Friday , August 17 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / ကမၻာ့ဖလားၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံုးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့ အေၾကာင္းအရာမ်ား အပိုင္း (၄) အုပ္စု (D)

ကမၻာ့ဖလားၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံုးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့ အေၾကာင္းအရာမ်ား အပိုင္း (၄) အုပ္စု (D)

zawgyi

ကမၻာ့ဖလားၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံုးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့ အေၾကာင္းအရာမ်ား အပိုင္း (၄) အုပ္စု (D)

အာဂ်င္တီးနား

လက္ရွိအဆင့္ – ၅

ကမၻာ့ဖလားၿပိဳင္ပြဲ ပါ၀င္ခဲ့မႈသမုိင္း – ၁၆ ႀကိမ္ (၁၉၃၀၊ ၁၉၃၄၊ ၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄)

အျမင့္ဆံုးရပ္တည္မႈ – ခ်န္ပီယံ (၁၉၇၈၊ ၁၉၈၆)

ယခုၿပိဳင္ပြဲတြင္ကစားရမည့္ အုပ္စုပဲြစဥ္မ်ား – ဇြန္ ၁၆ (အုိက္စလန္)၊ ဇြန္၂၁ (ခရိုေအးရွား)၊ ဇြန္ ၂၆ (ႏိုင္ဂ်ီးရီးယား)

အသင္းေခါင္းေဆာင္ – မက္ဆီ

အဓိကကစားသမား – မက္ဆီ

နည္းျပ – ဆမ္ပါအိုလီ

၂၀၁၈ ခုႏွစ္ ကမၻာ့ဖလားၿပိဳင္ပြဲဟာ မက္ဆီအတြက္ေတာ့ ၿပိဳင္ပြဲႀကီးတစ္ခုမွာ အာဂ်င္တီးနားအသင္းနဲ႔အတူ အဓိကဆုဖလားရယူႏုိင္ဖို႔အတြက္ အေကာင္းဆံုးအခြင့္အေရးပါ။ မက္ဆီဟာ လက္ရွိအခ်ိန္မွာလည္း အာဂ်င္တီးနားအသင္းအတြက္ ဂိုးအမ်ားဆံုးသြင္းယူထားသူအျဖစ္ ရွိေနသလို အာဂ်င္တီးနားအသင္းကို ယခုကမၻာ့ဖလားၿပိဳင္ပြဲမွာ ပါ၀င္ခြင့္ရႏုိင္ဖုိ႔ အေရးပါတဲ့ေနရာတစ္ခုကေန ပါ၀င္ကစားေပးခဲ့တာပဲ ျဖစ္ပါတယ္။ ဒီႏွစ္ကမၻာ့ဖလားၿပိဳင္ပြဲမ်ားရဲ႕ အုပ္စု ၈ စုအနက္ ယခုအုပ္စုဟာ အက်ပ္ဆံုးအုပ္စုလို႔ ေျပာရမွာပါ။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ၂၀၁၄ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ဗုိလ္လုပြဲအထိ တက္လွမ္းႏုိင္ခဲ့တဲ့ အာဂ်င္တီးနားအသင္းကေတာ့ အုပ္စုဗုိလ္နဲ႔ တက္ႏုိင္လိမ့္မယ္လို႔ ေရပန္းအစားဆံုးျဖစ္ေနပါတယ္။

အိုက္စလန္

လက္ရွိအဆင့္ –  ၂၂

ကမၻာ့ဖလားၿပိဳင္ပြဲ ပါ၀င္ခဲ့မႈသမုိင္း – ယခုပါ၀င္မႈမွာ ပထမဆံုးအႀကိမ္ျဖစ္သည္။

အျမင့္ဆံုးရပ္တည္မႈ – မရွိ

ယခုၿပိဳင္ပြဲတြင္ကစားရမည့္ အုပ္စုပဲြစဥ္မ်ား – ဇြန္ ၁၆ (အာဂ်င္တီးနား)၊ ဇြန္ ၂၂ (ႏိုင္ဂ်ီးရီးယား)၊ ဇြန္ ၂၆ (ခရိုးေအးရွား)။

