Friday , August 17 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net

Chelsea

ဘီလ်ဘိုဂိုးသမား ကီပါကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ချဲလ်ဆီးခေါ်

zawgyi   ချဲလ်ဆီးအသင်းဟာ လာလီဂါကလပ် ဘီလ်ဘိုအသင်းကနေ ဂိုးသမား ကီပါကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၇၂ သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ၂၃ နှစ်အရွယ် ကီပါဟာ ချဲလ်ဆီးအသင်းနဲ့ ၇ နှစ်သက်တမ်းရှိစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ချဲလ်ဆီးကနေ ဂိုသမား ကော့တွိုက်စ်ထွက်ခွာခဲ့ခြင်းကြောင့် အသင်းရဲ့ ဦးစားပေး ဂိုးသမားဖြစ်လာမှာလည်း ဖြစ်ပါတယ်။ ယခုကီပါရဲ့ ပြောင်းရွှေ့ကြေးဟာ ပြီးခဲ့တဲ့လပိုင်းက လီဗာပူးအသင်းက ခေါ်ယူခဲ့တဲ့ ဘရာဇီးဂိုးသမား အလစ်ဆန်ရဲ့ ၆၆.၈ သန်းစံချိန်ကိုလည်း ဖြတ်ကျော်ခဲ့တာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ ကနဦးက ကော့တွိုက်စ်ရဲ့နေရာကို အစားထိုးဖို့အတွက် အလစ်ဆန်ကို ဦးစားပေးသတ်မှတ်ခဲ့ပေမယ့် အလစ်ဆန်က လီဗာပူးအသင်းထံ ပြောင်းရွှေ့ဖို့ကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာရခြင်းနဲ့ …

Read More »

စာချုပ်သစ်အတွက်ဆွေးနွေးနေပေမယ့် ကမ်းလှမ်းမှုတွေကိုလည်း နားထောင်နေပါတယ်လို့ ကော့တွိုက်စ်ဆို

zawgyi ချဲလ်ဆီးအသင်းဂိုးသမားကော့တွိုက်စ်ရဲ့စာချုပ်သက်တမ်းက ၂၀၁၉မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် သူ့ရဲ့အနာ ဂတ်နဲ့ပတ်သက်တဲ့ ထင်ကြေးတွေကတော့ အများအပြားထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ကော့တွိုက်စ်အနေနဲ့ ချဲလ်ဆီးအသင်းနဲ့စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုတွေလည်း ပြုလုပ်နေတယ်လို့တော့ဆိုထားပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာတော့ အသင်းမှာနည်းပြကော့တွိုက်စ်လက်စွမ်းပြကစားနေပေမယ့် ကော့တွိုက်စ်ကိုခေါ်ယူဖို့ဆန္ဒရှိနေလို့ဆိုပါတယ်။ ကော့တွိုက်စ်ကိုယ်တိုင်ကလည်း အက်သလက်တီကိုအသင်း မှာ ၃ နှစ်ကြာကစားခဲ့ဖူးတာကြောင့် မက်ဒရစ်ကို နှစ်သက်မှုရှိတဲ့အကြောင်းကိုတော့မကြာသေးခင်ကပဲထုတ် ဖော်ပြောဆိုခဲ့ပါသေးတယ်။ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကော့တွိုက်စ်က“ကျွန်တော့်ရဲ့အနာဂတ်ကတော့ ရှင်းရှင်းလင်းလင်းမဖြစ်သေး ပါဘူး။ ကျွန်တော့်ရဲ့အသည်းနှလုံးဟာ မက်ဒရစ်မှာရှိတယ်ဆိုတာကိုတော့ နားလည်မှုမလွဲစေချင်ပါဘူး။ မက်ဒရစ်မှာက ကျွန်တော်ကလေးနှစ်ဦးနေထိုင်လို့ပါ။ ကျွန်တော်ရဲ့အသင်းနဲ့စာချုက်သက်တမ်းကလည်း ၁ နှစ်ပဲ ကျန်ပါတော့တယ်။ ကျွန်တော်ဒီမှာပျော်ရွှင်နေပြီး ဆွေးနွေးမှုတွေလည်းလုပ်ထားပါတယ်။ ရီးရဲမက်ဒရစ်ဥက္ကဋ္ဌကတော့ ကျွန်တော့်ကိုခေါ်တွေ့မယ်တော့မထင်ပါဘူး။ ကျွန်တော်အေးဂျင့်ကိုပဲခေါ် တွေ့မှာပါ”လို့လည်းပြောဆိုခဲ့ပါတယ်။ unicode 1 စာခှုပသှစအှတှကဆှှေးနှေးနပမယှေေ့ ကမှးလှမှးမှုတှကေိုလညှး နားထောငနှပေါတယလှို့ ကော့တှိုကစှဆှို …

