Monday , July 23 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / ကမၻာ့ဖလားၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သံုးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား

ကမၻာ့ဖလားၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သံုးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား

zawgyi

အုပ္စု (A)

ရုရွား

လက္ရွိကမၻာ့အဆင့္ – ၆၆

ကမၻာ့ဖလားၿပိဳင္ပြဲပါ၀င္ခဲ့မႈ သမိုင္း – ၁၁ ႀကိမ္ (၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀၊ ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀ (အားလံုး ဆုိဗီယက္ျပည္ေထာင္စုအေနျဖင့္ပါ၀င္ခဲ့) ၊ ၁၉၉၄၊ ၂၀၀၂၊ ၂၀၁၄)

အျမင့္ဆံုးရပ္တည္မႈ – ၁၉၆၆ (စတုတၳ)

ယခုၿပိဳင္ပြြဲတြင္ကစားမည့္ ပြဲစဥ္မ်ား – ဇြန္ ၁၄ (ေဆာ္ဒီ)၊ ဇြန္ ၁၉ (အီဂ်စ္)၊ ဇြန္ ၂၅ (ဥရုေဂြး)။

အသင္းေခါင္းေဆာင္ – အက္ကင္ဖီ

အဓိကကစားသမား – ဂိုလိုဗင္

နည္းျပ – စီရီေဆာ့ဗ္

အိမ္ရွင္အျဖစ္ က်င္းပခြင့္ရထားတာေၾကာင့္ ကမၻာ့ဖလားၿပိဳင္ပြဲအတြက္ ေျခစစ္ပဲြကစားစရာ မလုိတဲ့အသင္းပါ။ ဒါေပမယ့္ သူတို႔ဟာ အိမ္ကြင္းမွာ အေကာင္းဆံုး ယွဥ္ၿပိဳင္ႏုိင္ဖို႔အတြက္ ျပင္ဆင္မႈေကာင္းေကာင္းနဲ႔ ျပင္ဆင္ထားတယ္လို႔ ဆုိရမွာပါပဲ။ ဆုိဗီယက္ျပည္ေထာင္စု ၿပိဳကဲြၿပီးေနာက္ပိုင္း ကမၻာ့ဖလားၿပိဳင္ပြဲကို ၃ ႀကိမ္ ယွဥ္ၿပိဳင္ခြင့္၇ခဲ့ေပမယ့္လည္း အဲဒီ ၃ ႀကိမ္လံုး အုပ္စုအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရတာပါ။

ဒီအုပ္စုအတြင္းမွာ ရုရွားတို႔အတြက္ ေနာက္တစ္ဆင့္တက္ေရး ေမွ်ာ္လင့္ခ်က္ဟာ အားနည္းမႈေတြရွိႏုိင္တယ္လို႔ ဆုိရမွာပါ။ ဥရုေဂြးအသင္းဟာ အရည္အေသြးရွိကစားသမားေတြ ရွိေနသလို ဆာလာဦးေဆာင္တဲ့ အီဂ်စ္အသင္းကလည္း သူတို႔အတြက္ ခက္ခဲတဲ့ၿပိဳင္ဘက္အျဖစ္ ရွိေနတာပါ။ သူတုိ႔အတြက္ ေဆာ္ဒီတစ္သင္းသာ အသာရႏုိင္တဲ့အေနအထားမွာ ရွိေနပါတယ္။ ဒါေပမယ့္ ရုရွားရဲ႕ေနာက္တစ္ဆင့္တက္ႏုိင္ေရး ေမွ်ာ္လင့္ခ်က္က အီဂ်စ္နဲ႔ကစားမယ့္ ပြဲအေပၚမွာမ်ားစြာ မူတည္ေနပါတယ္။

ေဆာ္ဒီ

လက္ရွိကမၻာ့အဆင့္ – ၆၇

ကမၻာ့ဖလားၿပိဳင္ပြဲပါ၀င္ခဲ့မႈ သမိုင္း – ၄ ႀကိမ္ ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆။

အျမင့္ဆံုးရပ္တည္မႈ – ၁၉၉၄ (၁၆ သင္းအဆင့္)

