Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Spain / LaLiga / Barcelona / လာလီဂါရဲ့ စံချိန်ဟောင်း တစ်ရပ်ကို ဘာစီလိုနာအသင်း လိုက်မီနိုင်ခဲ့ပြန်


3 font

zawgyi 1







unicode 1

လာလီဂါရဲ့ စံချိန်ဟောင်း တစ်ရပ်ကို ဘာစီလိုနာအသင်း လိုက်မီနိုင်ခဲ့ပြန်

ဘာစီလိုနာအသင်းကတော့ နှစ်တစ်နှစ်အတွင်း လာလီဂါပွဲစဉ် အရှည်ကြာဆုံးရှုံးပွဲမရှိမှုကို လိုက်မီနိုင်ခဲ့ပြီဖြစ်ပါတယ်။
လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းဟာ ဂီရိုနာကို ၆-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲပြီးနောက် မှာတော့ ၃၂ ပွဲဆက် ရှုံးပွဲမဆက်ခဲ့တဲ့ စံချိန်ကို ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒီပွဲစဉ်မှာတော့ တိုက်စစ်မှူး ဆွာရက်ဇ်က ဟက်ဒရစ်သွင်းယူနိုင်ခဲ့သလို မက်ဆီ၊ ကော်တင်ဟိုတို့ကလည်း အသင်းအတွက် သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပါတယ်။
ခုလို ၃၂ ပွဲဆက် ရှုံးပွဲမရှိခဲ့မှုဟာ ၁၉၇၉-၈၀ ဘောလုံးရာသီက ဆိုစီဒက်အသင်း တင်ထားနိုင်ခဲ့တဲ့ ရှုံးပွဲမရှိစံချိန်ကို လိုက်မီနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ယခုနိုင်ပွဲကြောင့် ၂၀၁၀-၁၁ ရာသီက အသင်းရဲ့စံချိန်ဟောင်းဖြစ်တဲ့ ၃၁ ပွဲဆက်ရှုံးပွဲမရှိမှုကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ စံချိန်ဟောင်းကိုတော့ နည်းပြဂွာဒီယိုလာ ကိုင်တွယ်ခဲ့စဉ်က ပွဲစဉ် ၃ မှ ပွဲစဉ် ၃၃ အတွင်း ကစားခဲ့ရာမှာ စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး ၂၇ ပွဲနိုင် ၄ ပွဲသရေကျခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကို နည်းပြ ဗဲလ်ဗာဒီတာဝန်ယူကိုင်တွယ် ခဲ့ပြီးနောက်ပိုင်း ရှုံးပွဲ ၃ ပွဲသာ ရှိနေခဲ့ပြီး အဆိုပါ ၃ ပွဲမှာ ရာသီကြိုဖလားပွဲတွင် ရီးရဲမက်ဒရစ်အား နှစ်ကျော့လုံးရှုံးနိမ့်ခဲ့မှုနဲ့ စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ပထမအကျော့မှာ အက်စ်ပန်ညောအား ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။

unicode 2

Check Also

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B)

zawgyi ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B) အုပ်စု (B)   ပေါ်တူဂီ လက်ရှိအဆင့် – …