အသင္းေခါင္းေဆာင္ – ဂန္နာဆြန္

အဓိကကစားသမား – ဆီဂတ္ဆန္

နည္းျပ – ဟဲလ္ဂရင္ဆြန္

အုိက္စလန္အသင္းဟာ လြန္ခဲ့တဲ့ ၂ ႏွစ္ကလည္း အဓိကၿပိဳင္ပဲြႀကီးမွာ စတင္ပါ၀င္ခြင့္ရခဲ့ပါတယ္။ အဲဒီပါ၀င္ခြင့္ရတဲ့ ယူရို ၂၀၁၆ ၿပိဳင္ပြဲမွာပဲ အဂၤလန္အသင္းကို အႏုိင္ကစားခဲ့ၿပီး ကြာတားဖိုင္နယ္အဆင့္အထိ တက္ေရာက္ႏုိင္ခဲ့ပါတယ္။ အဲဒီအဆင့္မွာေတာ့ ျပင္သစ္နဲ႔ေတြ႕ၿပီး ရံႈးနိမ့္ခဲ့ပါတယ္။

ကမၻာ့ဖလားၿပိဳင္ပဲြမွာ ပါ၀င္ခြင့္၇တဲ့ႏုိင္ငံမ်ားအနက္ အငယ္ဆံုးႏုိင္ငံအျဖစ္ ရွိေနေပမယ့္ သူတုိ႔ရဲ႕ ယူရိုၿပိဳင္ပြဲမွာ စြမ္းေဆာင္ႏုိင္ခဲ့မႈအရွိန္ဟာ ဒီကမၻာ့ဖလားအထိ ဆက္လက္သယ္ေဆာင္လာဖို႔ ရွိေနပါတယ္။ ဒီကမၻာ့ဖလားမွာ ရံႈးထြက္အဆင့္ကို တက္ေရာက္ႏုိင္ျခင္းဟာ သူတို႔အဆင့္ျမင့္ဆံုး ေအာင္ျမင္မႈတစ္ခု ျဖစ္လာဖုိ႔ရွိေနေပမယ့္ အသင္းရဲ႕အဓိကကစားသမား ဆီဂတ္ဆန္ရဲ႕ ႀကံ့ခုိင္မႈျပည့္၀စြာနဲ႔ အသင္းအေပၚ ဘယ္ေလာက္အထိ စြမ္းေဆာင္ေပးႏုိင္မလဲဆိုတဲ့အခ်က္အေပၚ မူတည္ေနပါတယ္။

ဒီၿပိဳင္ပြဲမွာ သူတို႔ဘာမွလုပ္မျပႏုိင္ဘူးဆိုရင္ေတာင္ သူတို႔ပရိသတ္ေတြကေတာ့ အဓိကၿပိဳင္ပြဲႀကီးႏွစ္ခုဆက္ ပါ၀င္ခြင့္ရျခင္းကိုပဲ ဂုဏ္ယူမဆံုးျဖစ္ေနမွာပါ။

ခရိုေအးရွား

လက္ရွိအဆင့္ – ၂၀

ကမၻာ့ဖလားၿပိဳင္ပြဲ ပါ၀င္ခဲ့မႈသမုိင္း – ၄ ႀကိမ္ –  (၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၄)

အျမင့္ဆံုးရပ္တည္မႈ – တတိယ ( ၁၉၉)

ယခုၿပိဳင္ပြဲတြင္ကစားရမည့္ အုပ္စုပဲြစဥ္မ်ား – ဇြန္ ၁၆ (ႏုိင္ဂ်ီးရီးယား)၊ ဇြန္ ၂၁ (အာဂ်င္တီးနား)၊ ဇြန္ ၂၆ (အုိက္စလန္)။

