Monday , July 23 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / ကမၻာ့ဖလားၿပိဳင္ပဲြရဲ့ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သံုးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့ အေၾကာင္းအရာမ်ား အပိုင္း (၅) အုပ္စု (E)

ကမၻာ့ဖလားၿပိဳင္ပဲြရဲ့ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သံုးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့ အေၾကာင္းအရာမ်ား အပိုင္း (၅) အုပ္စု (E)

zawgyi

 

ဘရာဇီး

လက္ရွိအဆင့္ – ၂

ကမၻာ့ဖလားၿပိဳင္ပြဲ ပါ၀င္ခဲ့မႈသမိုင္း – က်င္းပၿပီးစီးခဲ့သည့္ အႀကိမ္ ၂၀ လံုးတြင္ ပါ၀င္ခြင့္ရခဲ့သည္။

အျမင့္ဆံုးရပ္တည္မႈ – ခ်န္ပီယံ (၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄၊ ၂၀၀၂)

ယခုၿပိဳင္ပြဲတြင္ ကစားရမည့္အုပ္စုပဲြစဥ္မ်ား – ဇြန္ ၁၇ (ဆြစ္ဇာလန္)၊ ဇြန္ ၂၂ (ေကာ္စတာရီကာ)၊ ဇြန္ ၂၇ (ဆားဗီးယား)

အသင္းေခါင္းေဆာင္ – ဗာရီးယက္စ္

အဓိက ကစားသမား – ေနမာ

နည္းျပ – တစ္တီ

ကမၻာ့ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ အေအာင္ျမင္ဆံုးအသင္းျဖစ္တဲ့ ဘရာဇီးအသင္းဟာ သူတို႔ရဲ႕ ၆ ႀကိမ္ေျမာက္ ကမၻာ့ဖလားႀကီးကိုလည္း ယခုၿပိဳင္ပြဲမွာ ရယူႏုိင္ဖို႔ရည္မွန္းထားတာပါ။ နည္းျပတစ္တီေရြးခ်ယ္ထားတဲ့ ဘရာဇီးအသင္းရဲ႕ တုိက္စစ္ပိုင္းကလည္း လက္ရွိကမၻာ့ဖလားမွာေတာ့ ေရပန္းအစားဆံုး တုိက္စစ္အတြဲေတြ ျဖစ္လာခဲ့သလို လက္ရွိအုပ္စုမွာလည္း အုပ္စုဗုိလ္နဲ႔ ေနာက္တစ္ဆင့္ကို တက္ႏုိင္မယ့္အသင္းလို႔ ခန္႔မွန္းထားၾကတာပါ။

ၿပီးခဲ့တဲ့ကမၻာ့ဖလားၿပိဳင္ပြဲရဲ႕ ကြာတားအဆင့္မွာ ဘရာဇီးတို႔ ဂ်ာမနီကို ၇-၁ ဆိုတဲ့ရလဒ္နဲ႔ ဂိုးျပတ္ရံႈးနိမ့္ခဲ့မႈေၾကာင့္ ယခုကမၻာ့ဖလားၿပိဳင္ပြဲမွာေတာ့ ဘရာဇီးတုိ႔ရဲ႕အစဥ္အလာအရ နာမည္ႀကီးခဲ့မႈကို ျပန္လည္ဖာေထးႏုိင္ဖိုိ႔အတြက္ ႀကိဳးစားလာၾကမွာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဘရာဇီးတို႔ ေနာက္ဆံုးမွာ ခ်န္ပီယံအျဖစ္နဲ႔ အိမ္အျပန္လွသြားမလား ဆိုတာကေတာ့ ေစာင့္ၾကည့္သြားရမွာပါ။

ဆြစ္ဇာလန္

လက္ရွိအဆင့္ – ၆

ကမၻာ့ဖလားၿပိဳင္ပြဲ ပါ၀င္ခဲ့မႈသမိုင္း – ၁၀ ႀကိမ္ (၁၉၃၄၊ ၁၉၃၈၊ ၁၉၅၀၊ ၁၉၅၄၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၉၄၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄)

