Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / England / Premier League / Crystal Palace

Crystal Palace

အသင်းဟောင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ပြန်လာခဲ့တဲ့ ဂါနာတိုက်စစ်မှူးအာယော

zawgyi 1 ဆွမ်ဆီးအသင်းဟာ ဇန်န၀ါရီဈေးကွက်အတွင်း ပထမဦးဆုံးခေါ်ယူမှုအနေနဲ့ ဂါနာတိုက်စစ်မှူးအန်ဒရီ အာယောကို အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ တိုက်စစ်မှူးအာယောဟာ ၂၀၁၆ ခုနှစ်နွေရာသီက ဆွမ်ဆီးအသင်းကနေ ၀က်စ်ဟမ်းအသင်းရဲ့  ပေါင် သန်း ၂၀ကျော်နဲ့ ပြောင်းရွှေ့သွားခဲ့သူလည်းဖြစ်ပါတယ်။ အခုတော့ အာယောကိုဆွမ်ဆီးအသင်းကပြန်လည်ခေါ်ယူလိုက်ပြီဖြစ်တာကြောင့် ဆွမ်ဆီးအသင်းမှာ တော့သူ့ရဲ့ ညီဖြစ်သူဂျော်ဒန်အာယောနဲ့ တွက်ဖက်ကစားနိုင်တော့မှာလည်းဖြစ်ပါတယ်။ သူတို့နှစ် ဦး ဟာ  မာဆေးအသင်းမှာတုန်းက အတူတကွတွဲဖက်ကစားခဲ့ကြတာလည်းဖြစ်ပါတယ်။ ဆွမ်ဆီးအသင်းရဲ့ဝက်ဘ်ဆိုက်မှာ-ဆွမ်ဆီးအသင်းဟာ ၀က်စ်ဟမ်းအသင်းကနေ အန်ဒရီအာယောကို ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ၃ နှစ်ခွဲစာချုပ်နဲ့ခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်-လို့လည်း ရေးသားထားခဲ့ပါတယ်။ တိုက်စစ်မှူးအာယောဟာ ၂၀၁၅ခုနှစ်က မာဆေးအသင်းကနေ ဆွမ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့ တာဖြစ်ပြီး ၀က်စ်ဟမ်းအသင်းကိုမပြောင်းရွှေ့ခင် အသင်းမှာ ၃၅ ပွဲပါဝင်ကစားပြီး ၁၂ ဂိုးသွင်းယူပေး ထားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ဝက်စ်ဟမ်းအသင်းကိုပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး …

Read More »