Friday , November 16 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / ကမၻာ့ဖလားၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၃) အုပ္စု (C) အုပ္စု (C)

ကမၻာ့ဖလားၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၃) အုပ္စု (C) အုပ္စု (C)

zawgyi

ကမၻာ့ဖလားၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၃) အုပ္စု (C)

အုပ္စု (C)

 

ျပင္သစ္

လက္ရွိအဆင့္ – ၇

ကမၻာ့ဖလားၿပိဳင္ပဲြ ပါ၀င္ခဲ့မႈသမိုင္း – ၁၄ ႀကိမ္ – (၁၉၃၀၊ ၁၉၃၄၊ ၁၉၃၈၊ ၁၉၅၄၊ ၁၉၅၈၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄)။

အျမင့္ဆံုး ရပ္တည္မႈ – ခ်န္ပီယံ (၁၉၉၈)

ယခုၿပိဳင္ပြဲတြင္ကစားရမည့္ အုပ္စုပဲြစဥ္မ်ား – ဇြန္ ၁၆ (ၾသစေၾတးလ်)၊ ဇြန္ ၂၁ (ပီရူး)၊ ဇြန္ ၂၆ (ဒိန္းမတ္)။

အသင္းေခါင္းေဆာင္ – ဟူဂူေလာရစ္

အဓိက ကစားသမား – ဂရစ္ဇ္မန္း

နည္းျပ – ဒက္ခ်မ့္

ျပင္သစ္အသင္းရဲ႕ ေရႊ႕ေခာတ္လုိ႔ ဆိုႏိုင္တဲ့ ၁၉၈၀ ခုႏွစ္ေနာက္ပိုင္းမွာ ေပ်ာ္စရာေတြ၊ စိတ္ညစ္စရာေတြနဲ႔ ႀကံဳေတြ႔ခဲ့ရပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕အိမ္ကြင္းမွာ ကစားခြင့္ရခဲ့တဲ့ ၁၉၉၈ ခုႏွစ္မွာေတာ့ သူတို႔အတြက္ အခြင့္အေရးေတြ ရလာခဲ့ၿပီး ဇီဒန္းဦးေဆာင္တဲ့ ျပင္သစ္အသင္းဟာ ဘရာဇီးကုိ ၃-၀ နဲ႔အႏုိင္ယူၿပီး ကမၻာ့ဖလားႀကီးကို အရယူႏုိင္ခဲ့ပါတယ္။

အဲဒီေနာက္ပိုင္းမွာလည္း ျပင္သစ္အသင္းကို အမ်ားကေမွ်ာ္လင့္ခဲ့ၾကေပမယ့္ အဆုိပါေအာင္ျမင္မႈမ်ိဳး ထပ္မံရယူနုိင္ခ့ဲျခင္းမရွိခဲ့ပါဘူး။ သူတို႔ဟာ ဒီကမၻာ့ဖလားၿပိဳင္ပဲြကို အျခားၿပိဳင္ပဲြေတြလိုပဲ အေကာင္းဆံုး ကစားသမားေတြနဲ႔ ယွဥ္ၿပိဳင္လာမွာပါ။ အသင္းမွာ ေပါ့ဂ္ဘာ၊ ဂရစ္ဇ္မန္း၊ အမ္ဘာပီစတဲ့ ေျခစြမ္းထက္ကစားသမားေတြ ပါ၀င္ေနတယ္ဆိုေပမယ့္ သူတုိ႔ရဲ႕စိတ္ဓာေရးရာပိုင္းမွာ အေကာင္းဆံုးျဖစ္ပါ့မလားဆိုတာကိုပဲ ေမးခြန္းထုတ္စရာရွိပါတယ္။

ၾသစေၾတးလ်

လက္ရွိအဆင့္ – ၄၀

ကမၻာ့ဖလားၿပိဳင္ပဲြ ပါ၀င္ခဲ့မႈသမိုင္း – ၄ ႀကိမ္ (၁၉၇၄၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄)

အျမင့္ဆံုး ရပ္တည္မႈ – ၁၆ သင္းအဆင့္ (၂၀၀၆)

ယခုၿပိဳင္ပြဲတြင္ကစားရမည့္ အုပ္စုပဲြစဥ္မ်ား – ဇြန္ ၁၆ (ျပင္သစ္)၊ ဇြန္ ၂၁ (ဒိန္းမတ္)၊ ဇြန္ ၂၆ (ပီရူး)

