Monday , October 22 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Spain / LaLiga / Atletico Madrid / အက္သလက္ကိုစြန္႔ခြာၿပီး ဂုဏ္ျပဳခံ ကစားသမားတစ္ဦးအျဖစ္နဲ႔ ေျပာင္းေရႊ႕ျဖစ္မွာလား ေတာရက္စ္

အက္သလက္ကိုစြန္႔ခြာၿပီး ဂုဏ္ျပဳခံ ကစားသမားတစ္ဦးအျဖစ္နဲ႔ ေျပာင္းေရႊ႕ျဖစ္မွာလား ေတာရက္စ္

zawgyi 1

အက္သလက္အသင္းနည္းျပ ဆီျမြန္နီက အသင္းရဲ႕၀ါရင့္တိုက္စစ္မွဴး ေတာရက္စ္ကို အသင္းမွဆက္ရွိေနေစေရး ႀကိဳးပမ္းသြားမွာ မဟုတ္ဘူးလို႔ ေျပာဆုိခဲ့ၿပီးတဲ့ေနာက္မွာေတာ့ တုိက္စစ္မွဴးေတာရက္စ္ဟာ သူ႔ရဲ႕စာခ်ဳပ္သက္တမ္း ကုန္ဆံုးမယ့္ ဒီရာသီအကုန္မွာ အက္သလက္န႔ဲ လမ္းခြဲရမယ့္ အေနအထားမွာ ရွိေနပါၿပီ။

ၿပီးခဲ့တဲ့ ဗုဒၵဟူးေန႔က ဂ်ာနယ္လစ္တစ္ေယာက္က ဆီျမြန္နီကို “ေတာရက္စ္ကို ေနာက္တစ္ႏွစ္ အသင္းမွာ ဆက္ရွိေနေစခ်င္သလားဆိုတာကို သိခ်င္ပါတယ္”လို႔ ေမးျမန္းခဲ့မႈကိုေတာ့ ဆီျမြန္နီက အတိုးဆံုးအေျဖျဖစ္တဲ့ “No”တစ္လံုးတည္းကိုသာ ေျဖဆိုခဲ့တာပါ။

အဲဒီအေျဖေၾကာင့္ ေတာရက္စ္တစ္ေယာက္ အက္သလက္မွာဆက္ရွိေနဖို႔ဆိုတာ မျဖစ္ႏုိင္ေတာ့ဘူးဆိုတာ ေသခ်ာသြားပါၿပီ။ ေတာရက္စ္ဟာ ဒီရာသီမွာ အသင္းအတြက္ ၂၇ ပဲြကစားထားခဲ့ရာမွာ ၅ ဂိုးသာ သြင္းယူေပးထားႏုိင္တာပါ။ ဒါ့အျပင္ ဒီေယဂိုေကာ္စတာ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး လူငယ္တိုက္စစ္ ကစားသမား ဂရစ္ဇ္မန္းနဲ႔ တဲြဖက္ညီစြာ ကစားေနမႈတို႔ေၾကာင့္လည္း ေတာရက္စ္အတြက္ အခက္ေတြ႕ေနခဲ့ရ ျပန္ပါတယ္။

တစ္ခ်ိန္က ကမၻာ့ထိပ္တန္းတိုက္စစ္မွဴးျဖစ္ခဲ့တဲ့ ေတာရက္စ္ဟာ လာမယ့္လမွာ ၃၄ ႏွစ္ျပည့္မွာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ေတာရက္စ္အေနနဲ႔ အက္သလက္က ထြက္ခြာၿပီးရင္ အနားယူေတာ့မလားဆိုတဲ့ ေျပာဆိုမႈေတြလည္း ထြက္ေပၚလုိ႔ လာခဲ့ျပန္ပါတယ္။

ဒါေပမယ့္ ဆီျမြန္နီရဲ႕ ေျပာဆိုမႈအၿပီးမွာေတာ့ ေတာရက္စ္ရဲ႕ ေမြးဇာတိေျမ အေျခစိုက္ ကလပ္အသင္းျဖစ္တဲ့ ဖြန္လာဘရာဒါအသင္းကေတာ့ ေတာရက္စ္ကို ေခၚယူဖို႔စိတ္၀င္စားေၾကာင္းကို အသင္းပိုင္တြစ္တာ အေကာင့္ကေန ေရးသားေဖာ္ျပထားခဲ့ပါတယ္။

ဖြန္လာဘရာဒါအသင္းဟာ လက္ရွိအခ်ိန္မွာ ဆီဂန္ဒါဘီ (Group 1)ရဲ႕ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့အသင္းျဖစ္ပါတယ္။ ဒါ့အျပင္ အဲဒီအသင္းဟာ ေတာရက္စ္ရဲ႕ ဇာတိေျမအေျခစိုက္ အသင္းျဖစ္သလို အသင္းရဲ႕ကြင္းနာမည္ကိုလည္း ဖာနန္ဒိုေတာရက္စ္လို႔ သူ႔ရဲ႕နာမည္ကို ေပးထားတာလည္း ျဖစ္ပါတယ္။

