Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / နေမာ ရီးရဲကို ပြောင်းရွှေ့သင့်ကြောင်း ဂီတီတိုက်တွန်းစကားဆို


zawgyi 1






unicode 1

နေမာ ရီးရဲကို ပြောင်းရွှေ့သင့်ကြောင်း ဂီတီတိုက်တွန်းစကားဆို

ပီအက်စ်ဂျီကစားသမား နေမာအနေဖြင့် သူ့ကစားသမားဘဝ ပိုမိုမြင့်တက်လာရေးအတွက် ပီအက်စ်ဂျီအသင်းမှ ထွက်ခွာပြီး ရီးရဲမက်ဒရစ်သို့ ပြောင်းရွှေ့သင့်ကြောင်း ရီးရဲကစားသမားဟောင်း ဂူတီက တိုက်တွန်းပြောဆိုခဲ့သည်။
နေမာသည် ရီးရဲသို့ပြောင်းရွှေ့ရန် ရှိနေသည်ဟုသည့် သတင်းများမှာလည်း စဉ်ဆက်မပြတ်ဆိုသလို ထွက်ပေါ်နေခဲ့သည်။ လက်ရှိအချိန်တွင် ရီးရဲလူငယ်အသင်း နည်းပြအဖြစ် တာဝန်ယူနေသူ ဂူတီအနေဖြင့် နေမာအတွက် တိုးတက်မှုလမ်းစ ရှိနိုင်သည့်အသင်းမှာ ရီးရဲမက်ဒရစ်တစ်သင်းတည်းသာ ရှိနေသည်ဟု ယုံကြည်နေသည်။
ဂူတီက “အနာဂတ်မှာ နေမာကို ရီးရဲမက်ဒရစ်အသင်း ဝတ်စုံနဲ့အတူ မြင်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူ့အနေနဲ့ အဆင့်မြင့်ကစားသမားအဖြစ်နဲ့ နည်းစနစ်ပိုင်း ပိုမိုကောင်းမွန်လာဖို့ဆိုရင် ရီးရဲမက်ဒရစ်အသင်းကိုသာ ပြောင်းရွှေ့ရမှာပါ။ နေမာဟာ ဘာစီလိုနာမှာ အဓိကကစားသမားအဖြစ် ရှိနေခဲ့သလို ပီအက်စ်ဂျီမှာလည်း အဓိကကစားသမားပါ။ ဒါပေမယ့် သူ့ချန်ပီယံလိဂ်ဖလား ရယူတာကို မြင်တွေ့ချင်ပါတယ်။ သူလွဲချော်ခဲ့တာတွေ အားလုံးက ရီးရဲမှာရှိပါတယ်”ဟု ပြောဆိုခဲ့သည်။
ဆက်လက်ပြီးလည်း ရော်နယ်ဒို၊ ဘင်ဇီမာ၊ ဘေးလ်တို့၏ အနာဂတ်နှင့်ပတ်သက်ပြီးလည်း ပြောဆိုခဲ့သည်။
“အသင်းက ဘယ်ကစားသမားမှ ထွက်ဖို့မရှိနိုင်ပါဘူး။ ရော်နယ်ဒိုကလည်း အသင်းရဲ့အရေးပါသူတစ်ယောက်ပါ။ ဘေးလ်နဲ့ ဘင်ဇီမာကလည်း ထိပ်တန်းကစားသမားတွေဖြစ်သလို သူတို့ရဲ့ အကောင်းဆုံးအနေအထား ရှိနေမယ်ဆိုရင် အသင်းအတွက် အရေးပါသူတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဇီဒန်းဟာ အစုအဖွဲ့ကောင်းကို ပြုလုပ်ထားနိုင်ခဲ့သလို ကစားသမားကောင်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ တစ်စုံတစ်ယောက်ကလည်း သူရီးရဲမှာ ကောင်းကောင်း ကစားနိုင်တယ်ဆိုတာကို သက်သေပြချင်နေပါတယ်။ ခုချိန်မှာတော့ ကစားသမားတိုင်းဟာ သူ့တို့ရဲ့လုပ်ဆောင်မှုတွေကို အကောင်းဆုံးလုပ်နေပြီး ဇီဒန်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် အစွမ်းကုန်ပေးဆပ်နေကြပါတယ်”ဟု ပြောဆိုခဲ့သည်။

unicode 2

Check Also

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B)

zawgyi ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B) အုပ်စု (B)   ပေါ်တူဂီ လက်ရှိအဆင့် – …