အျမင့္ဆံုးရပ္တည္မႈ – ကြာတား (ေ၉၃၄၊   ၁၉၃၈၊ ၁၉၅၄)

ယခုၿပိဳင္ပြဲတြင္ ကစားရမည့္အုပ္စုပဲြစဥ္မ်ား – ဇြန္ ၁၇ (ဘရာဇီး)၊ ဇြန္ ၂၂ (ဆာဗီးယား)၊ ဇြန္ ၂၇ (ေကာ္စတာရီကာ)

အသင္းေခါင္းေဆာင္ – လက္ခ်္စတိန္နာ

အဓိက ကစားသမား – ဇာခါ

နည္းျပ – ပက္ကိုဗစ္

ကမၻာ့အဆင့္သတ္မွတ္ခ်က္မွာ အဆင့္ ၁၀ အတြင္း ၀င္ေရာက္ေနတဲ့ ဆြစ္ဇာလန္တို႔ဟာ အဓိကၿပိဳင္ပြဲႀကီးေတြမွာေတာ့ ဗုိလ္စြဲဖို႔ေရပန္းအစားဆံုး အသင္းေတြထဲမွာ ဘယ္တုန္းကမွ ပါ၀င္လာခဲ့ျခင္း မရွိခဲ့ပါဘူး။ သူတို႔အသင္းဟာ ခံစစ္ပိုင္းကုိ အဓိကထားၿပီး တည္ေဆာက္ဖုိ႔ရည္ရြယ္ထားပါတယ္။ ၂၀၀၆ ကမၻာ့ဖလားၿပိဳင္ပြဲတုန္းက ဆြစ္ဇာလန္တု႔ိ ပင္နယ္တီဆံုးျဖတ္ခ်က္နဲ႔သာ ရံႈးနိမ့္ခဲ့ရေပမယ့္ ပြဲကစားခ်ိန္ေတြမွာေတာ့ တစ္ဂိုးမွမေပးရေအာင္ ကစားႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ တုိက္စစ္ပိုင္းကေတာ့ အၿမဲလိုလို အားနည္းမႈေတြ ရွိေနခဲ့တာပါ။ ဒီႏွစ္ဆြစ္ဇာလန္အသင္းရဲ႕ ကြင္းလယ္ပိုင္းကေတာ့ ဇာခါ၊ ဘီဟာမီတို႔နဲ႔အတူ ရွာကီြရီတို႔ရွိေနျခင္းေၾကာင့္ ကြင္းလယ္ပိုင္းကေတာ့ အုပ္စုတြင္းအသင္းေတြနဲ႔ေတာ့ ယွဥ္ၿပိဳင္ႏုိင္စြမ္းရွိတဲ့ အေနအထားပါ။

ေကာ္စတာရီကာ

လက္ရွိအဆင့္ – ၂၃

ကမၻာ့ဖလားၿပိဳင္ပြဲ ပါ၀င္ခဲ့မႈသမိုင္း – ၄ ႀကိမ္ (၁၉၉၀၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၄)

အျမင့္ဆံုးရပ္တည္မႈ – ကြာတား (၂၀၁၄)

ယခုၿပိဳင္ပြဲတြင္ ကစားရမည့္အုပ္စုပဲြစဥ္မ်ား – ဇြန္ ၁၇ (ဆာဗီးယား)၊ ဇြန္ ၂၂ (ဘရာဇီး)၊ ဇြန္ ၂၇ (ဆြစ္ဇာလန္)