ေတာရက္စ္အေနနဲ႔ ကစားဘ၀ စတင္ခ်ိန္ကလည္းက ေအာက္တန္းအသင္းေတြမွာ ကစားခဲ့ဖူးသူ မဟုတ္တာေၾကာင့္ သူ႔ကိုဂုဏ္ျပဳမႈေတြ ျပဳလုပ္ထားတဲ့ အဲဒီအသင္းကို ေျပာင္းေရႊ႕ပါ့မလားဆိုတာကိုေတာ့ ေစာင့္ၾကည့္သြားရဖို႔ရွိေနတယ္လို႔လည္း သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

unicode 1

အက်သလက်ကို စွန့်ခွာပြီး ဂုဏ်ပြုခံ ကစားသမားတစ်ဦးအဖြစ်နဲ့ ပြောင်းရွှေ့ဖြစ်မှာလား တောရက်စ်

အက်သလက်အသင်းနည်းပြ ဆီမြွန်နီက အသင်းရဲ့ဝါရင့်တိုက်စစ်မှူး တောရက်စ်ကို အသင်းမှဆက်ရှိနေစေရေး ကြိုးပမ်းသွားမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီးတဲ့နောက်မှာတော့ တိုက်စစ်မှူးတောရက်စ်ဟာ သူ့ရဲ့စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ အက်သလက်နဲ့ လမ်းခွဲရမယ့် အနေအထားမှာ ရှိနေပါပြီ။
ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့က ဂျာနယ်လစ်တစ်ယောက်က ဆီမြွန်နီကို “တောရက်စ်ကို နောက်တစ်နှစ် အသင်းမှာ ဆက်ရှိနေစေချင်သလားဆိုတာကို သိချင်ပါတယ်”လို့ မေးမြန်းခဲ့မှုကိုတော့ ဆီမြွန်နီက အတိုးဆုံးအဖြေဖြစ်တဲ့ “No”တစ်လုံးတည်းကိုသာ ဖြေဆိုခဲ့တာပါ။
အဲဒီအဖြေကြောင့် တောရက်စ်တစ်ယောက် အက်သလက်မှာဆက်ရှိနေဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးဆိုတာ သေချာသွားပါပြီ။ တောရက်စ်ဟာ ဒီရာသီမှာ အသင်းအတွက် ၂၇ ပွဲကစားထားခဲ့ရာမှာ ၅ ဂိုးသာ သွင်းယူပေးထားနိုင်တာပါ။ ဒါ့အပြင် ဒီယေဂိုကော်စတာ ပြန်လည်ရောက်ရှိလာခဲ့ပြီး လူငယ်တိုက်စစ် ကစားသမား ဂရစ်ဇ်မန်းနဲ့ တွဲဖက်ညီစွာ ကစားနေမှုတို့ကြောင့်လည်း တောရက်စ်အတွက် အခက်တွေ့နေခဲ့ရ ပြန်ပါတယ်။
တစ်ချိန်က ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးဖြစ်ခဲ့တဲ့ တောရက်စ်ဟာ လာမယ့်လမှာ ၃၄ နှစ်ပြည့်မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် တောရက်စ်အနေနဲ့ အက်သလက်က ထွက်ခွာပြီးရင် အနားယူတော့မလားဆိုတဲ့ ပြောဆိုမှုတွေလည်း ထွက်ပေါ်လို့ လာခဲ့ပြန်ပါတယ်။
ဒါပေမယ့် ဆီမြွန်နီရဲ့ ပြောဆိုမှုအပြီးမှာတော့ တောရက်စ်ရဲ့ မွေးဇာတိမြေ အခြေစိုက် ကလပ်အသင်းဖြစ်တဲ့ ဖွန်လာဘရာဒါအသင်းကတော့ တောရက်စ်ကို ခေါ်ယူဖို့စိတ်ဝင်စားကြောင်းကို အသင်းပိုင်တွစ်တာ အကောင့်ကနေ ရေးသားဖော်ပြထားခဲ့ပါတယ်။
ဖွန်လာဘရာဒါအသင်းဟာ လက်ရှိအချိန်မှာ ဆီဂန်ဒါဘီ (Group 1)ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အသင်းဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအသင်းဟာ တောရက်စ်ရဲ့ ဇာတိမြေအခြေစိုက် အသင်းဖြစ်သလို အသင်းရဲ့ကွင်းနာမည်ကိုလည်း ဖာနန်ဒိုတောရက်စ်လို့ သူ့ရဲ့နာမည်ကို ပေးထားတာလည်း ဖြစ်ပါတယ်။
တောရက်စ်အနေနဲ့ ကစားဘဝ စတင်ချိန်ကလည်းက အောက်တန်းအသင်းတွေမှာ ကစားခဲ့ဖူးသူ မဟုတ်တာကြောင့် သူ့ကိုဂုဏ်ပြုမှုတွေ ပြုလုပ်ထားတဲ့ အဲဒီအသင်းကို ပြောင်းရွှေ့ပါ့မလားဆိုတာကိုတော့ စောင့်ကြည့်သွားရဖို့ရှိနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

unicode 2

Check Also

ကမၻာ့ဖလားၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၃) အုပ္စု (C) အုပ္စု (C)

zawgyi ကမၻာ့ဖလားၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၃) အုပ္စု (C) အုပ္စု (C)   ျပင္သစ္ လက္ရွိအဆင့္ – …