Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Spain / LaLiga / Barcelona / ဘာစီလိုနာနဲ့ နှစ်ရှည်သက်တမ်းတိုးခဲ့တဲ့ ဆာဂျီရော်ဘတ်တို


zawgyi 1







unicode 1

ဘာစီလိုနာနဲ့ နှစ်ရှည်သက်တမ်းတိုးခဲ့တဲ့ ဆာဂျီရော်ဘတ်တို

ဘာစီလိုနာအသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ နောက်တန်းကစားသမား ဆာဂျီရော်ဘတ်တိုဟာ အသင်းမှာ ၂၀၂၂ ခုနှစ်အထိ ရှိနေမယ့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပါပြီ။
ဒီနှစ်ရာသီမှာ ဘာစီလိုနာအတွက် ၃၄ ပွဲအထိ ကစားပေးထားသူ ရော်ဘတ်တိုရဲ့ မူလစာချုပ်သက်တမ်းဟာ ၁၈ လသာ ကျန်တော့သလို နည်းပြဟောင်း ဂွာဒီယိုလာရဲ့ မန်စီးတီးကို ပြောင်းရွှေ့ဖို့ရှိနေတယ်ဆိုaတဲ့ သတင်းတွေကလည်း ထွက်ပေါ်လို့ နေခဲ့ပါတယ်။
ဒါကြောင့် ဘာစီလိုနာနည်းပြ ဗဲလ်ဗာဒီအနေနဲ့ အကယ်ဒမီထက် ကစားသမားလေးကို အသင်းမှာ ဆက်ရှိနေစေဖို့အတွက် ပေါင်သန်း ၄၄၀ နဲ့ ထွက်ခွာခွင့်ပြုအချက်ပါ စာချုပ်နဲ့ နှစ်ရှည်သက်တမ်းတိုးခဲ့တာလည်း ဖြစ်ပါတယ်။
ရော်ဘတ်တိုက “ကျွန်တော်ဒီမှာ အမြဲရှိနေချင်သလို ငယ်စဉ်ကတည်းကလည်း ဘာစီလိုနာ ပရိသတ်ဖြစ်ခဲ့တာပါ။ ဒီကိုရောက်နေခဲ့တာလည်း ၁၂ နှစ်ရှိခဲ့ပြီဖြစ်သလို ကျွန်တော့်ရည်မှန်းချက်ကလည်း ဘာစီလိုနာမှာ နေနိုင်သမျှနေခွင့်ရဖို့ပါ”လို့ ပြောဆိုခဲ့ပါတယ်။
ရော်ဘတ်တိုဟာ ဘာစီလိုနာအသင်းကြီးကို ကွင်းလယ်ဗဟို ကစားအဖြစ်နဲ့ ရောက်လာခဲ့တာဖြစ်ပေမယ့် ၂၀၁၆ ခုနှစ်မှာ အဲဗက်စ် ဂျူဗင်တပ်ကိုပြောင်းရွှေ့ခဲ့ပြီးနောက်မှာတော့ ညာတောင်ပံခံစစ်မှူးအဖြစ်သာ ပိုမိုကစားခဲ့ရပါတယ်။
ရော်ဘတ်တိုဟာ ဘာစီလိုနာအသင်းကြီးကို ၂၀၁၀ ခုနှစ်မှာ စတင်ရောက်ရှိလာခဲ့ပြီးနောက် အမှတ်ပေးဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်နဲ့ စပိန်ဘုရင့်ဖလား ၄ ကြိမ်ရယူထားနိုင်ခဲ့ပါတယ်။

unicode 2

ဘာစီလိုနာနဲ့ နှစ်ရှည်သက်တမ်းတိုးခဲ့တဲ့ ဆာဂျီရော်ဘတ်တို

ဘာစီလိုနာအသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ နောက်တန်းကစားသမား ဆာဂျီရော်ဘတ်တိုဟာ အသင်းမှာ ၂၀၂၂ ခုနှစ်အထိ ရှိနေမယ့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပါပြီ။
ဒီနှစ်ရာသီမှာ ဘာစီလိုနာအတွက် ၃၄ ပွဲအထိ ကစားပေးထားသူ ရော်ဘတ်တိုရဲ့ မူလစာချုပ်သက်တမ်းဟာ ၁၈ လသာ ကျန်တော့သလို နည်းပြဟောင်း ဂွာဒီယိုလာရဲ့ မန်စီးတီးကို ပြောင်းရွှေ့ဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်လို့ နေခဲ့ပါတယ်။
ဒါကြောင့် ဘာစီလိုနာနည်းပြ ဗဲလ်ဗာဒီအနေနဲ့ အကယ်ဒမီထက် ကစားသမားလေးကို အသင်းမှာ ဆက်ရှိနေစေဖို့အတွက် ပေါင်သန်း ၄၄၀ နဲ့ ထွက်ခွာခွင့်ပြုအချက်ပါ စာချုပ်နဲ့ နှစ်ရှည်သက်တမ်းတိုးခဲ့တာလည်း ဖြစ်ပါတယ်။
ရော်ဘတ်တိုက “ကျွန်တော်ဒီမှာ အမြဲရှိနေချင်သလို ငယ်စဉ်ကတည်းကလည်း ဘာစီလိုနာ ပရိသတ်ဖြစ်ခဲ့တာပါ။ ဒီကိုရောက်နေခဲ့တာလည်း ၁၂ နှစ်ရှိခဲ့ပြီဖြစ်သလို ကျွန်တော့်ရည်မှန်းချက်ကလည်း ဘာစီလိုနာမှာ နေနိုင်သမျှနေခွင့်ရဖို့ပါ”လို့ ပြောဆိုခဲ့ပါတယ်။
ရော်ဘတ်တိုဟာ ဘာစီလိုနာအသင်းကြီးကို ကွင်းလယ်ဗဟို ကစားအဖြစ်နဲ့ ရောက်လာခဲ့တာဖြစ်ပေမယ့် ၂၀၁၆ ခုနှစ်မှာ အဲဗက်စ် ဂျူဗင်တပ်ကိုပြောင်းရွှေ့ခဲ့ပြီးနောက်မှာတော့ ညာတောင်ပံခံစစ်မှူးအဖြစ်သာ ပိုမိုကစားခဲ့ရပါတယ်။
ရော်ဘတ်တိုဟာ ဘာစီလိုနာအသင်းကြီးကို ၂၀၁၀ ခုနှစ်မှာ စတင်ရောက်ရှိလာခဲ့ပြီးနောက် အမှတ်ပေးဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်နဲ့ စပိန်ဘုရင့်ဖလား ၄ ကြိမ်ရယူထားနိုင်ခဲ့ပါတယ်။

Check Also

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B)

zawgyi ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B) အုပ်စု (B)   ပေါ်တူဂီ လက်ရှိအဆင့် – …