Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Germany / Bundesliga / နည်းပြထွက်ပြီး ၂၄ နာရီအကြာမှာပင် နည်းပြသစ်ခန့်အပ်ခဲ့တဲ့ ၀ုဖ်ဘတ်


zawgyi 1







unicode 1

နည်းပြထွက်ပြီး ၂၄ နာရီအကြာမှာပင် နည်းပြသစ်ခန့်အပ်ခဲ့တဲ့ ဝုဖ်ဘတ်

ဝုဖ်ဘတ်အသင်းသည် အသင်းနည်း မာတင်ချာမစ် အသင်းမှနုတ်ထွက်ခဲ့ပြီးနောက် ၂၄ နာရီအကြာမှာပင် နည်းပြသစ်အဖြစ် လာဘာဒီယာကို ခန့်အပ်လိုက်ကြောင်း အတည်ပြုကြေငြာခဲ့သည်။
အသက် ၅၂ နှစ်အရွယ် လာဘာဒီယာသည် ၂၀၁၉ ခုနှစ်အထိ ရှိနေမည့်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး အသင်း၏လေ့ကျင့်မှုများကို အင်္ဂါနေ့တွင် စတင်တာဝန်ယူသွားမည်လည်း ဖြစ်သည်။
“လာဘာဒီယာဟာ အင်မတန်အတွေ့အကြုံရှိတဲ့ နည်းပြတစ်ဦးပါ။ ဘွန်ဒက်လီဂါမှာ မှတ်တမ်းကောင်းတွေကို ရေးထိုးထားပြီးသားပါ”ဟု ဝုဖ်ဘတ်အသင်း အားကစားဒါရိုက်တာ ရက်ဘီက ပြောခဲ့သည်။
ဝုဖ်ဘတ်အသင်းသည် ပွဲစဉ် ၂၃ အပြီးတွင် တန်းဆင်းဇုန် ပလေ့အော့အဆင့်မှ အသင်းနှင့် ရမှတ်တစ်မှတ်အသာ ရရှိနေသည့် အနေအဖြစ်နေသည့် အခြေအနေတွင် လာဘာဒီယာက တာဝန်ယူရမည်ဖြစ်သည်။ ဘာဘာဒီယာအနေဖြင့် ၂၀၁၅ ခုနှစ်ပိုင်းက ဟမ်းဘတ်အသင်းအား တန်းဆင်းဇုန် ပလေးအော့ကစားခြင်းဖြင့် တန်းမဆင်းရရေး ကြိုးပမ်းပေးခဲ့သည် အစဉ်အလာများလည်း ရှိခဲ့သည်။
“အသင်းသစ်နဲ့အတူ ရှေ့ဆက်လာမယ့် အနာဂတ်အတွက် စောင့်မျှော်နေပါတယ်’’ဟု ပြောဆိုခဲ့သည်။
ဘာဘာဒီယာသည် လေဗာကူဆင်၊ စတုတ်ဂတ်နှင့် ဟမ်းဘတ်အသင်းတို့အား တာဝန်ယူကိုင်တွယ်ခဲ့ဖူးသည်။

unicode 2

Check Also

ချဲလ်ဆီးအသင်းမှာ ရှိစဉ်က စိတ်ညစ်ခဲ့ရကြေင့် ဘက်ရှူဝါရီ ဖွင့်ဟပြောဆို

zawgyi 1 တိုက်စစ်မှူး ဘက်ရှူဝါရီက သူ့အားချဲလ်ဆီးအသင်းနည်းပြ ကွန်တီအသုံးပြုခဲ့ပုံနှင့်ပတ်သက်ပြီး စိတ်ပျက်ခဲ့ရကြောင်း ပြောသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကနေ ဒေါ့မွန်ကိုအငှားနဲ့ ကစားနေတဲ့ ဘက်ရှူဝါရီဟာ ချဲလ်ဆီးမှာတော့ အရန်ကစားသမားအဖြစ်သာ ကစားခွင့်ရခဲ့ပေမယ့် …