အသင္းေခါင္းေဆာင္ – မုိဒရစ္။

အဓိကကစားသမား – မိုဒရစ္။

နည္းျပ – ဒါလစ္

၁၉၉၀ ေနာက္ပိုင္း လြတ္လပ္တဲ့ႏုိင္ငံတစ္ခုျဖစ္လာခဲ့ၿပီးေနာက္ ခရိုးေအးရွားအသင္းဟာ ကမၻာ့ဖားၿပိဳင္ပြဲကို တစ္ႀကိမ္သာ ပါ၀င္ခြင့္မရခဲ့တာပါ။ ဒါေပမယ့္လည္း သူတုိ႔ဟာ တစ္ႀကိမ္သာ ရံႈးထြက္အဆင့္နဲ႔ပင္ ေက်နပ္ခဲ့ရသလို ယခုႏွစ္ၿပိဳင္ပြဲ၀င္ ကစားသမားစာရင္းအရလည္း ၁၉၉၈ ခုႏွစ္က မ်ိဳးဆက္ေတြလိုပဲ ဆီမီးဖို္င္နယ္အဆင့္အထိ တက္လွမ္းႏုိင္ဖို႔ ေမွ်ာ္လင့္ေနၾကတာပါ။

နည္းျပ ဒါလစ္အတြက္ အဓိကအားထားရသူကေတာ့ မုိဒရစ္၊ ရာကီတစ္တို႔ရဲ႕ ကြင္းလယ္ပိုင္းျဖစ္ေပမယ့္ သူတို႔ႏွစ္ဦးလံုးဟာ ၃၀ ေက်ာ္ေတြျဖစ္ေနသလို ဒီၿပိဳင္ပြဲကလည္း သူတို႔ႏွစ္ဦးအတြက္ ေနာက္ဆံုးယွဥ္ၿပိဳင္ရမယ့္ ကမၻာ့ဖလားလည္း ျဖစ္သြားႏုိင္ပါတယ္။ ဒါေပမယ့္ မ်ိဳးဆက္သစ္ကစားသမားေတြအျဖစ္ ေလဗာကူဆင္ ခံစစ္ကစားသမား တင္ဂ်ာဗဲ၊ ဂ်ဴဗင္ကစားသမား မာကိုပီကာ၊ ရီးရဲကစားသမား ကိုဗာစစ္တုိ႔ေတာ့ ရွိေနပါေသးတယ္။

ႏုိင္ဂ်ီးရီးယား

လက္ရွိအဆင့္ – ၄၈

ကမၻာ့ဖလားၿပိဳင္ပြဲ ပါ၀င္ခဲ့မႈသမုိင္း – ၅ ႀကိမ္ – (၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၁၀၊ ၂၀၁၄)

အျမင့္ဆံုးရပ္တည္မႈ – ၁၆ သင္းအဆင့္ (၁၉၉၄၊ ၁၉၉၈၊ ၂၀၁၄)

ယခုၿပိဳင္ပြဲတြင္ကစားရမည့္ အုပ္စုပဲြစဥ္မ်ား – ဇြန္ ၁၆ (ခရိုေအးရွား)၊ ဇြန္ ၂၂ (အုိက္စလန္)၊ ဇြန္ ၂၆ (အာဂ်င္တီးနား)။