အသင္းေခါင္းေဆာင္ – ဂ်က္ဒီနက္

အဓိက ကစားသမား – တြန္ေရာ့ဂ်စ္

နည္းျပ – ဗန္မား၀ွစ္

ၾသစေၾတးလ်အသင္းဟာ ကမၻာ့ဖလားၿပိဳင္ပြဲကို ၁၉၇၄ ခုႏွစ္ကတည္းက ပါ၀င္ခြင့္ရခဲ့ေပမယ့္လည္း ခုေနာက္ပိုင္းႏွစ္မ်ားမွာမွ ဒီၿပိဳင္ပြဲကို ပံုမွန္ဆိုသလို ပါ၀င္ခြင့္ရလာခ့ဲျပန္ပါတယ္။ ဒီႏွစ္ၿပိဳင္ပြဲမွာလည္း အာရွဇုန္အသင္းမ်ားမွ တုိက္ရုိက္ေျခစစ္ပြဲမေအာင္ခဲ့ဘဲ ပေလ့ေအာ့ဖ္အဆင့္ေတြ ကစားခဲ့ၿပီးမွ ယခုလိုေျခစစ္ပဲြကို ေအာင္ျမင္လာခဲ့တာပဲျဖစ္ပါတယ္။ ၾသစေၾတးလ်တုိ႔ရဲ႕အေအာင္ျမင္ဆံုး အခိုက္အတန္႔ျဖစ္တဲ့ ၁၆ သင္းအဆင့္ကို ယခုႏွစ္မွာ ဆက္လက္တက္လွမ္းႏုိင္ဖို႔ိဆုိရင္ေတာ့ သူ႔တို႔ရဲ႕ေျခစြမ္းေတြကို အေကာင္းဆံုး ျပသသြားႏုိင္ဖို႔ေတာ့ လိုပါမယ္။

ပီရူး

လက္ရွိအဆင့္ –  ၁၁

ကမၻာ့ဖလားၿပိဳင္ပဲြ ပါ၀င္ခဲ့မႈသမိုင္း – ၄ႀကိမ္ (၁၉၃၀၊ ၁၉၇၀၊ ၁၉၇၈၊ ၁၉၈၂)

အျမင့္ဆံုး ရပ္တည္မႈ – ကြာတားဖုိင္နယ္ (၁၉၇၀)

ယခုၿပိဳင္ပြဲတြင္ကစားရမည့္ အုပ္စုပဲြစဥ္မ်ား – ဇြန္ ၁၆ (ဒိန္းမတ္)၊ ဇြန္ ၂၁ (ျပင္သစ္)၊ ဇြန္ ၂၆ (ၾသစေၾတးလ်)

အသင္းေခါင္းေဆာင္ – ဂြာရဲရိုး

အဓိက ကစားသမား – ဖာဖန္

နည္းျပ – ရီကာဒိုကာရီကာ

ပီရူးအသင္းဟာ ေတာင္အေမရိကဇုန္ ေျခစစ္ပဲြစဥ္ရဲ႕ အဆင့္ ၅ ေနရာမွာ ရပ္တည္ခဲ့ၿပီးေနာက္ နယူးဇီလန္နဲ႔ ပေလးေအာ့ဖ္ ကစားခဲ့ရၿပီး ယခုအဆင့္ကို တက္ေရာက္လာႏုိင္ခဲ့တာပါ။ ပီရူးအသင္းဟာ ယခုကမၻာ့ဖလားမွာေတာ့ တားျမစ္ေဆးသံုးစဲြမႈေၾကာင့္ ကာလရွည္ပဲြပယ္ျပစ္ဒဏ္ က်ခံခဲ့ရတဲ့အသင္းေခါင္းေဆာင္ ဂြာရဲရိုးနဲ႔အတူ ယွဥ္ၿပိဳင္သြားမွာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဒီၿပိဳင္ပြဲမွာ ဂြာရဲရိုးအေနနဲ႔ ပီရူးအသင္းကို ဘယ္ေလာက္အထိ စြမ္းေဆာင္ေပးသြားႏုိင္မလဲဆိုတာကိုလည္း လူတုိင္းက ေစာင့္ၾကည့္ေနၾကပါတယ္။ ဒီအုပ္စုမွာေတာ့ ျပင္သစ္ၿပီးရင္ က်န္အသင္း ၃ သင္းလံုးဟာ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိ္ုင္ဖို႔ အခြင့္အေရးရွိေနၾကတာမို႔ ပီရူးတို႔လည္း ဒီအခြင့္အေရးကို အသံုးခ်ႏုိင္ဖို႔ဆိုရင္ ပထမကစားရမယ့္ အုပ္စုပြဲစဥ္မွာ ရလဒ္ေကာင္းရဖုိ႔ေတာ့ လိုမွာပါ။

