Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Champions League / ဆန်းချက်ဇ်ကို ရပ်တန့်ဖို့က သူ့ကိုသတ်ပြစ်ဖို့ပဲ ရှိပါတယ် – မွန်တဲလား (ဆီဗီးလ်းနည်းပြ)
zawgyi 1
unicode 1
ဆန်းချက်ဇ်ကို ရပ်တန့်ဖို့က သူ့ကိုသတ်ပြစ်ဖို့ပဲ ရှိပါတယ် – မွန်တဲလား (ဆီဗီးလ်းနည်းပြ)
မန်ယူအသင်းနဲ့ ဆီဗီးလ်တို့ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်မှာ မန်ယူကစားသမား ဆန်းချက်ဇ်ကို ရပ်တန့်နိုင်ဖို့ဆိုတာက သူ့ကိုသတ်ပြစ်ရဖို့ပဲ ရှိတယ်လို့ ဆီီဗီးလ်အသင်းနည်းပြ မွန်တဲလားက ပြောလိုက်ပါတယ်။
ဆန်းချက်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့က အာဆင်နယ်အသင်းကနေ မန်ယူကိုပြောင်းရွှေ့ခဲ့ပြီးနောက် သူ့ရဲချန်ပီယံလိဂ်ပွဲဦးထွက်အဖြစ် ဆီဗီးလ်နဲ့ပွဲမှာ ပါဝင်လာဖို့ရှိနေပါတယ်။ ဆီဗီးလ်အနေနဲ့လည်း ဆန်းချက်ဇ် ဘာစီလိုနာမှာ ကစားခဲ့စဉ်က ဆန်းချက်ဇ်ပါတဲ့ ဘာစီလိုနာအသင်းနဲ့ ၅ ကြိမ်ဆုံတွေ့ခဲ့ရမှာ ၅ ကြိမ်လုံး ရှုံးနိမ့်ခဲ့တဲ့ မှတ်းတမ်းဆိုးရှိနေခဲ့ပါတယ်။
ဆီဗီးလ်နည်းပြ မွန်တဲလားကလည်း အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရနိုင်ရေးအတွက် တတ်နိုင်သမျှအစွမ်းကုန် လုပ်ဆောင်ကစားကြဖို့ သူ့အသင်းသားတွေကို မှားကြားထားတယ်လို့ ဝန်ခံထားပါတယ်။
ဆီဗီးလ်အသင်းနည်းပြ မွန်တဲလားက ဆန်းချက်ဇ်ကို အူဒီးနီးစ်မှာ ကစားခဲ့စဉ်ကတည်းက သိရှိထားပြီးဖြစ်ကြောင်းကိုလည်း “သူအီတလီမှာ ကစားခဲ့စဉ်ကတည်းက သူ့အကြောင်းကို ကောင်းကောင်း သိခဲ့တာပါ။ သူဟာ တိုးတက်မှုတွေရှိလာခဲ့ပြီး ကျွန်တော်တို့ကို အခက်တွေ့စေနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ သူ့ကိုသတ်ပြစ်ဖို့၊ အနိုင်ပိုင်းပြစ်ဖို့ ဒါမှမဟုတ် အခြားအရာတွေကို လုပ်ကောင်း လုပ်ရပါလိမ့်မယ်’’ လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မွန်တဲလားဟာ အဲဒီပွဲမှာ ဟက်ဒါဖီးလ်နဲ့ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့ ပေါ့ဂ်ဘာကိုလည်း ပါဝင်မလာဖို့ မျှော်လင့်ထားကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ပေါ့ဂ်ဘာကတော့ အဲဒီပွဲနောက်ရက်မှာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေခဲ့တာမို့ ပါဝင်လာဖို့ရှိနေပါတယ်။
“ပေါ့ဂ်ဘာဟာ အံ့အားသင့်လောက်စရာ ကောင်းတဲ့ကစားသမားဖြစ်သလို ပြည့်စုံမှုရှိသူလည်း ဖြစ်ပါတယ်။ အီတလီမှာတုန်းကလည်း သူအောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို အရေးပါသူလည်း ဖြစ်ခဲ့ပါတယ်။ သူဟာ နည်းစနစ်ပိုင်း ကြွယ်ဝသူဖြစ်သလို ခေါင်းတိုက်ဘောတွေကနေလည်း ဂိုးသွင်းယူနိုင်သူပါ။ မနက်ဖန်ပွဲမှာ သူမပါဖို့ မျှော်လင့်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