အသင္းေခါင္းေဆာင္ – ဘရိုင္ယန္ရုဇ္

အဓိက ကစားသမား – ေကလာနာဗက္စ္

နည္းျပ – ေအာ္စကာရာမီးယက္စ္

ေကာ္စတာရီကာအသင္းဟာ ကမၻာ့ဖလားကို ရယူထားႏုိင္ခဲ့ျခင္း မရွိဘူးဆုိေပမယ့္ စင္ထရယ္အေမရိက အသင္းေတြအနက္ေတာ့ အေအာင္ျမင္ဆံုးအသင္းအျဖစ္ ရွိေနခဲ့တာပါ။ ၿပီးခဲ့တဲ့ ကမၻာ့ဖလားတုန္းက ေကာ္စတာရီကာဟာ အီတလီ၊ ဥရုေဂြး၊ အဂၤလန္အသင္းတို႔နဲ႔ တစ္အုပ္စုတည္း က်ေရာက္ခဲ့ေပမယ့္ အုပ္စုဗုိလ္နဲ႔ ေနာက္တစ္ဆင့္ကို တက္ႏုိင္ခဲ့သလို ကြာတားဖို္င္နယ္အထိ တက္ေရာက္ႏုိင္ခဲ့ၿပီး ေဟာ္လန္အသင္းကို ပင္နယ္တီအဆံုးအျဖတ္မွာ အေရနိမ့္ခဲ့လို႔ ၿပိဳင္ပြဲက ထြက္ခြာခဲ့ရတာပါ။ အဲဒီအေနအထားအထိ တက္ေရာက္ႏုိင္ေအာင္လည္း ဂိုးသမားနာဗက္စ္ရဲ႕ လက္စြမ္းျပမႈေတြေၾကာင့္ ပါ၀င္လာခဲ့သလို နာဗက္စ္အေနနဲ႔ ဒီအက်ိဳးဆက္အေနနဲ႔ ရီးရဲမက္ဒရစ္အသင္းကိုပါ ေျပာင္းေရႊ႕ခြင့္ရခဲ့တာလည္း ျဖစ္ပါတယ္။ ဒီႏွစ္ၿပိဳင္ပြဲမွာေတာ့ ေကာ္စတာရီကာတို႔ ၿပီးခဲ့တဲ့ၿပိဳင္ပြဲကလိုမ်ိဳး စြမ္းေဆာင္ႏုိင္ဖို႔ကေတာ့ အနည္းငယ္ခက္ခဲမႈေတြ ရွိလာႏုိင္ပါတယ္။

ဆာဗီးယား

လက္ရွိအဆင့္ – ၃၄

ကမၻာ့ဖလားၿပိဳင္ပြဲ ပါ၀င္ခဲ့မႈသမိုင္း – ၁၁ ႀကိမ္ (၁၉၃၀၊ ၁၉၅၀၊ ၁၉၅၄၊ ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၂၊ ၁၉၉၀၊ ၁၉၉၈၊  ၂၀၀၆၊ ၂၀၁၀)

အျမင့္ဆံုးရပ္တည္မႈ – စတုတၳ (ေ၉၃၀၊ ၁၉၆၂)

ယခုၿပိဳင္ပြဲတြင္ ကစားရမည့္အုပ္စုပဲြစဥ္မ်ား – ဇြန္ ၁၇ (ေကာ္စတာရီကာ)၊ ဇြန္၂၂ (ဆြစ္ဇာလန္)၊ ဇြန္ ၂၇ (ဘရာဇီး)

အသင္းေခါင္းေဆာင္ – ကိုလာေရာ့ဗ္

အဓိက ကစားသမား – မာတစ္

နည္းျပ – ခရက္စတာဂ်စ္

ယခုကမၻာ့ဖလားၿပိဳင္ပြဲဟာ ဆာဗီးယားတို႔အတြက္ ဆားဗီးယားအသင္းရယ္လို႔ နာမည္တပ္ၿပီးေနာက္ပိုင္း ပါ၀င္ယွဥ္ၿပိဳင္ခြင့္ရတဲ့ ဒုတိယေျမာက္ၿပိဳင္ပြဲႀကီးျဖစ္ပါတယ္။ ယခင္ကေတာ့ ယူဂိုဆလားဗီးယားအေနန႔ဲ ေနာက္ပိုင္းမွာ ဆာဗီးယားနဲ႔ မြန္တီနီဂရိုးဆိုတဲ့ ကုိယ္စားျပဳမႈမ်ိဳးနဲ႔ေတာ့ ပါ၀င္ခြင့္မ်ားစြာ ရခဲ့ဖူးပါတယ္။