ဒိန္းမတ္

လက္ရွိအဆင့္ – ၁၂

ကမၻာ့ဖလားၿပိဳင္ပဲြ ပါ၀င္ခဲ့မႈသမိုင္း – ၄ ႀကိမ္ (၁၉၈၆၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၁၀)

အျမင့္ဆံုး ရပ္တည္မႈ – ကြာတားဖိုင္နယ္ (၁၉၉၈)

ယခုၿပိဳင္ပြဲတြင္ကစားရမည့္ အုပ္စုပဲြစဥ္မ်ား – ဇြႏ္ ၁၆ (ပီရူး)၊ ဇြန္ ၂၁ (ၾသစေၾတးလ်)၊ ဇြန္ ၂၆ (ျပင္သစ္)။

အသင္းေခါင္းေဆာင္ – ဆီမြန္ကီဂ်ာ

အဓိက ကစားသမား – အီရစ္ဆင္

နည္းျပ – ဟာရိုင္ဒီ

ဒိန္းမတ္အသင္းကလည္း ဒီၿပိဳင္ပြဲကို ၀င္ေရာက္ခြင့္ရဖို႔အတြက္ ေျမာက္အုိင္ယာလန္အသင္းကို ပေလ့ေအာ့ဖ္အဆင့္မွာ ၅-၁ နဲ႔ အႏုိင္ရခဲ့လို႔ပါ။ ဒီတစ္ႀကိမ္ဟာ ဒိန္းမတ္တို႔အတြက္ ၅ ႀကိမ္ေျမာက္ ပါ၀င္ခြင္ ရျခင္းပါ။ ၿပီးခဲ့တဲ့ ၂၀၁၄ ကမၻာ့ဖလားမွာ ပါ၀င္ခြင့္မရခဲ့တဲ့ေနာက္ ဒီႏွစ္မွာ ဒိန္းမတ္တုိ႔ သူတုိ႔ရဲ႕အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြကို ျပသႏုိင္ဖို႔အတြက္ စိတ္အားထက္သန္ေနၾကတာပါ။ အသင္းမွာေတာ့ ကြင္းလယ္ေက်ာရိုး ေကာင္းမြန္မႈရွိေနေပမယ့္ တုိက္စစ္ပိုင္းမွာေတာ့ ထိပ္တန္းတိုက္စစ္မွဴးေတြ မရွိျခင္းကေတာ့ သူတို႔အတြက္ အားနည္းမႈတစ္ခုလို႔ ဆိုရမွာပါ။ ဒါေပမယ့္ ဒီအုပ္စုမွာေတာ့ ဒိန္းမတ္အသင္းဟာ ျပင္သစ္ၿပီးရင္ အုပ္စုအဆင့္ကို ျဖတ္ေက်ာ္ႏုိင္ဖို႔အတြက္ အလားအလာအေကာင္းဆံုးအသင္းျဖစ္ပါတယ္။

unicode

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၃) အုပ်စု (C)