ယခုၿပိဳင္ပြြဲတြင္ကစားမည့္ ပြဲစဥ္မ်ား – ဇြန္ ၁၄ (ရုရွား)၊ ဇြန္ ၂၀ (ဥရုေဂြး)၊ ဇြန္ ၂၅ (အီဂ်စ္)။

အသင္းေခါင္းေဆာင္ – ေဟာဆာ၀ီ

အဓိကကစားသမား – အယ္လ္ျမဴေ၀ါလ္လက္

နည္းျပ – ပစ္ဇီ

ေဆာ္ဒီကေတာ့ ကမၻာ့ဖလားေျခစစ္ပဲြကို အာရွဇုန္ အုပ္စု B မွာ အဓိကၿပိဳင္ဘက္တစ္သင္းျဖစ္တဲ့ ၾသစေၾတးလ်အသင္းကို ဂိုးကြာျခားခ်က္နဲ႔ အသာရၿပီးအုပ္စု ဒုတိယနဲ႔ ေျခစစ္ပြဲေအာင္ခဲ့တာပါ။ အဲဒီလိုျဖစ္လာဖို႔အတြက္လည္း ေျခစစ္ပဲြအုပ္စုေနာက္ဆံုးပဲြစဥ္မွာ ဂ်ပန္အသင္းကို ၁-၀ နဲ႔အႏုိင္ယူႏုိင္ခဲ့လို႔ပါ။ ဒါေပမယ့္ ေဆာ္ဒီအသင္းဟာ ဒီအုပ္စုရဲ႕ အားအနည္းဆံုးအသင္းျဖစ္လို႔ အုပ္စုအဆင့္ကေန ျဖတ္ေက်ာ္ႏုိင္လိမ့္မယ္မထင္ပါဘူး။

အီဂ်စ္

လက္ရွိကမၻာ့အဆင့္ – ၄၆

ကမၻာ့ဖလားၿပိဳင္ပြဲပါ၀င္ခဲ့မႈ သမိုင္း – ၂ ႀကိမ္ (၁၉၃၄၊ ၁၉၉၀)။

အျမင့္ဆံုးရပ္တည္မႈ – အုပ္စုအဆင့္

ယခုၿပိဳင္ပြြဲတြင္ကစားမည့္ ပြဲစဥ္မ်ား – ဇြန္ ၁၅ (ဥရုေဂြး)၊ ဇြန္ ၁၉ (ရုရွား)၊ ဇြန္ ၂၅ (ေဆာ္ဒီ)။

အသင္းေခါင္းေဆာင္ – အယ္လ္ဟာဒရီ

အဓိကကစားသမား – ဆာလာ

နည္းျပ – ဟက္တာကပ္ပါး

ကမၻာ့ဖလားၿပိဳင္ပြဲ သမုိင္းနဲ႔ပတ္သက္ၿပီး အာဖရိကႏုိင္ငံမ်ားနဲ႔ ယွဥ္လုိက္မယ္ဆိုရင္ေတာ့ အီဂ်စ္က အမ်ားထက္အသာရေနပါတယ္။ ဒါကလည္း အီဂ်စ္အသင္းဟာ ကမၻာ့ဖလားၿပိဳင္ပြဲကို ၁၉၃၄ ခုႏွစ္ကတည္းက ပါ၀င္ခြင့္ရခဲ့လို႔ပါ။ ဒါေပမယ့္ အဲဒီၿပိဳင္ပြဲမွာလည္း အီဂ်စ္အသင္းဟာ ပထမအဆင့္မွာပဲ ဟန္ေဂရီကို ရံႈးနိမ့္ခဲ့လို႔ ၿပိဳင္ပြဲက ထြက္ခဲ့ရသလို ကမၻာ့ဖလားၿပိဳင္ပဲြကုိ ျပန္လည္ပါ၀င္ႏုိင္ဖို႔အတြက္လည္း ၅၆ ႏွစ္ၾကာ ေစာင့္ခဲ့ရျပန္ပါတယ္။

အဲဒီေနာက္ တတိယအႀကိမ္ျပန္လည္ပါ၀င္ခြင့္ရဖို႔အတြက္လည္း အီဂ်စ္အသင္းဟာ ႏွစ္ ၃၀ နီးပါး ေစာင့္ခဲ့ရျပန္ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ အသင္းမွာအဓိက အထားရမယ့္ ဆာလာလို ကစားသမားရွိေနတာမို႔ အီဂ်စ္တို႔ရဲ႕ အုပ္စုတက္ေရးေမွ်ာ္လင့္ခ်က္ အေကာင္အထည္ေပၚလာႏုိင္ေျခရွိပါတယ္။

ဥရုေဂြး

လက္ရွိကမၻာ့အဆင့္ – ၁၇

ကမၻာ့ဖလားၿပိဳင္ပြဲပါ၀င္ခဲ့မႈ သမိုင္း – ၁၂ ႀကိမ္ (၁၉၃၀၊ ၁၉၅၀၊ ၁၉၅၄၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀၊ ၁၉၇၄၊ ၁၉၈၆၊ ၁၉၉၀၊ ၂၀၀၂၊ ၂၀၁၀၊ ၂၀၁၄)

အျမင့္ဆံုးရပ္တည္မႈ – ခ်န္ပီယံ (၁၉၃၀၊ ၁၉၅၀)

ယခုၿပိဳင္ပြြဲတြင္ကစားမည့္ ပြဲစဥ္မ်ား – ဇြန္ ၁၅ (အီဂ်စ္)၊ ဇြန္ ၂၀ (ေဆာ္ဒီ)၊ ဇြန္ ၂၅ (ရုရွား)။

အသင္းေခါင္းေဆာင္ – ဂိုဒင္

အဓိကကစားသမား – ဆြာရက္္ဇ္

နည္းျပ – တာဘာရက္ဇ္

ဥရုေဂြးႏုိင္ငံဟာ လူဦးေရ ၄ သန္းေတာင္မျပည့္ေပမယ့္ ကမၻာ့ဖလားနဲ႔ပတ္သက္ၿပီး အစဥ္အလာပိုင္းမွာ သူ႔နဲ႔ယွဥ္ႏုိင္တဲ့အသင္းက အနည္းငယ္သာ ရွိေနတာပါ။ သူဟာ ပထမဆံုးအႀကိမ္က်င္းပတဲ့ ကမၻာ့ဖလားကို ရယူႏုိင္ခဲ့တဲ့အျပင္ ၁၉၅၀ ခုႏွစ္မွာလည္း တစ္ႀကိမ္ထပ္မံရယူႏုိင္ခဲ့ပါတယ္။

ခုေနာက္ပိုင္း ကမၻာ့ဖလားၿပိဳင္ပြဲေတြမွာလည္း ဥရုေဂြးအသင္းဟာ အံ့အားသင့္ဖြယ္ေတြ လုပ္ေဆာင္ႏုိင္ခဲ့သလို လက္ရွိအခ်ိန္မွာလည္း အသင္းရဲ႕တုိက္စစ္ပိုင္းကုိ ဘာစီလိုနာကစားသမား ဆြာရက္ဇ္က ဦးေဆာင္ေနသလို အျခားထိပ္တန္းကစားသမားေတြလည္း ရွိေနတာမို႔ ဥရုေဂြးတို႔ အုပ္စုအဆင့္ကိုေတာ့ အခက္အခဲမရွိ ျဖတ္ေက်ာ္သြားႏုိင္မွာပါ။

