Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Champions League / အလစ်ဆန်သာ မရှိရင် ရှက်တာတို့ ဂိုးပြတ်နိုင်ပွဲ ရနိုင်မှာပါ – ဖွန်စကာ


zawgyi 1





unicode 1

အလစ်ဆန်သာ မရှိရင် ရှက်တာတို့ ဂိုးပြတ်နိုင်ပွဲ ရနိုင်မှာပါ – ဖွန်စကာ

ရှက်တာဒိုးနက်အသင်းက ရိုးအားအား ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရိုးမားအသင်းမှာ ဂိုးသမား အလစ်ဆန်သာ မရှိခဲ့ရင် ရှက်တာဒိုးနက်တို့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ဖို့ အလားအလာကောင်းတွေ ရရှိသွားမှာဖြစ်တယ်လို့ ရှက်တာဒိုးနက်ကစားသမား ဖွန်စကာက ပြောဆိုခဲ့ပါတယ်။
ယူကရိန်းအမှတ်ပေး ချန်ပီယံ ရှက်တာဟာ အဆုပါပွဲစဉ်မှာ ၁-၀ နဲ့ ရှုံးနိမ့်နေခဲ့ရကနေ ၂-၁ နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီပွဲစဉ်နဲ့့ပတ်သက်ပြီး ဖွန်စကာက “အသင်းရဲ့ကစားပုံက ဒုတိယပိုင်းမှာ ကောင်းမွန်ခဲ့ပါတယ်။ ဆောင်းရာသီ နားရက်ပြီးမှာ ကစားရတဲ့ပွဲက လွယ်တော့ မလွယ်ခဲ့ပါဘူး။ ကျွန်တော်တို့ ဂိုးပြတ်နဲ့တောင် နိုင်ပွဲရနိုင်ခဲ့ဖို့ပါ။ ဂိုးသမားရဲ့ အချို့ကာကွယ်မှုတွေက မယုံနိုင်လောက်အောင်ဖြစ်ခဲ့ရလို့ ရိုးမားအနေနဲ့ အလစ်ဆန်ကို ကျေးဇူးတင်သင့်ပါတယ်’’လို့ ပြောဆိုခဲ့ပါတယ်။
ရှက်တာဒိုးနက်အသင်းနဲ့ ရိုးမားအသင်းတို့ရဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်ကို မတ်လ ၁၃ ရက်နေ့မှာ ပြန်လည်ကစားသွားမှာလည်း ဖြစ်ပါတယ်။

unicode 2

အလစ်ဆန်သာ မရှိရင် ရှက်တာတို့ ဂိုးပြတ်နိုင်ပွဲ ရနိုင်မှာပါ – ဖွန်စကာ

ရှက်တာဒိုးနက်အသင်းက ရိုးအားအား ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရိုးမားအသင်းမှာ ဂိုးသမား အလစ်ဆန်သာ မရှိခဲ့ရင် ရှက်တာဒိုးနက်တို့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ဖို့ အလားအလာကောင်းတွေ ရရှိသွားမှာဖြစ်တယ်လို့ ရှက်တာဒိုးနက်ကစားသမား ဖွန်စကာက ပြောဆိုခဲ့ပါတယ်။
ယူကရိန်းအမှတ်ပေး ချန်ပီယံ ရှက်တာဟာ အဆုပါပွဲစဉ်မှာ ၁-ဝ နဲ့ ရှုံးနိမ့်နေခဲ့ရကနေ ၂-၁ နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီပွဲစဉ်နဲ့ပတ်သက်ပြီး ဖွန်စကာက “အသင်းရဲ့ကစားပုံက ဒုတိယပိုင်းမှာ ကောင်းမွန်ခဲ့ပါတယ်။ ဆောင်းရာသီ နားရက်ပြီးမှာ ကစားရတဲ့ပွဲက လွယ်တော့ မလွယ်ခဲ့ပါဘူး။ ကျွန်တော်တို့ ဂိုးပြတ်နဲ့တောင် နိုင်ပွဲရနိုင်ခဲ့ဖို့ပါ။ ဂိုးသမားရဲ့ အချို့ကာကွယ်မှုတွေက မယုံနိုင်လောက်အောင်ဖြစ်ခဲ့ရလို့ ရိုးမားအနေနဲ့ အလစ်ဆန်ကို ကျေးဇူးတင်သင့်ပါတယ်’’လို့ ပြောဆိုခဲ့ပါတယ်။
ရှက်တာဒိုးနက်အသင်းနဲ့ ရိုးမားအသင်းတို့ရဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်ကို မတ်လ ၁၃ ရက်နေ့မှာ ပြန်လည်ကစားသွားမှာလည်း ဖြစ်ပါတယ်။

Check Also

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B)

zawgyi ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B) အုပ်စု (B)   ပေါ်တူဂီ လက်ရှိအဆင့် – …