Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / England / Premier League / Chelsea / ဒရော့ဘာရဲ့ ခြေရာကို နင်းနိုင်မှာလား အိုင်ဆက် (ဒရော့ဘာ၏သား)

ဒရော့ဘာရဲ့ ခြေရာကို နင်းနိုင်မှာလား အိုင်ဆက် (ဒရော့ဘာ၏သား)

zawgyi 1










unicode 1

ဒရော့ဘာရဲ့ ခြေရာကို နင်းနိုင်မှာလည်း အိုင်ဆက် (ဒရော့ဘာ၏သား)

ဒရော့ဘာရဲ့ သားဖြစ်သူ အိုင်ဆက်ကတော့ သူ့အဖေရဲ့ ခြေရာကိုနင်းနိုင်ဖို့ ခြေလှမ်းသစ်စတဲ့အနေနဲ့ လီဂူးဝမ်း ကလပ် ဂူအင်ဂမ့်အသင်းကို ပြောင်းရွှေ့ကစားဖို့ သဘောတူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ချဲလ်ဆီးအကယ်ဒမီမှာ စတင်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် အိုင်ဆက်ဟာ ဂူအင်ဂမ့်အသင်းကို ပြောင်းရွှေ့ခဲ့ခြင်းကို ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ပြန်ကြေငြာခဲ့တာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်လောက်က ဂူအင်ဂမ့်အသင်းဟာ အိုင်ဆက်ရဲ့အဖေ ဒရော့ဘာကို လီမန်းအသင်းကနေ ပေါင် ၈၀၀၀၀ နဲ့ ခေါ်ယူခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာ မေဂျာလိဂ်မှာ ကစားနေဆဲ ဒရော့ဘာကတော့ သူ့အားခုလိုဥရောပ ကလပ်မှာ ကစားခွင့်ရလို့ ပျော်ရွှင်ကြောင်း ပြတဲ့အနေနဲ့ အသင်းသစ်ရဲ့ ဂျာစီနဲ့အတူ သူ့သားပုံကို အင်စတာဂမ်မှာ ဖော်ပြခဲ့တာပါ။
အဲဒီပုံနဲ့အတူ “မချီးကျူးဘဲ မနေနိုင်တော့ပါဘူး”ဟု ရေးသားထားပါသေးတယ်။
ချဲလ်ဆီးအသင်းဖော်ဟောင်း လမ်းပတ်ကလည်း အဲဒီ Post အောက်မှာ “ဂုဏ်ယူပါတယ်။ အရမ်းလိမ္မာတဲ့ အိုင်ဆက်လေး ခုတော့ လူကြီးဖြစ်လာပြီ”ဟု comment ရေးသား ထားခဲ့တာကိုလည်း တွေ့ရကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်း တယ်ရီကလည်း “ဒီလောက် ကြီးလာတာက မယုံနိုင်စရာပဲ။ ဂုဏ်ယူပါတယ်ကွာ”ဟု ရေးသားထားပြန်ပါတယ်။
အိုင်ဆက်အနေနဲ့ သူ့အဖေနဲ့ နှိုင်းယှဉ်လောက်ဖို့ဆိုတာကတော့ များစွာလိုအပ်နေပါသေးတယ်။ ဒါပေမယ့် အကယ်ဒမီ ယူ ၁၉ အသင်းကနေ အသင်းကြီးမှာ ပါဝင်ကစားနိုင်ခွင့်ရဖို့အတွက်တော့ ကြိုးစားရတော့မှာလည်း ဖြစ်ပါတယ်။
ဒရော့ဘာကတော့ ဂူအင်ဂမ့်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး နောက်ရာသီမှာပဲ မာဆေးအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် မာဆေးအသင်းနဲ့အတူ ၂၀၀၄ ယူအီအက်အေဖလား ဗိုလ်လုပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်းကြောင့် ဥရောပအသင်းကြီးတွေရဲ့ မျက်စိကျခြင်းကို ခံခဲ့ရပြန်ပါတယ်။
အဲဒီနှစ်နွေရာသီမှာပဲ ချဲလ်ဆီးအသင်းက ဒရော့ဘာကို ပေါင် ၂၄ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဒရော့ဘာဟာ ချဲလ်ဆီးအသင်းမှာ ၉ နှစ်တာကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်တို့ ရယူနိုင်ခဲ့ပြီး သမိုင်းတစ်ခု ရေးထိုးနိုင်ခဲ့ပါတယ်။

unicode 2

ဒရော့ဘာရဲ့ ခြေရာကို နင်းနိုင်မှာလည်း အိုင်ဆက် (ဒရော့ဘာ၏သား)