အသင္းေခါင္းေဆာင္ –  မီေခးလ္။

အဓိကကစားသမား – ေမာ့ဆက္

နည္းျပ – ဂါေနာ့ေရာ့

ႏုိင္ဂ်ီးရီးယားနဲ႔ အာဂ်င္တီးနားတုိ႔ ဆံုေတြ႕မႈကေတာ့ သူတု႔ိရဲ႕ ကမၻာ့ဖလား၀င္ခြင့္ ၆ ႀကိမ္မွာ ၅ ႀကိမ္တုိင္ ဆံုေတြ႕မႈလည္း ျဖစ္ပါတယ္။ ဒီႏွစ္မွာေတာ့ ဒီပြဲစဥ္ဟာ အုပ္စုေနာက္ဆံုးပဲြစဥ္အျဖစ္ ကစားရမွာပါ။ ဒီပြဲစဥ္ကလည္း ႏုိင္ဂ်ီးရီးယားတုိ႔အတြက္ မႏုိင္မျဖစ္ကစားရမယ့္ ပဲြစဥ္လည္း ျဖစ္လာဖို႔ရွိေနပါတယ္။ ႏုိင္ဂ်ီးရီးယားအသင္းဟာ ကမၻာ့ဖလားေျခစစ္ပဲြစဥ္တုန္းကလည္း ဇမ္ဘီးယား၊ အယ္ဂ်ီးရီးယား၊ ကင္မရြန္းတို႔နဲ႔အတူ အုပ္စုက်ပ္ထဲမွာ က်ေရာက္ခဲ့တာပါပဲ။ ႏုိင္ဂ်ီးရီးယားအသင္းတို႔ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္ဖို႔ဆိုရင္ေတာ့ အီ၀ိုဘီ၊ အီဟာနာခ်ိဳတုိ႔ရဲ႕ ေျခစြမ္းအေပၚမွာ မူတည္သြားႏုိင္ပါတယ္။ ဒါ့အျပင္ ေျခစစ္ပြဲစဥ္ေတြတုန္းက ၃ ဂိုးသြင္းယူေပးခဲ့တဲ့ ေမာ့ဆက္ကလည္း ႏုိင္ဂ်ီးရီးယားအသင္းအတြက္ အားထားရတဲ့ကစားသမားအျဖစ္ ရွိေနပါေသးတယ္။

unicode

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုုံးသပ်ချက်များနဲ့ သိထားသင့်တဲ့ အကြောင်းအရာများ အပိုင်း (၄) အုပ်စု (D)

