Monday , July 23 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / ဂိုးသွင်းစက်ဖြစ်လာအောင် ကလော့ခ်က ပြောင်းလဲပေးခဲ့တာလို့ ဆိုလိုက်တဲ့ မိုဟာမက်ဆာလာ


zawgyi 1




unicode 1

ဂိုးသွင်းစက်ဖြစ်လာအောင် ကလော့ခ်က ပြောင်းလဲပေးခဲ့တာလို့ ဆိုလိုက်တဲ့ မိုဟာမက်ဆာလာ

အီဂျစ်လက်ရွေးစင်ကစာသမား ဆာလာဟာ ရိုမားအသင်းကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းနဲ့အတူ ၃၆ ပွဲကစားထားခဲ့ရာမှာ ဂိုး ၃၀ သွင်းယူထားသလို စံချိန်အချို့ကိုလည်း ချိုးဖျက်ထားနိုင်ခဲ့ပါတယ်။
ဒီလို တစ်ရာသီအတွင်း ဂိုး ၂၀ နဲ့အထက် သွင်းယူနိုင်ခဲ့ခြင်းကလည်း ဆာလာရဲ့ကစားသမားဘဝမှာ ပထမဆုံးအကြိမ်ပါ။ ဒီလို ဂိုးတွေသွင်းယူထားနိုင်ခြင်းကလည်း အသင်းမန်နေဂျာက သူ့ရဲအနေအထားကို ပြောင်းလဲပေးခဲ့လို့ဖြစ်တယ်လို့ ဆာလာက ပြောဆိုခဲ့ပါတယ်။
ဆာလာက “နည်းပြ ကလော့ကတော့ ကျွန်တော့်ကို ဂိုးပေါင်နဲ့ ပိုနီးတဲ့နေရာမှာ ကစားခိုင်းတာပါ။ ဒါက အရင်က ကျွန်တော်ကစားခဲ့ဖူးတဲ့ အသင်တွေမှာရော၊ အဲဒီအသင်းနည်းပြတွေက လုပ်ဆောင်ခိုင်းတဲ့ အနေအထားထက် ဂိုးပေါက်နဲ့ ပိုနီးတဲ့နေရာမှာ ကစားနေရတာပါ။ ဒီတော့ ကျွန်တော်ဟာ ဂိုးသွင်းခွင့်ရယူနိုင်ဖို့အတွက် ဂိုးရှေ့နားမှာပဲ အမြဲလိုလိုရှိနေရတာပါ။ အသင်းနည်းပြကလည်း လေ့ကျင့်ရေးကွင်းတွေမှာ ဂိုးနဲ့ နီးစပ်တဲ့နေရာမှာနေဖို့ အမြဲပြောနေကြပါ။ ဘောလုံးရာသီပြီးဆုံးဖို့ ပွဲကစားရဖို့ အများကြီးကျန်သေးတာမို့ အများကြီးမပြောလိုပေမယ့် ကျွန်တော့်အစွမ်းရှိသမျှတော့ ပေးဆပ်သွားမှာပါ။ ၁၀ ကြိမ်ကန်သွင်းမှုမှာ ၁၀ ဂိုးလို့ရနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်လည်း ဒီရာသီမှာ အခွင့်အရေးများစွာကို ဆုံးရှုံးခဲ့ဖူးပါတယ်။ ဒါပေမယ့် တိုးတက်မှုတွေရှိနေအောင်တော့ ကြိုးစားနေသလို ကိုယ့်အားနည်းချက်တွေကိုလည်း အမြဲလိုလို ပြန်ကြည့်ဖြစ်ပါတယ်။ အဲဒီအားနည်းချက်တွေကို ပြုပြင်နိုင်ဖို့ကိုလည်း လုပ်ဆောင်ပါတယ်။ ပုံစံမျိုးစံနဲ့ ဂိုးသွင်းယူနိုင်ဖို့အတွက် အမြဲကြိုးစားနေတာပါ။ အဲဒီလိုလုပ်နိုင်ဖို့အတွက်လည်း နည်းပြက အကူအညီတွေ ပေးပါတယ်။ လေ့ကျင့်ခန်းတွေ ပြီးသွားရင်လည်း တစ်ယောက်လည်း လေ့ကျင့်ဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

unicode 2

Check Also

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B)

zawgyi ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B) အုပ်စု (B)   ပေါ်တူဂီ လက်ရှိအဆင့် – …