Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / ရော်နယ်ဒိုရဲ့ လုပ်ဆောင်ချက်ကို နည်းပြဇီဒန်း ချီးကျူးစကားဆို


zawgyi 1






unicode 1

ရော်နယ်ဒိုရဲ့ လုပ်ဆောင်ချက်ကို နည်းပြဇီဒန်း ချီးကျူးစကားဆို

အလာဗက်စ်အား ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှ ရီးရဲမက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့်လည်း အသင်းဖော်ဘင်ဇီမာ ဂိုးသွင်းခွင့်ရရှိစေရေးအတွက် နောက်ဆုံးမိနစ်မှာရရှိတဲ့ ပင်နယ်တီကန်သွင်းခွင့်အား ဘင်ဇီမာကို ကန်သွင်းခွင့်ပေးခဲ့ခြင်းနဲ့ ပတ်သက်ပြီး အသင်းနည်းပြ ဇီဒန်းက ချီးကျူးစကားဆိုခဲ့ပါတယ်။
ဘင်ဇီမာဟာ ဒီနှစ်ဘောလုံးရာသီမှာ ဂိုးပေါက်ပျောက်ဆုံးနေပြီး လာလီဂါသွင်းဂိုး ၃ ဂိုးသာသွင်းယူထားခဲ့သူပါ။ ဒါပေမယ့် အလာဗက်စ်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာတော့ ဘင်ဇီမှာ အထူးခြေစွမ်းပြ ကစားနိုင်ခဲ့သလို ဂိုးဖန်တီးမှု များစွာကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။
အဆိုပါပွဲစဉ်တွင်လည်း ဂိုးမရှိသရေကျနေချိန်အတွင်း ဘင်ဇီမာဟာ ရရှိတဲ့အခွင့်အရေးကို လွဲချော်ခဲ့တဲ့အတွက် လှောင်ပြောင်မှုများနဲ့ ရင်ဆိုင်နေခဲ့ရပါသေးတယ်။ ဒါပေမယ့် ဘင်ဇီမှာဟာ အသင်းရဲ့ အဖွင့်ဂိုးအဖြစ် ရော်နယ်ဒို ဂိုးသွင်းယူနိုင်ရေးအတွက် ဖန်တီးမှုုပြုုလပ်ပေးခဲ့ပါတယ်။
ပွဲချိန် ၈၉ မိနစ်တွင် ရီးရဲမက်ဒရစ် ပင်နယ်တီကန်သွင်းခွင့် ရရှိခဲ့ချိန်မှာတော့ ရော်နယ်ဒိုဟာ သွင်းဂိုး ၂ ဂိုးသွင်းယူ ထားပြီးဖြစ်သော်လည်း ဘင်ဇီမာ ဂိုးသွင်းခွင့်ရရှိစေရေးအတွက် ပင်နယ်တီကန်သွင်းခွင့် ပေးခဲ့ရာ ဘင်ဇီမာက ဂိုးအဖြစ်ပြောင်းလဲရယူနိုင်ခဲ့တဲ့အတွက် ရီးရဲမက်ဒရစ်အသင်းက ၄-၀ နဲ့ အနိုင်ရခဲ့ပါတယ်။
ဇီဒန်းက “ရော်နယ်ဒိုရဲ့ ဘင်ဇီမာအပေါ် လုပ်ဆောင်ခဲ့မှုနဲ့ ပတ်သက်ပြီး ပျော်မိပါတယ်။ ဒါက သူဟာ အသင်းရဲ့ ကစားသမားတစ်ဦးဆိုတာကို ပြသလိုက်သလိုပါပဲ။ ဘင်ဇီမာအနေနဲ့လည်း ဒီပွဲမှာအကောင်းဆုံး ကစားထားနိုင်သူမို့ ဂိုးတစ်ဂိုးသွင်းယူဖို့ ထိုက်တန်သူပါပဲ’’လို့ ပြောဆိုခဲ့ပါတယ်။