ယခုအုပ္စုအေနအထားအရ ဆာဗီးယားတုိ႔ ႏွစ္ ၅၀ ေက်ာ္အၾကာက ေအာင္ျမင္မႈမ်ိဳး ျပန္လည္ရယူႏုိင္မယ့္ အခြင့္အေရးေတြ ရွိေနပါတယ္။ လက္ရွိဆာဗီးယားအသင္းကလည္း ကြင္းလယ္ပိုင္းမွာ မန္ယူးကစားသမား မာတစ္၊ လူငယ္ေသြးသစ္ကစားသမား ဆာဗစ္တုိ႔ရဲ႕ ပံ့ပိုးအားနဲ႔ အေကာင္းဆံုးဖြဲ႕စည္းထားတာပါ။ ဒါေၾကာင့္ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္ဖို႔ဆိုရင္ေတာ့ အဓိကထားကစားရမယ့္အသင္းဟာ ဆြစ္ဇာလန္ျဖစ္တယ္လို႔ ဆိုရမွာပါ။

unicode

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့ အကြောင်းအရာများ အပိုင်း (၅) အုပ်စု (E)

ဘရာဇီး
လက်ရှိအဆင့် – ၂
ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ခဲ့မှုသမိုင်း – ကျင်းပပြီးစီးခဲ့သည့် အကြိမ် ၂၀ လုံးတွင် ပါဝင်ခွင့်ရခဲ့သည်။
အမြင့်ဆုံးရပ်တည်မှု – ချန်ပီယံ (၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄၊ ၂၀၀၂)
ယခုပြိုင်ပွဲတွင် ကစားရမည့်အုပ်စုပွဲစဉ်များ – ဇွန် ၁၇ (ဆွစ်ဇာလန်)၊ ဇွန် ၂၂ (ကော်စတာရီကာ)၊ ဇွန် ၂၇ (ဆားဗီးယား)
အသင်းခေါင်းဆောင် – ဗာရီးယက်စ်
အဓိက ကစားသမား – နေမာ
နည်းပြ – တစ်တီ
ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ဘရာဇီးအသင်းဟာ သူတို့ရဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားကြီးကိုလည်း ယခုပြိုင်ပွဲမှာ ရယူနိုင်ဖို့ရည်မှန်းထားတာပါ။ နည်းပြတစ်တီရွေးချယ်ထားတဲ့ ဘရာဇီးအသင်းရဲ့ တိုက်စစ်ပိုင်းကလည်း လက်ရှိကမ္ဘာ့ဖလားမှာတော့ ရေပန်းအစားဆုံး တိုက်စစ်အတွဲတွေ ဖြစ်လာခဲ့သလို လက်ရှိအုပ်စုမှာလည်း အုပ်စုဗိုလ်နဲ့ နောက်တစ်ဆင့်ကို တက်နိုင်မယ့်အသင်းလို့ ခန့်မှန်းထားကြတာပါ။
ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားအဆင့်မှာ ဘရာဇီးတို့ ဂျာမနီကို ၇-၁ ဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့မှုကြောင့် ယခုကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဘရာဇီးတို့ရဲ့အစဉ်အလာအရ နာမည်ကြီးခဲ့မှုကို ပြန်လည်ဖာထေးနိုင်ဖိို့အတွက် ကြိုးစားလာကြမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘရာဇီးတို့ နောက်ဆုံးမှာ ချန်ပီယံအဖြစ်နဲ့ အိမ်အပြန်လှသွားမလား ဆိုတာကတော့ စောင့်ကြည့်သွားရမှာပါ။
ဆွစ်ဇာလန်
လက်ရှိအဆင့် – ၆
ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ခဲ့မှုသမိုင်း – ၁၀ ကြိမ် (၁၉၃၄၊ ၁၉၃၈၊ ၁၉၅၀၊ ၁၉၅၄၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၉၄၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄)
အမြင့်ဆုံးရပ်တည်မှု – ကွာတား (ေ၉၃၄၊ ၁၉၃၈၊ ၁၉၅၄)
ယခုပြိုင်ပွဲတွင် ကစားရမည့်အုပ်စုပွဲစဉ်များ – ဇွန် ၁၇ (ဘရာဇီး)၊ ဇွန် ၂၂ (ဆာဗီးယား)၊ ဇွန် ၂၇ (ကော်စတာရီကာ)
အသင်းခေါင်းဆောင် – လက်ချ်စတိန်နာ
အဓိက ကစားသမား – ဇာခါ
နည်းပြ – ပက်ကိုဗစ်
ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၀ အတွင်း ဝင်ရောက်နေတဲ့ ဆွစ်ဇာလန်တို့ဟာ အဓိကပြိုင်ပွဲကြီးတွေမှာတော့ ဗိုလ်စွဲဖို့ရေပန်းအစားဆုံး အသင်းတွေထဲမှာ ဘယ်တုန်းကမှ ပါဝင်လာခဲ့ခြင်း မရှိခဲ့ပါဘူး။ သူတို့အသင်းဟာ ခံစစ်ပိုင်းကို အဓိကထားပြီး တည်ဆောက်ဖို့ရည်ရွယ်ထားပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဆွစ်ဇာလန်တို့ ပင်နယ်တီဆုံးဖြတ်ချက်နဲ့သာ ရှုံးနိမ့်ခဲ့ရပေမယ့် ပွဲကစားချိန်တွေမှာတော့ တစ်ဂိုးမှမပေးရအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်ပိုင်းကတော့ အမြဲလိုလို အားနည်းမှုတွေ ရှိနေခဲ့တာပါ။ ဒီနှစ်ဆွစ်ဇာလန်အသင်းရဲ့ ကွင်းလယ်ပိုင်းကတော့ ဇာခါ၊ ဘီဟာမီတို့နဲ့အတူ ရှာကွီရီတို့ရှိနေခြင်းကြောင့် ကွင်းလယ်ပိုင်းကတော့ အုပ်စုတွင်းအသင်းတွေနဲ့တော့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အနေအထားပါ။
ကော်စတာရီကာ
လက်ရှိအဆင့် – ၂၃
ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ခဲ့မှုသမိုင်း – ၄ ကြိမ် (၁၉၉၀၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၄)
အမြင့်ဆုံးရပ်တည်မှု – ကွာတား (၂၀၁၄)
ယခုပြိုင်ပွဲတွင် ကစားရမည့်အုပ်စုပွဲစဉ်များ – ဇွန် ၁၇ (ဆာဗီးယား)၊ ဇွန် ၂၂ (ဘရာဇီး)၊ ဇွန် ၂၇ (ဆွစ်ဇာလန်)
အသင်းခေါင်းဆောင် – ဘရိုင်ယန်ရုဇ်
အဓိက ကစားသမား – ကေလာနာဗက်စ်
နည်းပြ – အော်စကာရာမီးယက်စ်
ကော်စတာရီကာအသင်းဟာ ကမ္ဘာ့ဖလားကို ရယူထားနိုင်ခဲ့ခြင်း မရှိဘူးဆိုပေမယ့် စင်ထရယ်အမေရိက အသင်းတွေအနက်တော့ အအောင်မြင်ဆုံးအသင်းအဖြစ် ရှိနေခဲ့တာပါ။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက ကော်စတာရီကာဟာ အီတလီ၊ ဥရုဂွေး၊ အင်္ဂလန်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပေမယ့် အုပ်စုဗိုလ်နဲ့ နောက်တစ်ဆင့်ကို တက်နိုင်ခဲ့သလို ကွာတားဖို်င်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီး ဟော်လန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အရေနိမ့်ခဲ့လို့ ပြိုင်ပွဲက ထွက်ခွာခဲ့ရတာပါ။ အဲဒီအနေအထားအထိ တက်ရောက်နိုင်အောင်လည်း ဂိုးသမားနာဗက်စ်ရဲ့ လက်စွမ်းပြမှုတွေကြောင့် ပါဝင်လာခဲ့သလို နာဗက်စ်အနေနဲ့ ဒီအကျိုးဆက်အနေနဲ့ ရီးရဲမက်ဒရစ်အသင်းကိုပါ ပြောင်းရွှေ့ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာတော့ ကော်စတာရီကာတို့ ပြီးခဲ့တဲ့ပြိုင်ပွဲကလိုမျိုး စွမ်းဆောင်နိုင်ဖို့ကတော့ အနည်းငယ်ခက်ခဲမှုတွေ ရှိလာနိုင်ပါတယ်။
ဆာဗီးယား
လက်ရှိအဆင့် – ၃၄
ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ခဲ့မှုသမိုင်း – ၁၁ ကြိမ် (၁၉၃၀၊ ၁၉၅၀၊ ၁၉၅၄၊ ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၂၊ ၁၉၉၀၊ ၁၉၉၈၊ ၂၀၀၆၊ ၂၀၁၀)
အမြင့်ဆုံးရပ်တည်မှု – စတုတ္ထ (ေ၉၃၀၊ ၁၉၆၂)
ယခုပြိုင်ပွဲတွင် ကစားရမည့်အုပ်စုပွဲစဉ်များ – ဇွန် ၁၇ (ကော်စတာရီကာ)၊ ဇွန်၂၂ (ဆွစ်ဇာလန်)၊ ဇွန် ၂၇ (ဘရာဇီး)
အသင်းခေါင်းဆောင် – ကိုလာရော့ဗ်
အဓိက ကစားသမား – မာတစ်
နည်းပြ – ခရက်စတာဂျစ်
ယခုကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဆာဗီးယားတို့အတွက် ဆားဗီးယားအသင်းရယ်လို့ နာမည်တပ်ပြီးနောက်ပိုင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ဒုတိယမြောက်ပြိုင်ပွဲကြီးဖြစ်ပါတယ်။ ယခင်ကတော့ ယူဂိုဆလားဗီးယားအနေနဲ့ နောက်ပိုင်းမှာ ဆာဗီးယားနဲ့ မွန်တီနီဂရိုးဆိုတဲ့ ကိုယ်စားပြုမှုမျိုးနဲ့တော့ ပါဝင်ခွင့်များစွာ ရခဲ့ဖူးပါတယ်။
ယခုအုပ်စုအနေအထားအရ ဆာဗီးယားတို့ နှစ် ၅၀ ကျော်အကြာက အောင်မြင်မှုမျိုး ပြန်လည်ရယူနိုင်မယ့် အခွင့်အရေးတွေ ရှိနေပါတယ်။ လက်ရှိဆာဗီးယားအသင်းကလည်း ကွင်းလယ်ပိုင်းမှာ မန်ယူးကစားသမား မာတစ်၊ လူငယ်သွေးသစ်ကစားသမား ဆာဗစ်တို့ရဲ့ ပံ့ပိုးအားနဲ့ အကောင်းဆုံးဖွဲ့စည်းထားတာပါ။ ဒါကြောင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ဆိုရင်တော့ အဓိကထားကစားရမယ့်အသင်းဟာ ဆွစ်ဇာလန်ဖြစ်တယ်လို့ ဆိုရမှာပါ။

Check Also

ကမၻာ့ဖလားၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သံုးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား

zawgyi အုပ္စု (A) ရုရွား လက္ရွိကမၻာ့အဆင့္ – ၆၆ ကမၻာ့ဖလားၿပိဳင္ပြဲပါ၀င္ခဲ့မႈ သမိုင္း – ၁၁ ႀကိမ္ (၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ …