Monday , July 23 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / ကမၻာ့ဖလားၿပိဳင္ပဲြရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၂) အုပ္စု (B)

ကမၻာ့ဖလားၿပိဳင္ပဲြရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၂) အုပ္စု (B)

zawgyi

ကမၻာ့ဖလားၿပိဳင္ပဲြရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၂) အုပ္စု (B)

အုပ္စု (B)

 

ေပၚတူဂီ

လက္ရွိအဆင့္ – ၄

ကမၻာ့ဖလားၿပိဳင္ပဲြ ပါ၀င္ခဲ့မႈသမုိင္း – ၆ ႀကိမ္ – (၁၉၉၆၊ ၁၉၈၆၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄)

အျမင့္ဆံုးရပ္တည္မႈ – တတိယ (၁၉၆၆)

ယခုၿပိဳင္ပြဲတြင္ကစားရမည့္ အုပ္စုပဲြစဥ္မ်ား – ဇြန္ ၁၅ (စပိန္)၊ ဇြန္ ၂၀ (ေမာ္ရိုကို)၊ ဇြန္ ၂၅ (အီရန္)။

အသင္းေခါင္းေဆာင္ – ေရာ္နယ္ဒို

အဓိကကစားသမား – ေရာ္နယ္ဒို

နည္းျပ – ဖာနန္ဒိုဆန္းတို႔စ္

ေပၚတူဂီအသင္းဟာ ယူရို ၂၀၁၆ ဗိုလ္လုပဲြမွာ အသင္းေခါင္းေဆာင္လည္းျဖစ္ အဓိကကစားသမားလည္းျဖစ္တဲ့ ေရာ္နယ္ဒို ပဲြခ်ိန္အေစာပိုင္းမွာ ထြက္ခြာခဲ့ရေပမယ့္လည္း ေလးစားဖြယ္ ခံစစ္ပိုင္းကစားပံုနဲ႔အတူ ျပင္သစ္လိုအသင္းအိမ္ရွင္အသင္းကို အႏုိင္ယူထားႏုိင္ခဲ့တဲ့အသင္းပါ။ ဒါေပမယ့္လည္း ေပၚတူဂီအသင္းဟာ လက္ရွိအခ်ိန္အထိ ေရာ္နယ္ဒိုအေပၚမွာ မီခုိမႈရွိေနဆဲကေတာ့ စိုးရိမ္ဖြယ္ရာအေနအထားတစ္ခုပါ။ အသင္းရဲ႕ လူငယ္ေသြးသစ္ကစားသမားေတြျဖစ္တဲ့ အန္ဒရီေဆးလ္ဗား၊ အန္ဒရီဂိုမက္စ္နဲ႔ အၿပီးစာရင္းမွာ ပါမလာခဲ့တဲ့ ရီနာတိုဆန္းခ်က္ဇ္တို႔ကလည္း ကလပ္အသင္းေတြမွာ ပံုမွန္ေျခစြမ္းျပႏုိင္ဖို႔ ရုန္းကန္ေနရပါတယ္။ ဒါေၾကာင့္ ဒီအုပ္စုမွာ ေပၚတူဂီတုိ႔ စပိန္အသင္းနဲ႔ တစ္အုပ္စုတည္း က်ေရာက္ေနျခင္းက သူတုိ႔ေနာက္တစ္ဆင့္ကို အုပ္စုဒုတိယေနရာကေန တက္ေရာက္ႏုိင္ဖို႔အတြက္ တုိက္ပဲြ၀င္သြားရမယ့္ အေနအထားျဖစ္ေနပါတယ္။

ဒါေပမယ့္  ၿပီးခဲ့တဲ့ႏွစ္ႏွစ္ေလာက္ကတည္းက ေပၚတူဂီဟာ မျဖစ္ႏုိင္တာမရွိဘူးဆိုတာကို ျပသထားႏုိင္ခဲ့သလို ေရာ္နယ္ဒိုကလည္း ႀကံ့ခိုင္မႈျပည့္၀ေနတယ္ဆိုရင္ ဘာမဆိုလုပ္ႏုိင္စြမ္းရွိတာမို႔ ေပၚတူဂီတုိ႔ ဘယ္အဆင့္အထိ တက္လွမ္းသြားမလဲဆိုတာကို ေစာင့္ၾကည့္သြားရမွာပါ။

စပိန္

လက္ရွိအဆင့္ – ၈

ကမၻာ့ဖလားၿပိဳင္ပဲြ ပါ၀င္ခဲ့မႈသမုိင္း – ၁၄ ႀကိမ္ – (၁၉၃၄၊ ၁၉၅၀၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄)

အျမင့္ဆံုးရပ္တည္မႈ – ခ်န္ပီယံ (၂၀၁၀)

ယခုၿပိဳင္ပြဲတြင္ကစားရမည့္ အုပ္စုပဲြစဥ္မ်ား – ဇြန္ ၁၅ (ေပၚတူဂီ)၊ ဇြန္ ၂၀ (အီရန္)၊ ဇြန္ ၂၅ (ေမာ္ရိုကို)

အသင္းေခါင္းေဆာင္ – ရာမုိ႔စ္

အဓိကကစားသမား – ရာမို႔စ္

နည္းျပ – လိုပက္တီဂူ

စပိန္အသင္းဟာ သူတု႔ိရဲ႕ေနာက္ဆံုးကစားခဲ့တဲ့ အဓိကၿပိဳင္ပြဲႀကီး ၂ ခုမွာ စိတ္ပ်က္ဖြယ္အေနအထားေတြနဲ႔ ႀကံဳေတြ႕ခဲ့ရတာျဖစ္ႏုိင္ေပမယ့္ ယခုကမၻာ့ဖလားမွာေတာ့ ဗိုလ္စဲြဖုိ႔ေရပန္းစားတဲ့ အသင္းတစ္သင္းအေနနဲ႔ ယွဥ္ၿပိဳင္လာမွာလည္း ျဖစ္ပါတယ္။ နည္းျပသစ္ လာပက္တီဂူရဲ႕လက္ေအာက္မွာ စပိန္အသင္း ရံႈးပဲြမရွိေသးပါဘူး။

စပိန္ရဲ႕ ခံစစ္ပိုင္းဟာ အားနည္းခ်က္ဆိုတာ မရွိသလို သူ႔တုို႔ ၄ ဦးရဲ႕ေနာက္မွာရွိေနတဲ့ ဂိုးသမားဒီဂီယာကလည္း အေကာင္းဆံုးအေနအထားမွာ ရွိေနတာပါ။ ဒါ့အျပင္ စပိန္ရဲ႕ဓေလ့အတုိင္း ကြင္းလယ္ပိုင္းအားေကာင္းတတ္သလို ယခုၿပိဳင္ပြဲမွာလည္း အစၥကိုဦးေဆာင္မႈနဲ႔အတူ ပါ၀င္လာခဲ့ပါတယ္။ ဒါေပမယ့္ သူတုိ႔အတြက္ သံသယျဖစ္စရာက တုိက္စစ္ပိုင္းပါ။ ဒါေၾကာင့္ အဲဒီတိုက္စစ္ပိုင္းမွာလည္း ဒီေယဂိုေကာ္စတာက အေကာင္းဆံုးဦးေဆာင္ေပးသြားဆိုတာက စပိန္ရဲ႕အျမင့္ဆံုးေမွ်ာ္လင့္ခ်က္ကို ေကာင္အထည္ေပၚသြားႏုိင္ဖို႔ ရွိေနပါတယ္။

ေမာ္ရုိကုိ

လက္ရွိအဆင့္ – ၄၂

ကမၻာ့ဖလားၿပိဳင္ပဲြ ပါ၀င္ခဲ့မႈသမုိင္း – ၄ ႀကိမ္ – (၁၉၇၀၊ ၁၉၈၆၊ ၁၉၉၄၊ ၁၉၉၈)

အျမင့္ဆံုးရပ္တည္မႈ – ၁၆ သင္းအဆင့္ (၁၉၈၆)

ယခုၿပိဳင္ပြဲတြင္ကစားရမည့္ အုပ္စုပဲြစဥ္မ်ား – ဇြန္ ၁၅ (အီရန္)၊ ဇြန္ ၂၀ (ေပၚတူဂီ)၊ ဇြန္ ၂၅ (စပိန္)။

အသင္းေခါင္းေဆာင္ – ဘီနာတီယာ

အဓိကကစားသမား – ဟကင္ဇစ္ယက္ခ်္

နည္းျပ – ရီနက္ဒ္

ေမာ္ရိုကိုဟာ ကမၻာ့ဖလားၿပိဳင္ပဲြကို ႏွစ္ေပါင္း ၂၀ ၾကာမွ ျပန္လည္ပါ၀င္ခြင့္ခဲ့တဲ့အသင္းပါ။ ကမၻာ့ဖလား ေျခစစ္ပဲြစဥ္ေတြတုန္းကေတာ့ ဘီနာတီယာဦးေဆာင္တဲ့ ေမာ္ရုိကုိရဲ႕ခံစစ္ဟာ ဂါဘြန္၊ မာလီ၊ အိုင္ဗရီကို႔စ္တုိ႔နဲ႔ ကစားခဲ့ရာမွာ တစ္ပြဲမွဂိုးမေပးခဲ့ရတဲ့အထိ အေကာင္းဆံုးကစားႏုိင္ခဲ့ပါတယ္။

တိိုက္စစ္ပိုင္းကို ၾကည့္မယ္ဆုိရင္လည္း အယ္လ္ကာဘီဟာ လက္ေရြးစင္အသင္းအတြက္ ပထမဆံုးကစားခြင့္ရတဲ့ ၈ မွာပဲ ၁၀ ဂိုးအထိ သြင္းယူထားႏုိင္ခဲ့ျခင္းေၾကာင့္ အသင္းရဲ႕အားထားရသူျဖစ္လာဖို႔ ရွိေနပါတယ္။ ဒါေပမယ့္ ေမာ္ရိုကိုတုိ႔ ၁၉၈၆ ခုႏွစ္ကလိုမ်ိဳး ၁၆ သင္းအဆင့္ကို တက္ေရာက္ခြင့္ ရႏုိင္ဖို႔ဆိုရင္ေတာ့ ေအဂ်က္အသင္းနဲ႔အတူ ေျခစြမ္းျပကစားခဲ့တဲ့ ကြင္းလယ္ကစားသမား ဟာကင္ဇစ္ယတ္ခ်္အေပၚမွာ မူတည္သြားႏုိင္ပါတယ္။

အီရန္

လက္ရွိအဆင့္ – ၃၆

ကမၻာ့ဖလားၿပိဳင္ပဲြ ပါ၀င္ခဲ့မႈသမုိင္း – ၄ ႀကိမ္ – (၁၉၇၈၊ ၁၉၈၈၊ ၂၀၀၆၊ ၂၀၁၄)

အျမင့္ဆံုးရပ္တည္မႈ – အုပ္စုအဆင့္

ယခုၿပိဳင္ပြဲတြင္ကစားရမည့္ အုပ္စုပဲြစဥ္မ်ား – ဇြန္ ၁၅ (ေမာ္ရိုကို)၊ ဇြန္ ၂၀ (စပိန္)၊ ဇြန္လ ၂၅ (ေပၚတူဂီ)။

အသင္းေခါင္းေဆာင္ – ဒီဂ်ာဂတ္ရွ္

အဓိကကစားသမား – ဆာဒါအက္မြန္

နည္းျပ – ကီြယာေရာ့စ္

အီရန္အသင္းဟာ ခံစစ္ပိုင္းတည္ၿငိမ္မႈနဲ႔အတူ ယခုႏွစ္ကမၻာ့ဖလားၿပိဳင္ပြဲမွာ ပါ၀င္ခြင့္ရဖို႔အတြက္  ပထမဆံုေျခစစ္ပဲြေအာင္တဲ့ အာရွအသင္းလည္းျဖစ္ပါတယ္။ ကမၻာ့ဖလားေျခစစ္ပဲြစဥ္ေတြမွာလည္း ၉ ပြဲဆက္ ေပးဂိုးမရွိေအာင္ မန္ယူအသင္းရဲ႕ လက္ေထာက္နည္းျပေဟာင္း ကီြယာေရာ့စ္က နည္းျပလမ္းညႊန္ေပးႏုိင္ခဲ့ပါတယ္။ ဒါ့အျပင္ တုိက္စစ္ပိုင္းကလည္း အားနည္းမႈရွိတယ္လို႔ မဆုိႏုိင္ပါဘူး။ အီရန္ရဲ႕ တုိက္စစ္အတြဲေတြျဖစ္တဲ့ အက္မြန္နဲ႔ တာရီမီတို႔ႏွစ္ဦးဟာ ေျခစစ္ပြဲစဥ္အတြင္းမွာ ၁၉ ဂိုးအထိ သြင္းယူႏုိင္ခဲ့တာပါ။ ဒါ့အျပင္ ေတာင္ပံကစားသမား ဂ်ာဟန္ဘက္ရွ္ကလည္း ေဟာ္လန္လိဂ္မွာ ေျခစြမ္းျပကစားလာႏုိင္ခဲ့သူလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ ပထမဆံုးအႀကိမ္ အုပ္စုအဆင့္ကေန ျဖတ္ေက်ာ္ႏုိင္ဖို႔ဆိုရင္ေတာ့ အုပ္စုအဖြင့္ပဲြစဥ္မွာ ကစားရမယ့္ ေမာ္ရိုကိုအသင္းကိုေတာ့ အႏုိင္ကစားႏုိင္မွ ေမွ်ာ္လင့္ခ်က္ရွင္သန္ခြင့္ အနည္းငယ္ေတာ့ ရွိလာမွာျဖစ္ပါတယ္။