အုပ်စု (C)
ပြင်သစ်
လက်ရှိအဆင့် – ၇
ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ခဲ့မှုသမိုင်း – ၁၄ ကြိမ် – (၁၉၃၀၊ ၁၉၃၄၊ ၁၉၃၈၊ ၁၉၅၄၊ ၁၉၅၈၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄)။
အမြင့်ဆုံး ရပ်တည်မှု – ချန်ပီယံ (၁၉၉၈)
ယခုပြိုင်ပွဲတွင်ကစားရမည့် အုပ်စုပွဲစဉ်များ – ဇွန် ၁၆ (သြစတြေးလျ)၊ ဇွန် ၂၁ (ပီရူး)၊ ဇွန် ၂၆ (ဒိန်းမတ်)။
အသင်းခေါင်းဆောင် – ဟူဂူလောရစ်
အဓိက ကစားသမား – ဂရစ်ဇ်မန်း
နည်းပြ – ဒက်ချမ့်
ပြင်သစ်အသင်းရဲ့ ရွှေ့ခောတ်လို့ ဆိုနိုင်တဲ့ ၁၉၈၀ ခုနှစ်နောက်ပိုင်းမှာ ပျော်စရာတွေ၊ စိတ်ညစ်စရာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့အိမ်ကွင်းမှာ ကစားခွင့်ရခဲ့တဲ့ ၁၉၉၈ ခုနှစ်မှာတော့ သူတို့အတွက် အခွင့်အရေးတွေ ရလာခဲ့ပြီး ဇီဒန်းဦးဆောင်တဲ့ ပြင်သစ်အသင်းဟာ ဘရာဇီးကို ၃-၀ နဲ့အနိုင်ယူပြီး ကမ္ဘာ့ဖလားကြီးကို အရယူနိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာလည်း ပြင်သစ်အသင်းကို အများကမျှော်လင့်ခဲ့ကြပေမယ့် အဆိုပါအောင်မြင်မှုမျိုး ထပ်မံရယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ သူတို့ဟာ ဒီကမ္ဘာ့ဖလားပြိုင်ပွဲကို အခြားပြိုင်ပွဲတွေလိုပဲ အကောင်းဆုံး ကစားသမားတွေနဲ့ ယှဉ်ပြိုင်လာမှာပါ။ အသင်းမှာ ပေါ့ဂ်ဘာ၊ ဂရစ်ဇ်မန်း၊ အမ်ဘာပီစတဲ့ ခြေစွမ်းထက်ကစားသမားတွေ ပါဝင်နေတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ဓာရေးရာပိုင်းမှာ အကောင်းဆုံးဖြစ်ပါ့မလားဆိုတာကိုပဲ မေးခွန်းထုတ်စရာရှိပါတယ်။
သြစတြေးလျ
လက်ရှိအဆင့် – ၄၀
ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ခဲ့မှုသမိုင်း – ၄ ကြိမ် (၁၉၇၄၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄)
အမြင့်ဆုံး ရပ်တည်မှု – ၁၆ သင်းအဆင့် (၂၀၀၆)
ယခုပြိုင်ပွဲတွင်ကစားရမည့် အုပ်စုပွဲစဉ်များ – ဇွန် ၁၆ (ပြင်သစ်)၊ ဇွန် ၂၁ (ဒိန်းမတ်)၊ ဇွန် ၂၆ (ပီရူး)
အသင်းခေါင်းဆောင် – ဂျက်ဒီနက်
အဓိက ကစားသမား – တွန်ရော့ဂျစ်
နည်းပြ – ဗန်မားဝှစ်
သြစတြေးလျအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၇၄ ခုနှစ်ကတည်းက ပါဝင်ခွင့်ရခဲ့ပေမယ့်လည်း ခုနောက်ပိုင်းနှစ်များမှာမှ ဒီပြိုင်ပွဲကို ပုံမှန်ဆိုသလို ပါဝင်ခွင့်ရလာခဲ့ပြန်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာလည်း အာရှဇုန်အသင်းများမှ တိုက်ရိုက်ခြေစစ်ပွဲမအောင်ခဲ့ဘဲ ပလေ့အော့ဖ်အဆင့်တွေ ကစားခဲ့ပြီးမှ ယခုလိုခြေစစ်ပွဲကို အောင်မြင်လာခဲ့တာပဲဖြစ်ပါတယ်။ သြစတြေးလျတို့ရဲ့အအောင်မြင်ဆုံး အခိုက်အတန့်ဖြစ်တဲ့ ၁၆ သင်းအဆင့်ကို ယခုနှစ်မှာ ဆက်လက်တက်လှမ်းနိုင်ဖိို့ဆိုရင်တော့ သူ့တို့ရဲ့ခြေစွမ်းတွေကို အကောင်းဆုံး ပြသသွားနိုင်ဖို့တော့ လိုပါမယ်။
ပီရူး
လက်ရှိအဆင့် – ၁၁
ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ခဲ့မှုသမိုင်း – ၄ကြိမ် (၁၉၃၀၊ ၁၉၇၀၊ ၁၉၇၈၊ ၁၉၈၂)
