့ပြီလို့တောင်ပြောရမှာပါ။ ဂွာဒီယိုလာကိုင်တွယ်တဲ့မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာသာမက ချန်ပီယံလိဂ်မှာပါခြေစွမ်းပြ ကစားနိုင်နေတဲ့အသင်းလည်းဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားက-ကျွန်တော်တို့ဟာအံသြဖွယ်ကောင်းတဲ့ခြေစွမ်းနဲ့ကစားနိုင်ခဲ့တယ်လို့ထင်ပါ တယ်။  အဝေးကွင်းမှာလာကစားပြီး ၄-၀ ဂိုးနဲ့နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဟာအမြဲတမ်း ခက်ခဲတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ အခုလိုဂိုးတွေသွင်းယူနိုင်ခဲ့တဲ့အတွက်လည်း ကျေနပ်ရပါတယ်။ အိမ်ကွင်းပွဲ စဉ် မှာတော့ ပရိသတ်တွေပျော်ရွှင်မှုနဲ့အဆုံးသတ်နိုင်မယ်လို့မျှော်လင့်မိပါတယ်။ ချန်ပီယံလိဂ်ရေပန်းစားနေ လား။ မစားပါဘူး။ ကျွန်တော်ကတော့ ကျွန်တော်တို့အသင်းထက် ချန်ပီယံလိဂ်အတွေ့အကြုံရှိတဲ့ ဘာ စီလိုနာ၊ရီးရဲမက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့က ပိုရေပန်းစားနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်း အနေနဲ့ ရေပန်းအစားဘူးဆိုရင်တောင် တစ်စုံတစ်ရာကိုတော့ကြိုးစားလုပ်ဆောင်နိုင်လိမ့်မယ်လို့ထင်ပါ တယ်-လို့လည်းပြောဆိုခဲ့ပါတယ်။ unicode 1 ခနှပှီယံလိဂရှဖို့ …

Read More »

အဝေးကွင်း ဂိုးပြတ်နိုင်ပွဲကြောင့် နောက်တစ်ဆင့် တက်ဖို့သေချာသွားတဲ့ မန်စီးတီး ဘေဆယ် ၀-၄ မန်စီးတီး (ဟိုက်လိုက်)

အဝေးကွင်း ဂိုးပြတ်နိုင်ပွဲကြောင့် နောက်တစ်ဆင့် တက်ဖို့သေချာသွားတဲ့ မန်စီးတီး ဘေဆယ် ၀-၄ မန်စီးတီး (ဟိုက်လိုက်) ဘောလုံးသတင်း

Read More »

ဒီနှစ်ချန်ပီယံလိဂ်ကို မန်စီးတီးအရယူနိုင်မယ်လို့ ကွန်ပနီဆို

zawgyi 1 မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီက ယခုနှစ်ဘောလုံးရာသီဟာ မန်စီးတီးအသင်း ချန်ပီယံလိဂ်ဖလား ရယူမယ့်နှစ်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ၆ ရာသီမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၁၆ သင်းအဆင့်အထိသာ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မယ့်အသင်းအဖြစ် ရေပန်းစားနေပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်အဖြစ် ဘေဆယ်ကွင်းမှာ သွားရောက်ကစားရမှာလည်း ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ကွန်ပနီက “ကျွန်တော်တို့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစောစီးစီးထွက်ခဲ့ရပေါင်း များခဲ့ပါပြီ။ ဒါပေမယ့် ခုတော့ ပြောင်းလဲမှုတွေ ဖြစ်နေပါပြီ။ အသင်းအချို့ဟာ ချန်ပီယံလိဂ်ဖလားကို မရယူဖူးသေးပါဘူး။ ကျွန်တော်တို့ကတော့ နှစ်တိုင်းပဲ ဆုဖလားရယူနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ …

Read More »