unicode

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B)
အုပ်စု (B)

ပေါ်တူဂီ
လက်ရှိအဆင့် – ၄
ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ခဲ့မှုသမိုင်း – ၆ ကြိမ် – (၁၉၉၆၊ ၁၉၈၆၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄)
အမြင့်ဆုံးရပ်တည်မှု – တတိယ (၁၉၆၆)
ယခုပြိုင်ပွဲတွင်ကစားရမည့် အုပ်စုပွဲစဉ်များ – ဇွန် ၁၅ (စပိန်)၊ ဇွန် ၂၀ (မော်ရိုကို)၊ ဇွန် ၂၅ (အီရန်)။
အသင်းခေါင်းဆောင် – ရော်နယ်ဒို
အဓိကကစားသမား – ရော်နယ်ဒို
နည်းပြ – ဖာနန်ဒိုဆန်းတို့စ်
ပေါ်တူဂီအသင်းဟာ ယူရို ၂၀၁၆ ဗိုလ်လုပွဲမှာ အသင်းခေါင်းဆောင်လည်းဖြစ် အဓိကကစားသမားလည်းဖြစ်တဲ့ ရော်နယ်ဒို ပွဲချိန်အစောပိုင်းမှာ ထွက်ခွာခဲ့ရပေမယ့်လည်း လေးစားဖွယ် ခံစစ်ပိုင်းကစားပုံနဲ့အတူ ပြင်သစ်လိုအသင်းအိမ်ရှင်အသင်းကို အနိုင်ယူထားနိုင်ခဲ့တဲ့အသင်းပါ။ ဒါပေမယ့်လည်း ပေါ်တူဂီအသင်းဟာ လက်ရှိအချိန်အထိ ရော်နယ်ဒိုအပေါ်မှာ မီခိုမှုရှိနေဆဲကတော့ စိုးရိမ်ဖွယ်ရာအနေအထားတစ်ခုပါ။ အသင်းရဲ့ လူငယ်သွေးသစ်ကစားသမားတွေဖြစ်တဲ့ အန်ဒရီဆေးလ်ဗား၊ အန်ဒရီဂိုမက်စ်နဲ့ အပြီးစာရင်းမှာ ပါမလာခဲ့တဲ့ ရီနာတိုဆန်းချက်ဇ်တို့ကလည်း ကလပ်အသင်းတွေမှာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ဒါကြောင့် ဒီအုပ်စုမှာ ပေါ်တူဂီတို့ စပိန်အသင်းနဲ့ တစ်အုပ်စုတည်း ကျရောက်နေခြင်းက သူတို့နောက်တစ်ဆင့်ကို အုပ်စုဒုတိယနေရာကနေ တက်ရောက်နိုင်ဖို့အတွက် တိုက်ပွဲဝင်သွားရမယ့် အနေအထားဖြစ်နေပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့နှစ်နှစ်လောက်ကတည်းက ပေါ်တူဂီဟာ မဖြစ်နိုင်တာမရှိဘူးဆိုတာကို ပြသထားနိုင်ခဲ့သလို ရော်နယ်ဒိုကလည်း ကြံ့ခိုင်မှုပြည့်ဝနေတယ်ဆိုရင် ဘာမဆိုလုပ်နိုင်စွမ်းရှိတာမို့ ပေါ်တူဂီတို့ ဘယ်အဆင့်အထိ တက်လှမ်းသွားမလဲဆိုတာကို စောင့်ကြည့်သွားရမှာပါ။
စပိန်
လက်ရှိအဆင့် – ၈
ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ခဲ့မှုသမိုင်း – ၁၄ ကြိမ် – (၁၉၃၄၊ ၁၉၅၀၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄)
အမြင့်ဆုံးရပ်တည်မှု – ချန်ပီယံ (၂၀၁၀)
ယခုပြိုင်ပွဲတွင်ကစားရမည့် အုပ်စုပွဲစဉ်များ – ဇွန် ၁၅ (ပေါ်တူဂီ)၊ ဇွန် ၂၀ (အီရန်)၊ ဇွန် ၂၅ (မော်ရိုကို)