Read More »

နေမာမရှိလည်း ဘာစီလိုနာဟာဘာစီလိုနာပါပဲ……. ၀ီလီယံ

zawgyi ချဲလ်ဆီးအသင်းတိုက်စစ်ကစားသမား ၀ီလီယံဟာ ဘာစီလိုနာအသင်းဟာ နေမာမရှိပေမယ့် ကမ္ဘာ့ကြောက်စ ရာအကောင်းဆုံးအသင်းအဖြစ် ရှိနေသေးကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ဘာစီလိုနာအသင်းတို့ယှဉ်ပြိုင်ခဲ့ကြတဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပထမအကျော့ပြိုင်ပွဲမှာ တော့ ၀ီလီယံဟာ ၆၂ မိနစ်မှာ  ချဲလ်ဆီးအသင်းအတွက် ဂိုးဆောင်ဂိုးကိုသွင်းယူပေးခဲ့ပေမယ့် မက်ဆီက ၇၅ မိနစ်မှာ ချေပဂိုးပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ၀ီလီယံကသူ၏နိုင်ငံအသင်းကစားဖော် နေမာက ပီအက်စ်ဂျီအသင်းကို ထွက်သွားခဲ့ပေမယ့် ဘာစီလိုနာအသင်း ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် ရှိနေသေးတယ်လို့ ယုံကြည်မိတယ်လို့လည်းဆိုလိုက်ပါတယ်။ ၀ီလီယံက“ဘာစီလိုနာမှာ နေမာရှိရှိ၊မရှိရှိ ဘာစီလိုကတော့ဘာစီလိုနာပါပဲ။ နေမာဟာကမ္ဘာ့အကောင်းဆုံးက စားသမားဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းမှာက မက်ဆီ၊အင်နီယေစတာနဲ့ ဆွာရက်ဇ်တို့လည်းရှိနေပါသေးတယ်။ သူတို့အားလုံးဟာ ကစားသမားကောင်းတွေဖြစ်တာကြောင့် ဘာစီလိုနာက တော့အမြဲတမ်းဘာစီလိုနာအဖြစ်ရှိနေမှာပါ”လို့လည်းပြောဆိုခဲ့ပါတယ်။ unicode 1 နမောမရှိလညှး ဘာစီလိုနာဟာဘာစီလိုနာပါပဲ……. ဝီလီယံ ခှဲလဆှီးအသငှးတိုကစှစကှစားသမား …

Read More »

ချဲလ်ဆီးနဲ့ဘိုင်ယန်မြူးနအသင်းတို့က အပြိုင်ခေါ်ယူမယ့် ပေါင် ၈၈သန်းတန်ကစားသမားက ဘယ်သူလဲ။