မွန်တဲလားဟာ ဆီဗိးလ်နည်းပြအဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာကမှ ဖြစ်ခဲ့သလို ချန်ပီယံလိဂ်ပွဲကိုလည်း ၂ ပွဲသာ တာဝန်ယူ ကိုင်တွယ်ထားဖူးသူလည်း ဖြစ်ပါတယ်။ မော်ရင်ညိုကတော့ အဆိုပါဆီဗီးလ်နဲ့ပွဲစဉ်ဟာ သူ့ရဲ့ချန်ပီယံလိဂ်ပွဲ ၁၃၄ ပွဲမြောက်ဖြစ်တယ်လို့လည်း သိရပါတယ်။
“မော်ရင်ညိုဟာ ဘောလုံးလောကရဲ့ နည်းစနစ်ပိုင်းတွေကို တီထွင်ဖန်တီးသူတစ်ဦးပါ။ သူအကြောင်းနဲ့ ပတ်သက်ပြီးလည်း စာအုပ်တွေထဲမှာ ဖတ်ဖူးပါတယ်။ ဒီလိုပြိုင်ပွဲတွေကို သူဘယ်လောက်ကိုင်တွယ် ထားပြီးဖြစ်သလဲဆိုတာကို ကျွန်တော်မသိပေမယ့် ပွဲတစ်ရာကျော်လောက် ရှိမယ်လို့တော့ရှိမှာပါ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ အဲဒီပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ အဲဒီအတွက်လည်း အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့ စိတ်ပိိုင်းရော ရုပ်ပိုင်းပါကြံ့ခိုင်မှု ရှိနေရမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။
ဆီဗီးလ်အသင်းဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်းမှာ ယူရိုပါလိဂ်ဖလားကို ၅ ကြိမ်တိုင် ရယူထားနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားပြိုင်ပွဲတွေမှာတော့ ၁၆ သင်းအဆင့်ကနေ ကျော်ဖြတ်နိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ်ရာသီကလည်း ဒီအဆင့်မှာ လက်စတာနဲ့ ဆုံတွေ့ခဲ့ပြီး ပြုတ်ကျကျန်နေခဲ့ရပါတယ်။
unicode 2
ဆန်းချက်ဇ်ကို ရပ်တန့်ဖို့က သူ့ကိုသတ်ပြစ်ဖို့ပဲ ရှိပါတယ် – မွန်တဲလား (ဆီဗီးလ်းနည်းပြ)
မန်ယူအသင်းနဲ့ ဆီဗီးလ်တို့ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်မှာ မန်ယူကစားသမား ဆန်းချက်ဇ်ကို ရပ်တန့်နိုင်ဖို့ဆိုတာက သူ့ကိုသတ်ပြစ်ရဖို့ပဲ ရှိတယ်လို့ ဆီဗီးလ်အသင်းနည်းပြ မွန်တဲလားက ပြောလိုက်ပါတယ်။
ဆန်းချက်ဟာ ပြီးခဲ့တဲ့ဇန်နဝါ၇ီအပြောင်းအရွှေ့က အာဆင်နယ်အသင်းကနေ မန်ယူကိုပြောင်းရွှေ့ခဲ့ပြီးနောက် သူ့ရဲချန်ပီယံလိဂ်ပွဲဦးထွက်အဖြစ် ဆီဗီးလ်နဲ့ပွဲမှာ ပါဝင်လာဖို့ရှိနေပါတယ်။ ဆီဗီးလ်အနေနဲ့လည်း ဆန်းချက်ဇ် ဘာစီလိုနာမှာ ကစားခဲ့စဉ်က ဆန်းချက်ဇ်ပါတဲ့ ဘာစီလိုနာအသင်းနဲ့ ၅ ကြိမ်ဆုံတွေ့ခဲ့ရမှာ ၅ ကြိမ်လုံး ရှုံးနိမ့်ခဲ့တဲ့ မှတ်းတမ်းဆိုးရှိနေခဲ့ပါတယ်။
ဆီဗီးလ်နည်းပြ မွန်တဲလားကလည်း အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရနိုင်ရေးအတွက် တတ်နိုင်သမျှအစွမ်းကုန် လုပ်ဆောင်ကစားကြဖို့ သူ့အသင်းသားတွေကို မှားကြားထားတယ်လို့ ဝန်ခံထားပါတယ်။