unicode

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ
အုပ်စု (A)
ရုရှား
လက်ရှိကမ္ဘာ့အဆင့် – ၆၆
ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ခဲ့မှု သမိုင်း – ၁၁ ကြိမ် (၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀၊ ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀ (အားလုံး ဆိုဗီယက်ပြည်ထောင်စုအနေဖြင့်ပါဝင်ခဲ့) ၊ ၁၉၉၄၊ ၂၀၀၂၊ ၂၀၁၄)
အမြင့်ဆုံးရပ်တည်မှု – ၁၉၆၆ (စတုတ္ထ)
ယခုပြိုင်ပွွဲတွင်ကစားမည့် ပွဲစဉ်များ – ဇွန် ၁၄ (ဆော်ဒီ)၊ ဇွန် ၁၉ (အီဂျစ်)၊ ဇွန် ၂၅ (ဥရုဂွေး)။
အသင်းခေါင်းဆောင် – အက်ကင်ဖီ
အဓိကကစားသမား – ဂိုလိုဗင်
နည်းပြ – စီရီဆော့ဗ်
အိမ်ရှင်အဖြစ် ကျင်းပခွင့်ရထားတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲကစားစရာ မလိုတဲ့အသင်းပါ။ ဒါပေမယ့် သူတို့ဟာ အိမ်ကွင်းမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြင်ဆင်မှုကောင်းကောင်းနဲ့ ပြင်ဆင်ထားတယ်လို့ ဆိုရမှာပါပဲ။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ ကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့ပေမယ့်လည်း အဲဒီ ၃ ကြိမ်လုံး အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။
ဒီအုပ်စုအတွင်းမှာ ရုရှားတို့အတွက် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်ဟာ အားနည်းမှုတွေရှိနိုင်တယ်လို့ ဆိုရမှာပါ။ ဥရုဂွေးအသင်းဟာ အရည်အသွေးရှိကစားသမားတွေ ရှိနေသလို ဆာလာဦးဆောင်တဲ့ အီဂျစ်အသင်းကလည်း သူတို့အတွက် ခက်ခဲတဲ့ပြိုင်ဘက်အဖြစ် ရှိနေတာပါ။ သူတို့အတွက် ဆော်ဒီတစ်သင်းသာ အသာရနိုင်တဲ့အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် ရုရှားရဲ့နောက်တစ်ဆင့်တက်နိုင်ရေး မျှော်လင့်ချက်က အီဂျစ်နဲ့ကစားမယ့် ပွဲအပေါ်မှာများစွာ မူတည်နေပါတယ်။
ဆော်ဒီ
လက်ရှိကမ္ဘာ့အဆင့် – ၆၇
ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ခဲ့မှု သမိုင်း – ၄ ကြိမ် ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆။
အမြင့်ဆုံးရပ်တည်မှု – ၁၉၉၄ (၁၆ သင်းအဆင့်)
ယခုပြိုင်ပွွဲတွင်ကစားမည့် ပွဲစဉ်များ – ဇွန် ၁၄ (ရုရှား)၊ ဇွန် ၂၀ (ဥရုဂွေး)၊ ဇွန် ၂၅ (အီဂျစ်)။
အသင်းခေါင်းဆောင် – ဟောဆာဝီ
အဓိကကစားသမား – အယ်လ်မြူဝေါလ်လက်
နည်းပြ – ပစ်ဇီ
ဆော်ဒီကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အာရှဇုန် အုပ်စု B မှာ အဓိကပြိုင်ဘက်တစ်သင်းဖြစ်တဲ့ သြစတြေးလျအသင်းကို ဂိုးကွာခြားချက်နဲ့ အသာရပြီးအုပ်စု ဒုတိယနဲ့ ခြေစစ်ပွဲအောင်ခဲ့တာပါ။ အဲဒီလိုဖြစ်လာဖို့အတွက်လည်း ခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂျပန်အသင်းကို ၁-၀ နဲ့အနိုင်ယူနိုင်ခဲ့လို့ပါ။ ဒါပေမယ့် ဆော်ဒီအသင်းဟာ ဒီအုပ်စုရဲ့ အားအနည်းဆုံးအသင်းဖြစ်လို့ အုပ်စုအဆင့်ကနေ ဖြတ်ကျော်နိုင်လိမ့်မယ်မထင်ပါဘူး။
အီဂျစ်
လက်ရှိကမ္ဘာ့အဆင့် – ၄၆
ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ခဲ့မှု သမိုင်း – ၂ ကြိမ် (၁၉၃၄၊ ၁၉၉၀)။
အမြင့်ဆုံးရပ်တည်မှု – အုပ်စုအဆင့်
ယခုပြိုင်ပွွဲတွင်ကစားမည့် ပွဲစဉ်များ – ဇွန် ၁၅ (ဥရုဂွေး)၊ ဇွန် ၁၉ (ရုရှား)၊ ဇွန် ၂၅ (ဆော်ဒီ)။
အသင်းခေါင်းဆောင် – အယ်လ်ဟာဒရီ
အဓိကကစားသမား – ဆာလာ
နည်းပြ – ဟက်တာကပ်ပါး
ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းနဲ့ပတ်သက်ပြီး အာဖရိကနိုင်ငံများနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ အီဂျစ်က အများထက်အသာရနေပါတယ်။ ဒါကလည်း အီဂျစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၄ ခုနှစ်ကတည်းက ပါဝင်ခွင့်ရခဲ့လို့ပါ။ ဒါပေမယ့် အဲဒီပြိုင်ပွဲမှာလည်း အီဂျစ်အသင်းဟာ ပထမအဆင့်မှာပဲ ဟန်ဂေရီကို ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲက ထွက်ခဲ့ရသလို ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြန်လည်ပါဝင်နိုင်ဖို့အတွက်လည်း ၅၆ နှစ်ကြာ စောင့်ခဲ့ရပြန်ပါတယ်။
အဲဒီနောက် တတိယအကြိမ်ပြန်လည်ပါဝင်ခွင့်ရဖို့အတွက်လည်း အီဂျစ်အသင်းဟာ နှစ် ၃၀ နီးပါး စောင့်ခဲ့ရပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အသင်းမှာအဓိက အထားရမယ့် ဆာလာလို ကစားသမားရှိနေတာမို့ အီဂျစ်တို့ရဲ့ အုပ်စုတက်ရေးမျှော်လင့်ချက် အကောင်အထည်ပေါ်လာနိုင်ခြေရှိပါတယ်။
ဥရုဂွေး
လက်ရှိကမ္ဘာ့အဆင့် – ၁၇
ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ခဲ့မှု သမိုင်း – ၁၂ ကြိမ် (၁၉၃၀၊ ၁၉၅၀၊ ၁၉၅၄၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀၊ ၁၉၇၄၊ ၁၉၈၆၊ ၁၉၉၀၊ ၂၀၀၂၊ ၂၀၁၀၊ ၂၀၁၄)
အမြင့်ဆုံးရပ်တည်မှု – ချန်ပီယံ (၁၉၃၀၊ ၁၉၅၀)
ယခုပြိုင်ပွွဲတွင်ကစားမည့် ပွဲစဉ်များ – ဇွန် ၁၅ (အီဂျစ်)၊ ဇွန် ၂၀ (ဆော်ဒီ)၊ ဇွန် ၂၅ (ရုရှား)။
အသင်းခေါင်းဆောင် – ဂိုဒင်
အဓိကကစားသမား – ဆွာရက််ဇ်
နည်းပြ – တာဘာရက်ဇ်
ဥရုဂွေးနိုင်ငံဟာ လူဦးရေ ၄ သန်းတောင်မပြည့်ပေမယ့် ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး အစဉ်အလာပိုင်းမှာ သူ့နဲ့ယှဉ်နိုင်တဲ့အသင်းက အနည်းငယ်သာ ရှိနေတာပါ။ သူဟာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့တဲ့အပြင် ၁၉၅၀ ခုနှစ်မှာလည်း တစ်ကြိမ်ထပ်မံရယူနိုင်ခဲ့ပါတယ်။
ခုနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာလည်း ဥရုဂွေးအသင်းဟာ အံ့အားသင့်ဖွယ်တွေ လုပ်ဆောင်နိုင်ခဲ့သလို လက်ရှိအချိန်မှာလည်း အသင်းရဲ့တိုက်စစ်ပိုင်းကို ဘာစီလိုနာကစားသမား ဆွာရက်ဇ်က ဦးဆောင်နေသလို အခြားထိပ်တန်းကစားသမားတွေလည်း ရှိနေတာမို့ ဥရုဂွေးတို့ အုပ်စုအဆင့်ကိုတော့ အခက်အခဲမရှိ ဖြတ်ကျော်သွားနိုင်မှာပါ။

Check Also

ကမၻာ့ဖလားၿပိဳင္ပဲြရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၂) အုပ္စု (B)

zawgyi ကမၻာ့ဖလားၿပိဳင္ပဲြရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၂) အုပ္စု (B) အုပ္စု (B)   ေပၚတူဂီ လက္ရွိအဆင့္ – …