Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / England / Premier League / Everton / တရုတ်ကိုပြောင်းရွှေ့ဖို့ အခွင့်အရေးရခဲ့ပေမယ့် ရည်ရွယ်ချက်တစ်ခုကြောင့် မပြောင်းဖြစ်ခဲ့သူ ရွန်နေး


zawgyi 1





unicode 1

တရုတ်ကို ပြောင်းရွှေ့ဖို့ အခွင့်အရေးရခဲ့ပေမယ့် ရည်ရွယ်ချက်တစ်ခုကြောင့် မပြောင်းဖြစ်ခဲ့သူ ရွန်နေး

အဲဗာတန်အသင်းတိုက်စစ်မှူး ရွန်နေးက တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့ကစားခြင်းမှာ ငွေကြေးများစွာ ရရှိသည်ဆိုသော်လည်း ခြေစွမ်းပိုင်းကျဆင်သွားနိုင်ကြောင်း ပြောဆိုခဲ့သည်။
အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ဂိုးအများဆုံးသွင်းယူထားခဲ့သူ ရွန်နေသည် မန်ယူအသင်းမှ ထွက်ခွာရန် ရှိနေခဲ့သည့်အချိန်တွင် တရုတ်စူပါလိဂ်ကလပ်များ၏ စိတ်ဝင်စားမှုများကို ခံခဲ့ရဖူးသူလည်း ဖြစ်သည်။
သို့သော်လည်း ရွန်နေးမှာ မန်ယူအသင်းနှင့်အတူ အောင်မြင်မှုများစွာကို ၁၃ နှစ်ကြာအတူလက်တွဲ ရယူခဲ့ပြီးနောက် တရုတ်သို့ပြောင်းရွှေ့ကစားခြင်းထက် ကစားသမားဘဝ စတင်ရာအဲဗာတန်သို့သာ ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့သည်။
“မန်ယူက ထွက်ခွာဖို့လုပ်နေတဲ့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက အခြားပြည်ပတစ်နေရာမှာ သွားကစားဖို့အတွက် လွယ်ကူတဲ့အခွင့်အရေးတွေ ရခဲ့ပါတယ်။ တရုတ် ဒါမှမဟုတ် အခြားနေရာတွေကိုပေါ့။ သိပ်မကျန်တော့တဲ့ ကျွန်တော့်ကစားသမားဘဝ လက်ကျန်အချိန်တွေမှာ ငွေပိုက်ယူရမယ့် အနေအထားမျိုးပေါ့။ အဲဒါတွေက ကျွန်တော့်အတွက် မဟုတ်ခဲ့ပါဘူး။ ကျွန်တော်က ဂိုးတွေသွင်းယူချင်တယ်။ ဖိအားတွေနဲ့အတူ ရှိနေချင်ခဲ့တာပါ။ အခြားအရာတစ်ခုကိုသာ ရွေးချယ်လိုက်မယ်ဆိုရင် အဲဒီစိတ်တွေ ပျောက်ဆုံးသွားပါလိမ့်မယ်”ဟု ပြောဆိုခဲ့သည်။

unicode 2

Check Also

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B)

zawgyi ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B) အုပ်စု (B)   ပေါ်တူဂီ လက်ရှိအဆင့် – …