zawgyi ချဲလ်ဆီးအသင်းဟာလာမယ့်နွေရာသီဈေးကွက်မှာတော့ ဒေါ့မွန်တောင်ပံကစားပူလီဆစ်ကို ခေါ်ယူရန် ရည်ရွယ်ထားပေမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့အပြိုင်ယှဉ်ခေါ်ရဖွယ်ရှိနေပါတယ်။ ချဲလ်ဆီးအသင်းဟာ လာမယ့်နွေရာသီမှာတော့ ပူလီဆစ်ကိုခေါ်ယူဖို့ပစ်မှတ်ထားတာဖြစ်ပြီး အသင်းအ နေနဲ့က စားသမား အပြောင်းအလဲတွေကြီးကြီးမားပြုသွားဖို့လည်းရှိတယ်လို့ဆိုပါတယ်။ ပူလီဆစ်ဟာ ပြီးခဲ့တဲ့ရာသီတွေအတွင်း ခြေစွမ်းပြကစားနေမှုတွေကြောင့် ဥရောပရဲ့အလားအလာအရှိ ဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူလည်းဖြစ်ပါတယ်။ သူဟာတောင်ပံတွင်သာမက ကွင်းလယ်ဖန်တီးရှင်တစ်ဦးအဖြစ်ပါကစားနိုင်စွမ်းရှိသူလည်းဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ပူလီဆစ်ကို ၂၀၁၆ ခုနှစ်ကခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင့်ခဲ့ပါဘူး။ ဘိုင်ယန် မြူးနစ်ကတော့ ရီဘာရီနဲ့ ရော်ဘင်တို့ရဲ့နေရာမှာ အစားထိုးဖို့အတွက် နှစ်ရှည်စီမံကိန်းအနေနဲ့ ပူလီဆစ် ကိုခေါ်ယူဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ ဒေါ့မွန်အသင်းကတော့ ပူလီဆစ်ကို အသင်းရဲ့အဓိကပြိုင်ဘက်အသင်းထံကို ရောင်းထုတ်ဖို့ ဆန္ဒမရှိပေ မယ့် ဘိုင်ယန်မြူးနစ်အသင်းက ငွေကြေးအမြောက်အများနဲ့ခေါ်ယူမယ်ဆိုရင်တော့တားစီးနိုင်စွမ်းမရှိပါဘူး။ ဂျာမန်ကနေထွက်ပေါ်နေတဲ့သတင်းတွေမှာတော့ ဒေါ့မွန်အသင်းဟာ ပူလီဆစ်ရဲ့ပြောင်းရွှေ့ကြေးကို ပေါင်၈၈ သန်း ရရှိရန် …

Read More »

ချဲလ်ဆီးက ထွက်ဖြစ်ရင် ပြောင်းရွှေ့ကစားလိုတဲ့ အသင်း ၃ သင်းကို ၀ီလီယံပြော

zawgyi 1 ချဲလ်ဆီးကစားသမား ၀ီလီယံကတော့ သူအနေနဲ့ ချဲလ်ဆီးအသင်းက ထွက်ခွဖြစ်ခဲ့ရင် ပြောင်းရွှေ့ကစားလိုတဲ့ အသင်း ၃ သင်းကို ပြောဆိုလိုက်ပါပြီ။ ဒါပေမယ့် သူပြောတဲ့အသင်းတွေဟာ သူ့စိတ်အားထက်သန်မှုအရ ပြောဆိုခြင်းမျိုးမဟုတ်ဘဲ ရိုးသားစွာ ၀န်ခံပြောဆိုခြင်းသာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ သူပြောဆိုခဲ့တဲ့ အသင်း ၃ သင်းကလည်း ကမ္ဘာ့ပေါ်မှာ ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ရီးရဲမကဒ်ရစ်နဲ့ ဘိုင်နယ်မြူးနစ်အသင်းတွေပဲ ဖြစ်ပါတယ်။ ဒါမေပယ့် သူအနေနဲ့ အဲဒီအသင်းတွေမှာ စိတ်ဆန္ဒအရ ပြောဆိုခြင်းမဟုတ်ဘူးလို့ ပြောဆိုခဲ့တဲ့အချက်ကတော့ စဉ်းစားစရာ ဖြစ်နေပါတယ်။ ၀ီလီယံက “ရီးရဲနဲ့ ဘာစီလိုနာတို့က ကမ္ဘာ့ထိပ်သီးနှစ်သင်းလို့ ထင်ပါတယ်။ အဲအသင်းတွေမှာ ကစားချင်တဲ့စိတ်က လူတိုင်းမှာ ရှိကြတာပါ။ အခြားအသင်းကြီးတွေလည်း ရှိနေပါသေးတယ်။ ခုကျွန်တော် …

Read More »

ဒရော့ဘာရဲ့ ခြေရာကို နင်းနိုင်မှာလား အိုင်ဆက် (ဒရော့ဘာ၏သား)