unicode 2

ရော်နယ်ဒိုရဲ့ လုပ်ဆောင်ချက်ကို နည်းပြဇီဒန်း ချီးကျူးစကားဆို

အလာဗက်စ်အား ၄-ဝ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှ ရီးရဲမက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့်လည်း အသင်းဖော်ဘင်ဇီမာ ဂိုးသွင်းခွင့်ရရှိစေရေးအတွက် နောက်ဆုံးမိနစ်မှာရရှိတဲ့ ပင်နယ်တီကန်သွင်းခွင့်အား ဘင်ဇီမာကို ကန်သွင်းခွင့်ပေးခဲ့ခြင်းနဲ့ ပတ်သက်ပြီး အသင်းနည်းပြ ဇီဒန်းက ချီးကျူးစကားဆိုခဲ့ပါတယ်။
ဘင်ဇီမာဟာ ဒီနှစ်ဘောလုံးရာသီမှာ ဂိုးပေါက်ပျောက်ဆုံးနေပြီး လာလီဂါသွင်းဂိုး ၃ ဂိုးသာသွင်းယူထားခဲ့သူပါ။ ဒါပေမယ့် အလာဗက်စ်ကို ၄-ဝ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာတော့ ဘင်ဇီမှာ အထူးခြေစွမ်းပြ ကစားနိုင်ခဲ့သလို ဂိုးဖန်တီးမှု များစွာကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။
အဆိုပါပွဲစဉ်တွင်လည်း ဂိုးမရှိသရေကျနေချိန်အတွင်း ဘင်ဇီမာဟာ ရရှိတဲ့အခွင့်အရေးကို လွဲချော်ခဲ့တဲ့အတွက် လှောင်ပြောင်မှုများနဲ့ ရင်ဆိုင်နေခဲ့ရပါသေးတယ်။ ဒါပေမယ့် ဘင်ဇီမှာဟာ အသင်းရဲ့ အဖွင့်ဂိုးအဖြစ် ရော်နယ်ဒို ဂိုးသွင်းယူနိုင်ရေးအတွက် ဖန်တီးမှုပြုလပ်ပေးခဲ့ပါတယ်။
ပွဲချိန် ၈၉ မိနစ်တွင် ရီးရဲမက်ဒရစ် ပင်နယ်တီကန်သွင်းခွင့် ရရှိခဲ့ချိန်မှာတော့ ရော်နယ်ဒိုဟာ သွင်းဂိုး ၂ ဂိုးသွင်းယူ ထားပြီးဖြစ်သော်လည်း ဘင်ဇီမာ ဂိုးသွင်းခွင့်ရရှိစေရေးအတွက် ပင်နယ်တီကန်သွင်းခွင့် ပေးခဲ့ရာ ဘင်ဇီမာက ဂိုးအဖြစ်ပြောင်းလဲရယူနိုင်ခဲ့တဲ့အတွက် ရီးရဲမက်ဒရစ်အသင်းက ၄-ဝ နဲ့ အနိုင်ရခဲ့ပါတယ်။
ဇီဒန်းက “ရော်နယ်ဒိုရဲ့ ဘင်ဇီမာအပေါ် လုပ်ဆောင်ခဲ့မှုနဲ့ ပတ်သက်ပြီး ပျော်မိပါတယ်။ ဒါက သူဟာ အသင်းရဲ့ ကစားသမားတစ်ဦးဆိုတာကို ပြသလိုက်သလိုပါပဲ။ ဘင်ဇီမာအနေနဲ့လည်း ဒီပွဲမှာအကောင်းဆုံး ကစားထားနိုင်သူမို့ ဂိုးတစ်ဂိုးသွင်းယူဖို့ ထိုက်တန်သူပါပဲ’’လို့ ပြောဆိုခဲ့ပါတယ်။

Check Also

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B)

zawgyi ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B) အုပ်စု (B)   ပေါ်တူဂီ လက်ရှိအဆင့် – …