အာဂျင်တီးနား
လက်ရှိအဆင့် – ၅
ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ခဲ့မှုသမိုင်း – ၁၆ ကြိမ် (၁၉၃၀၊ ၁၉၃၄၊ ၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄)
အမြင့်ဆုံးရပ်တည်မှု – ချန်ပီယံ (၁၉၇၈၊ ၁၉၈၆)
ယခုပြိုင်ပွဲတွင်ကစားရမည့် အုပ်စုပွဲစဉ်များ – ဇွန် ၁၆ (အိုက်စလန်)၊ ဇွန်၂၁ (ခရိုအေးရှား)၊ ဇွန် ၂၆ (နိုင်ဂျီးရီးယား)
အသင်းခေါင်းဆောင် – မက်ဆီ
အဓိကကစားသမား – မက်ဆီ
နည်းပြ – ဆမ်ပါအိုလီ
၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ မက်ဆီအတွက်တော့ ပြိုင်ပွဲကြီးတစ်ခုမှာ အာဂျင်တီးနားအသင်းနဲ့အတူ အဓိကဆုဖလားရယူနိုင်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးပါ။ မက်ဆီဟာ လက်ရှိအချိန်မှာလည်း အာဂျင်တီးနားအသင်းအတွက် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရှိနေသလို အာဂျင်တီးနားအသင်းကို ယခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရနိုင်ဖို့ အရေးပါတဲ့နေရာတစ်ခုကနေ ပါဝင်ကစားပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲများရဲ့ အုပ်စု ၈ စုအနက် ယခုအုပ်စုဟာ အကျပ်ဆုံးအုပ်စုလို့ ပြောရမှာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တဲ့ အာဂျင်တီးနားအသင်းကတော့ အုပ်စုဗိုလ်နဲ့ တက်နိုင်လိမ့်မယ်လို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။
အိုက်စလန်
လက်ရှိအဆင့် – ၂၂
ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ခဲ့မှုသမိုင်း – ယခုပါဝင်မှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
အမြင့်ဆုံးရပ်တည်မှု – မရှိ
ယခုပြိုင်ပွဲတွင်ကစားရမည့် အုပ်စုပွဲစဉ်များ – ဇွန် ၁၆ (အာဂျင်တီးနား)၊ ဇွန် ၂၂ (နိုင်ဂျီးရီးယား)၊ ဇွန် ၂၆ (ခရိုးအေးရှား)။
အသင်းခေါင်းဆောင် – ဂန်နာဆွန်
အဓိကကစားသမား – ဆီဂတ်ဆန်
နည်းပြ – ဟဲလ်ဂရင်ဆွန်
အိုက်စလန်အသင်းဟာ လွန်ခဲ့တဲ့ ၂ နှစ်ကလည်း အဓိကပြိုင်ပွဲကြီးမှာ စတင်ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲဒီပါဝင်ခွင့်ရတဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲမှာပဲ အင်္ဂလန်အသင်းကို အနိုင်ကစားခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ အဲဒီအဆင့်မှာတော့ ပြင်သစ်နဲ့တွေ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရတဲ့နိုင်ငံများအနက် အငယ်ဆုံးနိုင်ငံအဖြစ် ရှိနေပေမယ့် သူတို့ရဲ့ ယူရိုပြိုင်ပွဲမှာ စွမ်းဆောင်နိုင်ခဲ့မှုအရှိန်ဟာ ဒီကမ္ဘာ့ဖလားအထိ ဆက်လက်သယ်ဆောင်လာဖို့ ရှိနေပါတယ်။ ဒီကမ္ဘာ့ဖလားမှာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခြင်းဟာ သူတို့အဆင့်မြင့်ဆုံး အောင်မြင်မှုတစ်ခု ဖြစ်လာဖို့ရှိနေပေမယ့် အသင်းရဲ့အဓိကကစားသမား ဆီဂတ်ဆန်ရဲ့ ကြံ့ခိုင်မှုပြည့်ဝစွာနဲ့ အသင်းအပေါ် ဘယ်လောက်အထိ စွမ်းဆောင်ပေးနိုင်မလဲဆိုတဲ့အချက်အပေါ် မူတည်နေပါတယ်။
ဒီပြိုင်ပွဲမှာ သူတို့ဘာမှလုပ်မပြနိုင်ဘူးဆိုရင်တောင် သူတို့ပရိသတ်တွေကတော့ အဓိကပြိုင်ပွဲကြီးနှစ်ခုဆက် ပါဝင်ခွင့်ရခြင်းကိုပဲ ဂုဏ်ယူမဆုံးဖြစ်နေမှာပါ။
ခရိုအေးရှား
လက်ရှိအဆင့် – ၂၀
ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ခဲ့မှုသမိုင်း – ၄ ကြိမ် – (၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၄)
အမြင့်ဆုံးရပ်တည်မှု – တတိယ ( ၁၉၉)
ယခုပြိုင်ပွဲတွင်ကစားရမည့် အုပ်စုပွဲစဉ်များ – ဇွန် ၁၆ (နိုင်ဂျီးရီးယား)၊ ဇွန် ၂၁ (အာဂျင်တီးနား)၊ ဇွန် ၂၆ (အိုက်စလန်)။
အသင်းခေါင်းဆောင် – မိုဒရစ်။
အဓိကကစားသမား – မိုဒရစ်။
နည်းပြ – ဒါလစ်
၁၉၉၀ နောက်ပိုင်း လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ပြီးနောက် ခရိုးအေးရှားအသင်းဟာ ကမ္ဘာ့ဖားပြိုင်ပွဲကို တစ်ကြိမ်သာ ပါဝင်ခွင့်မရခဲ့တာပါ။ ဒါပေမယ့်လည်း သူတို့ဟာ တစ်ကြိမ်သာ ရှုံးထွက်အဆင့်နဲ့ပင် ကျေနပ်ခဲ့ရသလို ယခုနှစ်ပြိုင်ပွဲဝင် ကစားသမားစာရင်းအရလည်း ၁၉၉၈ ခုနှစ်က မျိုးဆက်တွေလိုပဲ ဆီမီးဖို်င်နယ်အဆင့်အထိ တက်လှမ်းနိုင်ဖို့ မျှော်လင့်နေကြတာပါ။
နည်းပြ ဒါလစ်အတွက် အဓိကအားထားရသူကတော့ မိုဒရစ်၊ ရာကီတစ်တို့ရဲ့ ကွင်းလယ်ပိုင်းဖြစ်ပေမယ့် သူတို့နှစ်ဦးလုံးဟာ ၃၀ ကျော်တွေဖြစ်နေသလို ဒီပြိုင်ပွဲကလည်း သူတို့နှစ်ဦးအတွက် နောက်ဆုံးယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလားလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် မျိုးဆက်သစ်ကစားသမားတွေအဖြစ် လေဗာကူဆင် ခံစစ်ကစားသမား တင်ဂျာဗဲ၊ ဂျူဗင်ကစားသမား မာကိုပီကာ၊ ရီးရဲကစားသမား ကိုဗာစစ်တို့တော့ ရှိနေပါသေးတယ်။
နိုင်ဂျီးရီးယား
လက်ရှိအဆင့် – ၄၈
ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ခဲ့မှုသမိုင်း – ၅ ကြိမ် – (၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၁၀၊ ၂၀၁၄)
အမြင့်ဆုံးရပ်တည်မှု – ၁၆ သင်းအဆင့် (၁၉၉၄၊ ၁၉၉၈၊ ၂၀၁၄)
ယခုပြိုင်ပွဲတွင်ကစားရမည့် အုပ်စုပွဲစဉ်များ – ဇွန် ၁၆ (ခရိုအေးရှား)၊ ဇွန် ၂၂ (အိုက်စလန်)၊ ဇွန် ၂၆ (အာဂျင်တီးနား)။
အသင်းခေါင်းဆောင် – မီခေးလ်။
အဓိကကစားသမား – မော့ဆက်
နည်းပြ – ဂါနော့ရော့
နိုင်ဂျီးရီးယားနဲ့ အာဂျင်တီးနားတို့ ဆုံတွေ့မှုကတော့ သူတို့ရဲ့ ကမ္ဘာ့ဖလားဝင်ခွင့် ၆ ကြိမ်မှာ ၅ ကြိမ်တိုင် ဆုံတွေ့မှုလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဒီပွဲစဉ်ဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစားရမှာပါ။ ဒီပွဲစဉ်ကလည်း နိုင်ဂျီးရီးယားတို့အတွက် မနိုင်မဖြစ်ကစားရမယ့် ပွဲစဉ်လည်း ဖြစ်လာဖို့ရှိနေပါတယ်။ နိုင်ဂျီးရီးယားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တုန်းကလည်း ဇမ်ဘီးယား၊ အယ်ဂျီးရီးယား၊ ကင်မရွန်းတို့နဲ့အတူ အုပ်စုကျပ်ထဲမှာ ကျရောက်ခဲ့တာပါပဲ။ နိုင်ဂျီးရီးယားအသင်းတို့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ဆိုရင်တော့ အီဝိုဘီ၊ အီဟာနာချိုတို့ရဲ့ ခြေစွမ်းအပေါ်မှာ မူတည်သွားနိုင်ပါတယ်။ ဒါ့အပြင် ခြေစစ်ပွဲစဉ်တွေတုန်းက ၃ ဂိုးသွင်းယူပေးခဲ့တဲ့ မော့ဆက်ကလည်း နိုင်ဂျီးရီးယားအသင်းအတွက် အားထားရတဲ့ကစားသမားအဖြစ် ရှိနေပါသေးတယ်။

Check Also

ကမၻာ့ဖလားၿပိဳင္ပဲြရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၂) အုပ္စု (B)

zawgyi ကမၻာ့ဖလားၿပိဳင္ပဲြရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၂) အုပ္စု (B) အုပ္စု (B)   ေပၚတူဂီ လက္ရွိအဆင့္ – …