zawgyi 1 ဒရော့ဘာရဲ့ သားဖြစ်သူ အိုင်ဆက်ကတော့ သူ့အဖေရဲ့ ခြေရာကိုနင်းနိုင်ဖို့ ခြေလှမ်းသစ်စတဲ့အနေနဲ့ လီဂူးဝမ်း ကလပ် ဂူအင်ဂမ့်အသင်းကို ပြောင်းရွှေ့ကစားဖို့ သဘောတူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ချဲလ်ဆီးအကယ်ဒမီမှာ စတင်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် အိုင်ဆက်ဟာ ဂူအင်ဂမ့်အသင်းကို ပြောင်းရွှေ့ခဲ့ခြင်းကို ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ပြန်ကြေငြာခဲ့တာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်လောက်က ဂူအင်ဂမ့်အသင်းဟာ အိုင်ဆက်ရဲ့အဖေ ဒရော့ဘာကို လီမန်းအသင်းကနေ ပေါင် ၈၀၀၀၀ နဲ့ ခေါ်ယူခဲ့တယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်မှာ မေဂျာလိဂ်မှာ ကစားနေဆဲ ဒရော့ဘာကတော့ သူ့အားခုလိုဥရောပ ကလပ်မှာ ကစားခွင့်ရလို့ ပျော်ရွှင်ကြောင်း ပြတဲ့အနေနဲ့ အသင်းသစ်ရဲ့ ဂျာစီနဲ့အတူ သူ့သားပုံကို …

Read More »

မက်ဆီက အကောင်းဆုံးပါ။ ဒါပေမယ့် လွှမ်းမိုးနိုင်မှုတော့ မရှိပါဘူး – ပီထရို

zawgyi 1 ဘာစီလိုနာကစားသမား မက်ဆီသည် ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်သည်မှာ မှန်သော်လည်း ပွဲတစ်ပွဲအား လွှမ်းမိုးနိုင်မှုအားမရှိဟု ချဲလ်ဆီးတောင်ပံကစားသမား ပီထရိုက ပြောဆိုခဲ့သည်။ ပီထရိုနှင့် မက်ဆီတို့သည် ဘာစီလိုနာအသင်းတွင် ၈ နှစ်ကြာ လက်တွဲကစားခဲ့ဖူးသူများ ဖြစ်သော်လည်း ချဲလ်ဆိးနှင့် ဘာစီလိုနာတို့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့ပွဲစဉ်အဖြစ် ယနေ့ညပိုင်းတွင် ကစားမည့်ပွဲ၌ အဆိုပါကစားသမားနှစ်ဦးမှာ ပြိုင်ဘက်အဖြစ် ဆုံတွေ့ရတော့မည်ဖြစ်သည်။ အဆိုပါပွဲစဉ်တွင် ချဲလ်ဆီးကစားသမားများအနေဖြင့် အသက် ၃၀ အရွယ်မက်ဆီကို ရပ်တန့်နိုင်မည့် နည်းလမ်းများ ရှာတွေ့နိုင်လိမ့်မည်ဟု ပီထရိုက ပြောဆိုခဲ့သည်။ “မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားပါ။ ဒါပေမယ့် လွှမ်းမိုနိုင်သူတော့ မဟုတ်ပါဘူး။ မက်ဆီလို လိမ္မာ ပါးနပ်ပြီး လျှင်မြန်မှုရှိတဲ့ …

Read More »

သမိုင်းတွေကို ဖယ်ထားလိုက်ပါလို့ ဆိုလာတဲ ဘာစီလိုနာနည်းပြ ဗဲလ်ဗာဒီ

zawgyi 1 ဘာစီလိုနာအသင်းနည်းပြ ဗဲလ်ဗာဒီက ချဲလ်ဆီးအသင်းနဲ့ ဆုံတွေ့ခဲ့တဲ့ ချန်ပီယံလိဂ်မှတ်တမ်းတွေက အသင်းရဲ့ အဓိကကစားသမား မက်ဆီ ဂိုးပေါက် ပျောက်ဆုံးနေမှုကို ပြန်လည်ရှာဖွေနိုင်ဖို့ တွန်းအားတစ်ခု ဖြစ်နေတယ်လို့ ခံစားမိကြောင်း ပြောခဲ့ပါတယ်။ ယနေ့ညမှာ ကစားမယ့် ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့ပွဲစဉ်ဟာ ဒီနှစ်သင်းချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ၁၃ ကြိမ်မြောက် ဆုံတွေ့ခဲ့ခြင်းလည်း ဖြစ်ပါတယ်။  ချဲလ်ဆီးအသင်းကတော့ အဲဒီ ၁၃ ကြိမ်အနက် နောက်ဆုံးဆုံတွေ့ခဲ့တဲ့ ၇ ကြိမ်လုံးကို ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းကတော့ ချဲလ်ဆီးနဲ့ ရှုံးထွက်အဆင့်တွေမှာ ဆုံတွေ့ခဲ့ရာမှာတော့ ၃ ကြိမ်အထိ အနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းက …