အမြင့်ဆုံး ရပ်တည်မှု – ကွာတားဖိုင်နယ် (၁၉၇၀)
ယခုပြိုင်ပွဲတွင်ကစားရမည့် အုပ်စုပွဲစဉ်များ – ဇွန် ၁၆ (ဒိန်းမတ်)၊ ဇွန် ၂၁ (ပြင်သစ်)၊ ဇွန် ၂၆ (သြစတြေးလျ)
အသင်းခေါင်းဆောင် – ဂွာရဲရိုး
အဓိက ကစားသမား – ဖာဖန်
နည်းပြ – ရီကာဒိုကာရီကာ
ပီရူးအသင်းဟာ တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်ရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်ခဲ့ပြီးနောက် နယူးဇီလန်နဲ့ ပလေးအော့ဖ် ကစားခဲ့ရပြီး ယခုအဆင့်ကို တက်ရောက်လာနိုင်ခဲ့တာပါ။ ပီရူးအသင်းဟာ ယခုကမ္ဘာ့ဖလားမှာတော့ တားမြစ်ဆေးသုံးစွဲမှုကြောင့် ကာလရှည်ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရတဲ့အသင်းခေါင်းဆောင် ဂွာရဲရိုးနဲ့အတူ ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီပြိုင်ပွဲမှာ ဂွာရဲရိုးအနေနဲ့ ပီရူးအသင်းကို ဘယ်လောက်အထိ စွမ်းဆောင်ပေးသွားနိုင်မလဲဆိုတာကိုလည်း လူတိုင်းက စောင့်ကြည့်နေကြပါတယ်။ ဒီအုပ်စုမှာတော့ ပြင်သစ်ပြီးရင် ကျန်အသင်း ၃ သင်းလုံးဟာ နောက်တစ်ဆင့်ကို တက်ရောက်နိ်ုင်ဖို့ အခွင့်အရေးရှိနေကြတာမို့ ပီရူးတို့လည်း ဒီအခွင့်အရေးကို အသုံးချနိုင်ဖို့ဆိုရင် ပထမကစားရမယ့် အုပ်စုပွဲစဉ်မှာ ရလဒ်ကောင်းရဖို့တော့ လိုမှာပါ။
ဒိန်းမတ်
လက်ရှိအဆင့် – ၁၂
ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ခဲ့မှုသမိုင်း – ၄ ကြိမ် (၁၉၈၆၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၁၀)
အမြင့်ဆုံး ရပ်တည်မှု – ကွာတားဖိုင်နယ် (၁၉၉၈)
ယခုပြိုင်ပွဲတွင်ကစားရမည့် အုပ်စုပွဲစဉ်များ – ဇွန် ၁၆ (ပီရူး)၊ ဇွန် ၂၁ (သြစတြေးလျ)၊ ဇွန် ၂၆ (ပြင်သစ်)။
အသင်းခေါင်းဆောင် – ဆီမွန်ကီဂျာ
အဓိက ကစားသမား – အီရစ်ဆင်
နည်းပြ – ဟာရိုင်ဒီ
ဒိန်းမတ်အသင်းကလည်း ဒီပြိုင်ပွဲကို ဝင်ရောက်ခွင့်ရဖို့အတွက် မြောက်အိုင်ယာလန်အသင်းကို ပလေ့အော့ဖ်အဆင့်မှာ ၅-၁ နဲ့ အနိုင်ရခဲ့လို့ပါ။ ဒီတစ်ကြိမ်ဟာ ဒိန်းမတ်တို့အတွက် ၅ ကြိမ်မြောက် ပါဝင်ခွင် ရခြင်းပါ။ ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်မရခဲ့တဲ့နောက် ဒီနှစ်မှာ ဒိန်းမတ်တို့ သူတို့ရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ဖို့အတွက် စိတ်အားထက်သန်နေကြတာပါ။ အသင်းမှာတော့ ကွင်းလယ်ကျောရိုး ကောင်းမွန်မှုရှိနေပေမယ့် တိုက်စစ်ပိုင်းမှာတော့ ထိပ်တန်းတိုက်စစ်မှူးတွေ မရှိခြင်းကတော့ သူတို့အတွက် အားနည်းမှုတစ်ခုလို့ ဆိုရမှာပါ။ ဒါပေမယ့် ဒီအုပ်စုမှာတော့ ဒိန်းမတ်အသင်းဟာ ပြင်သစ်ပြီးရင် အုပ်စုအဆင့်ကို ဖြတ်ကျော်နိုင်ဖို့အတွက် အလားအလာအကောင်းဆုံးအသင်းဖြစ်ပါတယ်။

Check Also

ကမၻာ့ဖလားၿပိဳင္ပဲြရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၂) အုပ္စု (B)

zawgyi ကမၻာ့ဖလားၿပိဳင္ပဲြရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၂) အုပ္စု (B) အုပ္စု (B)   ေပၚတူဂီ လက္ရွိအဆင့္ – …