Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / England / Premier League / Tottenham Hotspur / စပါးစ်တို့ ကိန်းကို ထိန်းထားနိုင်ဖို့ ခက်ခဲလိမ့်မည်ဟု ဖာဒီနန်ပြော


zawgyi 1

ဥရောပထိပ်သီးကလပ် တစ်သင်းမှာ ကိန်းအားခေါ်ယူရန် ကမ်းလှမ်းမှုများပြုလုပ်လာပါက စပါးစ်တို့ ကိန်းအား အသင်းတွင်ဆက်လက်ရှိနေစေရေး ထိန်းချုပ်ရန်ခက်ခဲမှုများ ရှိလာနိုင်သည်ဟု လက်စ်ဖာဒီနန်က ပြောဆိုခဲ့သည်။







unicode 1

စပါးစ်တို့ ကိန်းကို ထိန်းထားနိုင်ဖို့ ခက်ခဲလိမ့်မည်ဟု ဖာဒီနန်ပြော

ဥရောပထိပ်သီးကလပ် တစ်သင်းမှာ ကိန်းအားခေါ်ယူရန် ကမ်းလှမ်းမှုများပြုလုပ်လာပါက စပါးစ်တို့ ကိ်န်းအား အသင်းတွင်ဆက်လက်ရှိနေစေရေး ထိန်းချုပ်ရန်ခက်ခဲမှုများ ရှိလာနိုင်သည်ဟု လက်စ်ဖာဒီနန်က ပြောဆိုခဲ့သည်။
အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးကိန်းသည် ယခုနှစ်ဘောလုံးရာသီတွင် ခြေစွမ်းကောင်းများ ပြသထားသလို ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး ကစားသမားစာရင်းတွင်လည်း သွင်းဂိုး ၂၃ ဂိုးဖြင့် ဦးဆောင်နေသည်။
လွန်ခဲ့သည့် ၄ နှစ်မှစတင်ပြီး ကိန်း၏ခြေစွမ်းပြသ လာမှုများကြောင့် သူ့အားခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းများစွာရှိနေသည်။ ထို့အပြင် စပါးစ်အသင်းတိုက်စစ်မှူးဟောင်း ဖာဒီနန်အနေဖြင့်လည်း ကိန်းအား ဥရောပထိပ်သီးအသင်းများမှ ကမ်းလှမ်းလာခဲ့ပါက စပါးစ်တို့အခက်ကြုံရနိုင်သည်ဟုလည်း ထင်နေသည်။
ဖီဒီနန်က “အသင်းမှာ ထိပ်တန်းကစားသမားတစ်ဦး ရှိနေပြီး အဲဒီကစားသမားကို အသင်းတွေက ကမ်းလှမ်းမှုတွေ ပြုလုပ်လာမယ်ဆိုရင် စပါးစ်အနေနဲ့ အဲဒီအသင်းတွေကို ဟန့်တားနိုင်စွမ်းရှိပါ့မလား။ စပါးစ်တို့ နောက်ရာသီမှာ ကွင်းသစ်ကိုပြောင်းရွှေ့တော့မှာဖြစ်သလို ကိန်းကိုလည်း ဆက်ရှိနေစချင်ကြမှာပါ။ ဒါပေမယ့် သူ့ကိုခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ရှိလာခဲ့တဲ့အခါ ကိန်းစပါးစ်မှာ ဆက်ရှိနေချင်သလား မနေချင်ဘူးလားဆိုတာကို ဆုံးဖြတ်သွားရမှာပါ’’ဟု ပြောဆိုခဲ့သည်။
ကိန်းသည် ပြီးခဲ့သည့် ၂ နှစ်ဆက် ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရှိနေခဲ့ပြီး ယခုနှစ်ရာသီတွင်လည်း လီဗာပူးတိုက်စစ်ကစားသမား ဆာလာကို ဖြတ်ကျော်ပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဆက်လက်ရှိနေလိမ့်မည်ဟုလည်း ဖာဒီနန်က ထင်နေသည်။
“ပရီးမီးယားလိဂ်နဲ့ ဥရောပမှာ ကစားနေကြတဲ့ တိုက်စစ်မှူးတွေရဲ့ အနေအထားကိုကြည့်လိုက်ရင် ကိန်းကလည်း ထိပ်တန်းတိုက်စစ်မှူူးတွေအနက် တစ်ယောက်ဖြစ်နေတယ်လို့ ထင်ပါတယ်။ ဒဏ်ရာမရဖို့ကတော့ သူ့အတွက် အဓိကအရာပါ။ ကိန်းဟာ အနေအထားမျိုးစုံက ဂိုးသွင်းယူနိုင်သူပါ။ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ကစားသမားဆုအတွက် ကိန်းကိုယှဉ်ပြိုင်နိုင်မယ့်သူက လီဗာပူးမှာ ခြေစွမ်းပြနေတဲ့ ဆာလာတစ်ယောက်ပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်”ဟု ပြောဆိုခဲ့သည်။
ထို့အပြင် စပါးစ်အသင်း အဆင့် ၄ အတွင်း ဝင်ရောက်နိုင်မှုနှင့်ပတ်သက်ပြီးလည်း “စပါးစ်အသင်း အဆင့် ၄ အတွင်း ဝင်ရောက်နိုင်မယ်လို့ ထင်ပါတယ်။ အာဆင်နယ်ကို အနိုင်ရလိုက်ခြင်းက သူတို့ရဲ့မျှော်လင့်ချက်ကို မြင့်တင်ပေးသလိုဖြစ်ခဲ့ပြီး အဲဒီလိုခြေစွမ်းကောင်းမျိုးကို ရာသီကုန်အထိ ဆက်ထိန်းထားနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်”ဟု ပြောခဲ့သည်။