ဆီဗီးလ်အသင်းနည်းပြ မွန်တဲလားက ဆန်းချက်ဇ်ကို အူဒီးနီးစ်မှာ ကစားခဲ့စဉ်ကတည်းက သိရှိထားပြီးဖြစ်ကြောင်းကိုလည်း “သူအီတလီမှာ ကစားခဲ့စဉ်ကတည်းက သူ့အကြောင်းကို ကောင်းကောင်း သိခဲ့တာပါ။ သူဟာ တိုးတက်မှုတွေရှိလာခဲ့ပြီး ကျွန်တော်တို့ကို အခက်တွေ့စေနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ သူ့ကိုသတ်ပြစ်ဖို့၊ အနိုင်ပိုင်းပြစ်ဖို့ ဒါမှမဟုတ် အခြားအရာတွေကို လုပ်ကောင်း လုပ်ရပါလိမ့်မယ်’’ လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မွန်တဲလားဟာ အဲဒီပွဲမှာ ဟက်ဒါဖီးလ်နဲ့ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့ ပေါ့ဂ်ဘာကိုလည်း ပါဝင်မလာဖို့ မျှော်လင့်ထားကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ပေါ့ဂ်ဘာကတော့ အဲဒီပွဲနောက်ရက်မှာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေခဲ့တာမို့ ပါဝင်လာဖို့ရှိနေပါတယ်။
“ပေါ့ဂ်ဘာဟာ အံ့အားသင့်လောက်စရာ ကောင်းတဲ့ကစားသမားဖြစ်သလို ပြည့်စုံမှုရှိသူလည်း ဖြစ်ပါတယ်။ အီတလီမှာတုန်းကလည်း သူအောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို အရေးပါသူလည်း ဖြစ်ခဲ့ပါတယ်။ သူဟာ နည်းစနစ်ပိုင်း ကြွယ်ဝသူဖြစ်သလို ခေါင်းတိုက်ဘောတွေကနေလည်း ဂိုးသွင်းယူနိုင်သူပါ။ မနက်ဖန်ပွဲမှာ သူမပါဖို့ မျှော်လင့်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
မွန်တဲလားဟာ ဆီဗိးလ်နည်းပြအဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာကမှ ဖြစ်ခဲ့သလို ချန်ပီယံလိဂ်ပွဲကိုလည်း ၂ ပွဲသာ တာဝန်ယူ ကိုင်တွယ်ထားဖူးသူလည်း ဖြစ်ပါတယ်။ မော်ရင်ညိုကတော့ အဆိုပါဆီဗီးလ်နဲ့ပွဲစဉ်ဟာ သူ့ရဲ့ချန်ပီယံလိဂ်ပွဲ ၁၃၄ ပွဲမြောက်ဖြစ်တယ်လို့လည်း သိရပါတယ်။
“မော်ရင်ညိုဟာ ဘောလုံးလောကရဲ့ နည်းစနစ်ပိုင်းတွေကို တီထွင်ဖန်တီးသူတစ်ဦးပါ။ သူအကြောင်းနဲ့ ပတ်သက်ပြီးလည်း စာအုပ်တွေထဲမှာ ဖတ်ဖူးပါတယ်။ ဒီလိုပြိုင်ပွဲတွေကို သူဘယ်လောက်ကိုင်တွယ် ထားပြီးဖြစ်သလဲဆိုတာကို ကျွန်တော်မသိပေမယ့် ပွဲတစ်ရာကျော်လောက် ရှိမယ်လို့တော့ရှိမှာပါ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ အဲဒီပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ အဲဒီအတွက်လည်း အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့ စိတ်ပိိုင်းရော ရုပ်ပိုင်းပါကြံ့ခိုင်မှု ရှိနေရမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။
ဆီဗီးလ်အသင်းဟာ ၂၀ဝ၆ ခုနှစ်နောက်ပိုင်းမှာ ယူရိုပါလိဂ်ဖလားကို ၅ ကြိမ်တိုင် ရယူထားနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားပြိုင်ပွဲတွေမှာတော့ ၁၆ သင်းအဆင့်ကနေ ကျော်ဖြတ်နိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ်ရာသီကလည်း ဒီအဆင့်မှာ လက်စတာနဲ့ ဆုံတွေ့ခဲ့ပြီး ပြုတ်ကျကျန်နေခဲ့ရပါတယ်။
Check Also
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B)
zawgyi ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B) အုပ်စု (B)   ပေါ်တူဂီ လက်ရှိအဆင့် – …