ဒရော့ဘာရဲ့ သားဖြစ်သူ အိုင်ဆက်ကတော့ သူ့အဖေရဲ့ ခြေရာကိုနင်းနိုင်ဖို့ ခြေလှမ်းသစ်စတဲ့အနေနဲ့ လီဂူးဝမ်း ကလပ် ဂူအင်ဂမ့်အသင်းကို ပြောင်းရွှေ့ကစားဖို့ သဘောတူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ချဲလ်ဆီးအကယ်ဒမီမှာ စတင်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် အိုင်ဆက်ဟာ ဂူအင်ဂမ့်အသင်းကို ပြောင်းရွှေ့ခဲ့ခြင်းကို ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ပြန်ကြေငြာခဲ့တာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်လောက်က ဂူအင်ဂမ့်အသင်းဟာ အိုင်ဆက်ရဲ့အဖေ ဒရော့ဘာကို လီမန်းအသင်းကနေ ပေါင် ၈၀ဝ၀ဝ နဲ့ ခေါ်ယူခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာ မေဂျာလိဂ်မှာ ကစားနေဆဲ ဒရော့ဘာကတော့ သူ့အားခုလိုဥရောပ ကလပ်မှာ ကစားခွင့်ရလို့ ပျော်ရွှင်ကြောင်း ပြတဲ့အနေနဲ့ အသင်းသစ်ရဲ့ ဂျာစီနဲ့အတူ သူ့သားပုံကို အင်စတာဂမ်မှာ ဖော်ပြခဲ့တာပါ။
အဲဒီပုံနဲ့အတူ “မချီးကျူးဘဲ မနေနိုင်တော့ပါဘူး”ဟု ရေးသားထားပါသေးတယ်။
ချဲလ်ဆီးအသင်းဖော်ဟောင်း လမ်းပတ်ကလည်း အဲဒီ Post အောက်မှာ “ဂုဏ်ယူပါတယ်။ အရမ်းလိမ္မာတဲ့ အိုင်ဆက်လေး ခုတော့ လူကြီးဖြစ်လာပြီ”ဟု comment ရေးသား ထားခဲ့တာကိုလည်း တွေ့ရကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်း တယ်ရီကလည်း “ဒီလောက် ကြီးလာတာက မယုံနိုင်စရာပဲ။ ဂုဏ်ယူပါတယ်ကွာ”ဟု ရေးသားထားပြန်ပါတယ်။
အိုင်ဆက်အနေနဲ့ သူ့အဖေနဲ့ နှိုင်းယှဉ်လောက်ဖို့ဆိုတာကတော့ များစွာလိုအပ်နေပါသေးတယ်။ ဒါပေမယ့် အကယ်ဒမီ ယူ ၁၉ အသင်းကနေ အသင်းကြီးမှာ ပါဝင်ကစားနိုင်ခွင့်ရဖို့အတွက်တော့ ကြိုးစားရတော့မှာလည်း ဖြစ်ပါတယ်။
ဒရော့ဘာကတော့ ဂူအင်ဂမ့်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး နောက်ရာသီမှာပဲ မာဆေးအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် မာဆေးအသင်းနဲ့အတူ ၂၀ဝ၄ ယူအီအက်အေဖလား ဗိုလ်လုပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်းကြောင့် ဥရောပအသင်းကြီးတွေရဲ့ မျက်စိကျခြင်းကို ခံခဲ့ရပြန်ပါတယ်။
အဲဒီနှစ်နွေရာသီမှာပဲ ချဲလ်ဆီးအသင်းက ဒရော့ဘာကို ပေါင် ၂၄ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဒရော့ဘာဟာ ချဲလ်ဆီးအသင်းမှာ ၉ နှစ်တာကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်တို့ ရယူနိုင်ခဲ့ပြီး သမိုင်းတစ်ခု ရေးထိုးနိုင်ခဲ့ပါတယ်။

Check Also

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B)

zawgyi ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B) အုပ်စု (B)   ပေါ်တူဂီ လက်ရှိအဆင့် – …