unicode 2

စပါးစ်တို့ ကိန်းကို ထိန်းထားနိုင်ဖို့ ခက်ခဲလိမ့်မည်ဟု ဖာဒီနန်ပြော

ဥရောပထိပ်သီးကလပ် တစ်သင်းမှာ ကိန်းအားခေါ်ယူရန် ကမ်းလှမ်းမှုများပြုလုပ်လာပါက စပါးစ်တို့ ကိ်န်းအား အသင်းတွင်ဆက်လက်ရှိနေစေရေး ထိန်းချုပ်ရန်ခက်ခဲမှုများ ရှိလာနိုင်သည်ဟု လက်စ်ဖာဒီနန်က ပြောဆိုခဲ့သည်။
အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးကိန်းသည် ယခုနှစ်ဘောလုံးရာသီတွင် ခြေစွမ်းကောင်းများ ပြသထားသလို ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး ကစားသမားစာရင်းတွင်လည်း သွင်းဂိုး ၂၃ ဂိုးဖြင့် ဦးဆောင်နေသည်။
လွန်ခဲ့သည့် ၄ နှစ်မှစတင်ပြီး ကိန်း၏ခြေစွမ်းပြသ လာမှုများကြောင့် သူ့အားခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းများစွာရှိနေသည်။ ထို့အပြင် စပါးစ်အသင်းတိုက်စစ်မှူးဟောင်း ဖာဒီနန်အနေဖြင့်လည်း ကိန်းအား ဥရောပထိပ်သီးအသင်းများမှ ကမ်းလှမ်းလာခဲ့ပါက စပါးစ်တို့အခက်ကြုံရနိုင်သည်ဟုလည်း ထင်နေသည်။
ဖီဒီနန်က “အသင်းမှာ ထိပ်တန်းကစားသမားတစ်ဦး ရှိနေပြီး အဲဒီကစားသမားကို အသင်းတွေက ကမ်းလှမ်းမှုတွေ ပြုလုပ်လာမယ်ဆိုရင် စပါးစ်အနေနဲ့ အဲဒီအသင်းတွေကို ဟန့်တားနိုင်စွမ်းရှိပါ့မလား။ စပါးစ်တို့ နောက်ရာသီမှာ ကွင်းသစ်ကိုပြောင်းရွှေ့တော့မှာဖြစ်သလို ကိန်းကိုလည်း ဆက်ရှိနေစချင်ကြမှာပါ။ ဒါပေမယ့် သူ့ကိုခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ရှိလာခဲ့တဲ့အခါ ကိန်းစပါးစ်မှာ ဆက်ရှိနေချင်သလား မနေချင်ဘူးလားဆိုတာကို ဆုံးဖြတ်သွားရမှာပါ’’ဟု ပြောဆိုခဲ့သည်။
ကိန်းသည် ပြီးခဲ့သည့် ၂ နှစ်ဆက် ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရှိနေခဲ့ပြီး ယခုနှစ်ရာသီတွင်လည်း လီဗာပူးတိုက်စစ်ကစားသမား ဆာလာကို ဖြတ်ကျော်ပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဆက်လက်ရှိနေလိမ့်မည်ဟုလည်း ဖာဒီနန်က ထင်နေသည်။
“ပရီးမီးယားလိဂ်နဲ့ ဥရောပမှာ ကစားနေကြတဲ့ တိုက်စစ်မှူးတွေရဲ့ အနေအထားကိုကြည့်လိုက်ရင် ကိန်းကလည်း ထိပ်တန်းတိုက်စစ်မှူးတွေအနက် တစ်ယောက်ဖြစ်နေတယ်လို့ ထင်ပါတယ်။ ဒဏ်ရာမရဖို့ကတော့ သူ့အတွက် အဓိကအရာပါ။ ကိန်းဟာ အနေအထားမျိုးစုံက ဂိုးသွင်းယူနိုင်သူပါ။ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ကစားသမားဆုအတွက် ကိန်းကိုယှဉ်ပြိုင်နိုင်မယ့်သူက လီဗာပူးမှာ ခြေစွမ်းပြနေတဲ့ ဆာလာတစ်ယောက်ပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်”ဟု ပြောဆိုခဲ့သည်။
ထို့အပြင် စပါးစ်အသင်း အဆင့် ၄ အတွင်း ဝင်ရောက်နိုင်မှုနှင့်ပတ်သက်ပြီးလည်း “စပါးစ်အသင်း အဆင့် ၄ အတွင်း ဝင်ရောက်နိုင်မယ်လို့ ထင်ပါတယ်။ အာဆင်နယ်ကို အနိုင်ရလိုက်ခြင်းက သူတို့ရဲ့မျှော်လင့်ချက်ကို မြင့်တင်ပေးသလိုဖြစ်ခဲ့ပြီး အဲဒီလိုခြေစွမ်းကောင်းမျိုးကို ရာသီကုန်အထိ ဆက်ထိန်းထားနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်”ဟု ပြောခဲ့သည်။

Check Also

ပိုချက်တီနိုကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စပါးစ်တို့ အဆင်သင့်ဖြစ်

zawgyi 1 စပါးစ်အသင်းသည် အသင်းနည်းပြ ပိုချက်တီနိုအား အသင်းတွင် နှစ်ရှည်ရှိနေစေရေးအတွက် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်စိတ်ဝင်စားနေသည်ဟု သတင်းတစ်ရပ်တွင် ရေးသားဖော်ပြထားသည်။ လန်ဒန်မြောက်ပိုင်း ကလပ်အသင်း စပါးစ်သည် လာမည့်နှစ်ဘောလုံးရာသီတွင် …