အသင်းခေါင်းဆောင် – ရာမို့စ်
အဓိကကစားသမား – ရာမို့စ်
နည်းပြ – လိုပက်တီဂူ
စပိန်အသင်းဟာ သူတို့ရဲ့နောက်ဆုံးကစားခဲ့တဲ့ အဓိကပြိုင်ပွဲကြီး ၂ ခုမှာ စိတ်ပျက်ဖွယ်အနေအထားတွေနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်နိုင်ပေမယ့် ယခုကမ္ဘာ့ဖလားမှာတော့ ဗိုလ်စွဲဖို့ရေပန်းစားတဲ့ အသင်းတစ်သင်းအနေနဲ့ ယှဉ်ပြိုင်လာမှာလည်း ဖြစ်ပါတယ်။ နည်းပြသစ် လာပက်တီဂူရဲ့လက်အောက်မှာ စပိန်အသင်း ရှုံးပွဲမရှိသေးပါဘူး။
စပိန်ရဲ့ ခံစစ်ပိုင်းဟာ အားနည်းချက်ဆိုတာ မရှိသလို သူ့တိုု့ ၄ ဦးရဲ့နောက်မှာရှိနေတဲ့ ဂိုးသမားဒီဂီယာကလည်း အကောင်းဆုံးအနေအထားမှာ ရှိနေတာပါ။ ဒါ့အပြင် စပိန်ရဲ့ဓလေ့အတိုင်း ကွင်းလယ်ပိုင်းအားကောင်းတတ်သလို ယခုပြိုင်ပွဲမှာလည်း အစ္စကိုဦးဆောင်မှုနဲ့အတူ ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့အတွက် သံသယဖြစ်စရာက တိုက်စစ်ပိုင်းပါ။ ဒါကြောင့် အဲဒီတိုက်စစ်ပိုင်းမှာလည်း ဒီယေဂိုကော်စတာက အကောင်းဆုံးဦးဆောင်ပေးသွားဆိုတာက စပိန်ရဲ့အမြင့်ဆုံးမျှော်လင့်ချက်ကို ကောင်အထည်ပေါ်သွားနိုင်ဖို့ ရှိနေပါတယ်။
မော်ရိုကို
လက်ရှိအဆင့် – ၄၂
ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ခဲ့မှုသမိုင်း – ၄ ကြိမ် – (၁၉၇၀၊ ၁၉၈၆၊ ၁၉၉၄၊ ၁၉၉၈)
အမြင့်ဆုံးရပ်တည်မှု – ၁၆ သင်းအဆင့် (၁၉၈၆)
ယခုပြိုင်ပွဲတွင်ကစားရမည့် အုပ်စုပွဲစဉ်များ – ဇွန် ၁၅ (အီရန်)၊ ဇွန် ၂၀ (ပေါ်တူဂီ)၊ ဇွန် ၂၅ (စပိန်)။
အသင်းခေါင်းဆောင် – ဘီနာတီယာ
အဓိကကစားသမား – ဟကင်ဇစ်ယက်ချ်
နည်းပြ – ရီနက်ဒ်
မော်ရိုကိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို နှစ်ပေါင်း ၂၀ ကြာမှ ပြန်လည်ပါဝင်ခွင့်ခဲ့တဲ့အသင်းပါ။ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေတုန်းကတော့ ဘီနာတီယာဦးဆောင်တဲ့ မော်ရိုကိုရဲ့ခံစစ်ဟာ ဂါဘွန်၊ မာလီ၊ အိုင်ဗရီကို့စ်တို့နဲ့ ကစားခဲ့ရာမှာ တစ်ပွဲမှဂိုးမပေးခဲ့ရတဲ့အထိ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။