Read More »

မက်ဆီက ကမ္ဘာ့အကောင်းဆုံးကစာသမားပါ။ ဆွက်ရက်ဇ်ကိုလည်း မေ့ထားလို့မရပါဘူး – ကွန်တီ

zawgyi 1 ဘာစီလိုနာကစားသမား မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ပေမယ့် ချဲလ်ဆီးကစားသမားများ အနေနဲ့ မက်ဆီတစ်ယောက်တည်းအပေါ်မှာပဲ အာရုံရောက်မနေကြဖို့ ချဲလ်ဆီးနည်းပြ ကွန်တီက သူ့အသင်းသားများကို သတိပေးစကား ပြောလိုက်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၅ ကြိမ်ရယူထားတဲ့ မက်ဆီဟာ ချဲလ်ဆီးနဲ့ ၈ ကြိမ်ဆုံတွေ့ထားခဲ့ရာမှာ ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဆိုးကြီးတော့ ရှိနေပါသေးတယ်။ အဲဒီပွဲမှာ ချဲလ်ဆီးအနေနဲ့ မက်ဆီကို အထူးကာကွယ်မှု ပြုလပ်ထားမှု လုပ်ဆောင်သွားဖို့ရှိနေသလားလို့ ကွန်တီကို မေးမြန်းထားမှုမှာတော့ “တကယ်ကောင်းတဲ့ မေးခွန်းပါ။ ကျွန်တော်တို့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်အကြောင်းကို ပြောနေကြတာပါ။ မက်ဆီဟာ အခက်အခဲတွေကို ဖြေရှင်းနိုင်စွမ်းရှိပြီး ဂိုးရဖို့ အနေအထား မရှိတဲ့အချိန်တွေမှာ အခွင့်အရေးတွေကို ဖန်တီးနိုင်စွမ်းရှိသူပါ။ ကျွန်တော်တို့ အထူးသတိပြုသွားရမှာပါ။ …

Read More »

ချဲလ်ဆီးနည်းပြအဖြစ်နဲ့ အင်းနရစ် အောင်မြင်လိမ့်မည်ဟု အင်နီယေစတာပြော

zawgyi 1 ဘာစီလိုနာ ကွင်းလယ်ကစားသမား အင်နီယေစတာကတော့ သူ့ရဲ့နည်းဟောင်းဖြစ်သူ အင်းနရစ်မှာ ချဲလ်ဆီးအသင်းတွင် အောင်မြင်မှုရရှိလိမ့်မည်ဖြစ်ကြောင်း ထောက်ခံစကားဆိုခဲ့သည်။ အီတလီလူမျိုးနည်းပြ ကွန်တီသည် ချဲလ်ဆီးအသင်းအား ဒုတိယမြောက်ရာသီအဖြစ် ကိုင်တွယ်ရာတွင် ခက်ခဲစွာ ရုန်းကန်နေရပြီး ဖိအားများလည်း ကျရောက်နေသည်။ ပြီးခဲ့သည့်နှစ်ဘောလုံးရာသီတွင် ကွန်တီသည် ချဲလ်ဆီးအသင်းအား ပရီးမီးယားလိဂ်ဖလား ရယူပေးနိုင်ခဲ့သော်လည်း ယခုနှစ်ဘောလုံးရာသီတွင် အဆင့် ၄ အတွင်း ၀င်နိုင်ရန်အတွက်ပင် ရုန်းကန်နေရသည့်အနေအထားဖြစ်နေသည်။ သတင်းများ ထွက်ပေါ်နေမှုအရ ချဲလ်ဆီးအသင်းပိုင်ရှင် အာဘရာမိုဗစ်သည် ယခုနှစ်ရာသီကုန်တွင် ကွန်တီ၏ နေရာတွင် အစားထိုးရန်အတွက် အင်းနရစ်အား အစားထိုးခန့်အပ်ရန် ရည်မှန်းထားသည်ဟု သိရသည်။ ချဲလ်ဆီးအသင်းနှင့် ယခုတစ်ပတ်အတွင်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းင်္နှင့်အတူ အင်နီယေစတာလည်း …

Read More »