တိိုက်စစ်ပိုင်းကို ကြည့်မယ်ဆိုရင်လည်း အယ်လ်ကာဘီဟာ လက်ရွေးစင်အသင်းအတွက် ပထမဆုံးကစားခွင့်ရတဲ့ ၈ မှာပဲ ၁၀ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ခြင်းကြောင့် အသင်းရဲ့အားထားရသူဖြစ်လာဖို့ ရှိနေပါတယ်။ ဒါပေမယ့် မော်ရိုကိုတို့ ၁၉၈၆ ခုနှစ်ကလိုမျိုး ၁၆ သင်းအဆင့်ကို တက်ရောက်ခွင့် ရနိုင်ဖို့ဆိုရင်တော့ အေဂျက်အသင်းနဲ့အတူ ခြေစွမ်းပြကစားခဲ့တဲ့ ကွင်းလယ်ကစားသမား ဟာကင်ဇစ်ယတ်ချ်အပေါ်မှာ မူတည်သွားနိုင်ပါတယ်။
အီရန်
လက်ရှိအဆင့် – ၃၆
ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ခဲ့မှုသမိုင်း – ၄ ကြိမ် – (၁၉၇၈၊ ၁၉၈၈၊ ၂၀၀၆၊ ၂၀၁၄)
အမြင့်ဆုံးရပ်တည်မှု – အုပ်စုအဆင့်
ယခုပြိုင်ပွဲတွင်ကစားရမည့် အုပ်စုပွဲစဉ်များ – ဇွန် ၁၅ (မော်ရိုကို)၊ ဇွန် ၂၀ (စပိန်)၊ ဇွန်လ ၂၅ (ပေါ်တူဂီ)။
အသင်းခေါင်းဆောင် – ဒီဂျာဂတ်ရှ်
အဓိကကစားသမား – ဆာဒါအက်မွန်
နည်းပြ – ကွီယာရော့စ်
အီရန်အသင်းဟာ ခံစစ်ပိုင်းတည်ငြိမ်မှုနဲ့အတူ ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့အတွက် ပထမဆုံခြေစစ်ပွဲအောင်တဲ့ အာရှအသင်းလည်းဖြစ်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာလည်း ၉ ပွဲဆက် ပေးဂိုးမရှိအောင် မန်ယူအသင်းရဲ့ လက်ထောက်နည်းပြဟောင်း ကွီယာရော့စ်က နည်းပြလမ်းညွှန်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ်ပိုင်းကလည်း အားနည်းမှုရှိတယ်လို့ မဆိုနိုင်ပါဘူး။ အီရန်ရဲ့ တိုက်စစ်အတွဲတွေဖြစ်တဲ့ အက်မွန်နဲ့ တာရီမီတို့နှစ်ဦးဟာ ခြေစစ်ပွဲစဉ်အတွင်းမှာ ၁၉ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ ဒါ့အပြင် တောင်ပံကစားသမား ဂျာဟန်ဘက်ရှ်ကလည်း ဟော်လန်လိဂ်မှာ ခြေစွမ်းပြကစားလာနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ပထမဆုံးအကြိမ် အုပ်စုအဆင့်ကနေ ဖြတ်ကျော်နိုင်ဖို့ဆိုရင်တော့ အုပ်စုအဖွင့်ပွဲစဉ်မှာ ကစားရမယ့် မော်ရိုကိုအသင်းကိုတော့ အနိုင်ကစားနိုင်မှ မျှော်လင့်ချက်ရှင်သန်ခွင့် အနည်းငယ်တော့ ရှိလာမှာဖြစ်ပါတယ်။

Check Also

ကမၻာ့ဖလားၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သံုးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား

zawgyi အုပ္စု (A) ရုရွား လက္ရွိကမၻာ့အဆင့္ – ၆၆ ကမၻာ့ဖလားၿပိဳင္ပြဲပါ၀င္ခဲ့မႈ သမိုင္း – ၁၁ ႀကိမ္ (၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ …