Monday , October 22 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Germany / Bundesliga / မာကိုရူးစ္၊ ေဂါ့ဇီတုိ႔နဲ႔အတူ ျပန္လည္တြဲဖက္ ကစားခြင့္ရလို႔ ေက်နပ္ေနတဲ့ ရွာရယ္

မာကိုရူးစ္၊ ေဂါ့ဇီတုိ႔နဲ႔အတူ ျပန္လည္တြဲဖက္ ကစားခြင့္ရလို႔ ေက်နပ္ေနတဲ့ ရွာရယ္

zawgyi 1

ေဒါ့မြန္အသင္းတိုက္စစ္ကစားသမား ရွာရယ္က မာကိုရူး၊ ေဂ့ါဇီတုိ႔ႏွင့္အတူ ျပန္လည္တြဲဖက္ ကစားခြင့္ ရရွိခဲ့ျခင္းအေပၚ စိတ္လႈပ္ရွားမိေၾကာင္းႏွင့္ ယခုအတြဲအဖက္၏ ပထမဆံုး ႏုိင္ပြဲသည္ ေဒ့ါမြန္အသင္း ရလဒ္ေကာင္းမ်ား ရယူႏုိင္ေတာ့မည္ဆိုတာကို အခ်က္ျပလိုက္တာျဖစ္ေၾကာင္း ေျပာဆုိခဲ့သည္။

မာကိုရူးနဲ႔ ရွာရယ္တို႔၏ ပထမဆံုအႀကီမ္ တဲဖက္ကစားသည့္ ဂလာဘတ္ခ်္နဲ႔ပဲြတြင္ပင္ ရွာရယ္သည္ ဒဏ္ရာမွျပန္လည္သက္သာလာသည့္ မာကိုရူးစ္ဂိုးသြင္းယူႏုိင္ရန္အတြက္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးႏုိင္ခဲ့သည္။

မာကိုရူးစ္မွာလည္း ၿပီးခဲ့သည့္ ေမလပိုင္းကတည္းက ဒူးဒဏ္ရာရရွိခဲ့သလို အျခားတုိက္စစ္ကစားသမား ျဖစ္သူ ေဂ့ါဇီမွာလည္း ၿပီးခဲ့သည့္ရာသီမ်ားတြင္ ႀကံ့ခုိင္မႈရရွိရန္ ရုန္းကန္ေနခဲ့ရသလို က်န္းမာေရးအေျခအေနေၾကာင့္ ရုန္းကန္ေနခဲ့ရသည္။ သို႔ေသာ္လည္း အဆိုပါကစားသမားႏွစ္ဦးလံုးသည္ အသင္းတြင္ျပန္လည္ ပါ၀င္လာခဲ့သည့္အတြက္ တုိက္စစ္ကစားသမား ရွာရယ္က သူေမွ်ာ္လင့္သည့္အတိုင္း ျဖစ္လာခဲ့သည္ဟု ဆိုခဲ့သည္။

ရွာရယ္က “ကၽြန္ေတာ္တို႔ ဂိုးရယူႏုိင္ခဲ့လို႔ ေက်နပ္မိပါတယ္။ မာကိုရူးစ္လည္း ျပန္ကစားလာႏုိင္ၿပီျဖစ္သလို ေဂါ့ဇ္လည္း ျပန္ပါလာခဲ့ပါၿပီ။ ဒါက တကယ့္ကို ေက်နပ္စရာပါ။ ကၽြန္ေတာ္တို႔ဟာ မိတ္ေဆြေကာင္းေတြပါ။ ဒီလိုအတူတြဲကစားဖို႔ ေစာင့္ေမွ်ာ္ေနခဲ့တာလည္း ၾကာခဲ့ပါၿပီ။ ခုေတာ့ အဲဒီေမွ်ာ္လင့္ခ်က္ ေရာက္လာခဲ့ပါၿပီ။ က်န္းမားေရးအေျခအေနေတြ ေကာင္းမြန္မႈရွိလာၿပီးေနာက္ အရင္ကကစားခဲ့တဲ့ ပံုမ်ိဳးကစားသြားႏုိင္ေတာ့မွာပါ” ဟု ေျပာဆိုခ့ဲသည္။

ဒါ့အျပင္ ဂလက္ဘတ္ခ်္အား ၁-၀ ျဖင့္အႏုိင္ရရွိခဲ့ျခင္းေၾကာင့္ ေဒါ့မြန္အသင္းနည္းျပ စေတာ့ဂါသည္ အသင္းအား ပထမဆံုးတာ၀န္ယူသည့္ ဘြန္ဒက္လီဂါပဲြ ၈ ပြဲဆက္ ရံႈးပြဲမရွိသည့္ ပထမဆံုးေသာ ေဒါ့မြန္အသင္းနည္းျပအျဖစ္ မွတ္တမ္း၀င္သြားခဲ့သည္။ စေတာ့ဂါသည္ ဘြန္ဒက္လီဂါၿပိဳင္ပြဲမ်ားတြင္ ေဒါ့မြန္အသင္းအား ၅ ပဲြႏုိင္ ၃ ပြဲသေရ ရလဒ္ထြက္ေပၚေအာင္ ကိုင္တြယ္ေပးႏုိင္ခဲ့သည္။

unicode 1

မာကိုရူးစ်၊ ဂေါ့ဇီတို့နဲ့အတူ ပြန်လည်တွဲဖက် ကစားခွင့်ရလို့ ကျေနပ်နေတဲ့ ရှာရယ်

ဒေါ့မွန်အသင်းတိုက်စစ်ကစားသမား ရှာရယ်က မာကိုရူး၊ ဂေ့ါဇီတို့နှင့်အတူ ပြန်လည်တွဲဖက် ကစားခွင့် ရရှိခဲ့ခြင်းအပေါ် စိတ်လှုပ်ရှားမိကြောင်းနှင့် ယခုအတွဲအဖက်၏ ပထမဆုံး နိုင်ပွဲသည် ဒေ့ါမွန်အသင်း ရလဒ်ကောင်းများ ရယူနိုင်တော့မည်ဆိုတာကို အချက်ပြလိုက်တာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မာကိုရူးနဲ့ ရှာရယ်တို့၏ ပထမဆုံအကြီမ် တဲဖက်ကစားသည့် ဂလာဘတ်ချ်နဲ့ပွဲတွင်ပင် ရှာရယ်သည် ဒဏ်ရာမှပြန်လည်သက်သာလာသည့် မာကိုရူးစ်ဂိုးသွင်းယူနိုင်ရန်အတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့သည်။
မာကိုရူးစ်မှာလည်း ပြီးခဲ့သည့် မေလပိုင်းကတည်းက ဒူးဒဏ်ရာရရှိခဲ့သလို အခြားတိုက်စစ်ကစားသမား ဖြစ်သူ ဂေ့ါဇီမှာလည်း ပြီးခဲ့သည့်ရာသီများတွင် ကြံ့ခိုင်မှုရရှိရန် ရုန်းကန်နေခဲ့ရသလို ကျန်းမာရေးအခြေအနေကြောင့် ရုန်းကန်နေခဲ့ရသည်။ သို့သော်လည်း အဆိုပါကစားသမားနှစ်ဦးလုံးသည် အသင်းတွင်ပြန်လည် ပါဝင်လာခဲ့သည့်အတွက် တိုက်စစ်ကစားသမား ရှာရယ်က သူမျှော်လင့်သည့်အတိုင်း ဖြစ်လာခဲ့သည်ဟု ဆိုခဲ့သည်။
ရှာရယ်က “ကျွန်တော်တို့ ဂိုးရယူနိုင်ခဲ့လို့ ကျေနပ်မိပါတယ်။ မာကိုရူးစ်လည်း ပြန်ကစားလာနိုင်ပြီဖြစ်သလို ဂေါ့ဇ်လည်း ပြန်ပါလာခဲ့ပါပြီ။ ဒါက တကယ့်ကို ကျေနပ်စရာပါ။ ကျွန်တော်တို့ဟာ မိတ်ဆွေကောင်းတွေပါ။ ဒီလိုအတူတွဲကစားဖို့ စောင့်မျှော်နေခဲ့တာလည်း ကြာခဲ့ပါပြီ။ ခုတော့ အဲဒီမျှော်လင့်ချက် ရောက်လာခဲ့ပါပြီ။ ကျန်းမားရေးအခြေအနေတွေ ကောင်းမွန်မှုရှိလာပြီးနောက် အရင်ကကစားခဲ့တဲ့ ပုံမျိုးကစားသွားနိုင်တော့မှာပါ” ဟု ပြောဆိုခဲ့သည်။
ဒါ့အပြင် ဂလက်ဘတ်ချ်အား ၁-၀ ဖြင့်အနိုင်ရရှိခဲ့ခြင်းကြောင့် ဒေါ့မွန်အသင်းနည်းပြ စတော့ဂါသည် အသင်းအား ပထမဆုံးတာဝန်ယူသည့် ဘွန်ဒက်လီဂါပွဲ ၈ ပွဲဆက် ရှုံးပွဲမရှိသည့် ပထမဆုံးသော ဒေါ့မွန်အသင်းနည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ စတော့ဂါသည် ဘွန်ဒက်လီဂါပြိုင်ပွဲများတွင် ဒေါ့မွန်အသင်းအား ၅ ပွဲနိုင် ၃ ပွဲသရေ ရလဒ်ထွက်ပေါ်အောင် ကိုင်တွယ်ပေးနိုင်ခဲ့သည်။

unicode 2

မာကိုရူးစ်၊ ဂေါ့ဇီတို့နဲ့အတူ ပြန်လည်တွဲဖက် ကစားခွင့်ရလို့ ကျေနပ်နေတဲ့ ရှာရယ်

ဒေါ့မွန်အသင်းတိုက်စစ်ကစားသမား ရှာရယ်က မာကိုရူး၊ ဂေါ့ဇီတို့နှင့်အတူ ပြန်လည်တွဲဖက် ကစားခွင့် ရရှိခဲ့ခြင်းအပေါ် စိတ်လှုပ်ရှားမိကြောင်းနှင့် ယခုအတွဲအဖက်၏ ပထမဆုံး နိုင်ပွဲသည် ဒေါ့မွန်အသင်း ရလဒ်ကောင်းများ ရယူနိုင်တော့မည်ဆိုတာကို အချက်ပြလိုက်တာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မာကိုရူးနဲ့ ရှာရယ်တို့၏ ပထမဆုံအကြီမ် တဲဖက်ကစားသည့် ဂလာဘတ်ချ်နဲ့ပွဲတွင်ပင် ရှာရယ်သည် ဒဏ်ရာမှပြန်လည်သက်သာလာသည့် မာကိုရူးစ်ဂိုးသွင်းယူနိုင်ရန်အတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့သည်။
မာကိုရူးစ်မှာလည်း ပြီးခဲ့သည့် မေလပိုင်းကတည်းက ဒူးဒဏ်ရာရရှိခဲ့သလို အခြားတိုက်စစ်ကစားသမား ဖြစ်သူ ဂေါ့ဇီမှာလည်း ပြီးခဲ့သည့်ရာသီများတွင် ကြံ့ခိုင်မှုရရှိရန် ရုန်းကန်နေခဲ့ရသလို ကျန်းမာရေးအခြေအနေကြောင့် ရုန်းကန်နေခဲ့ရသည်။ သို့သော်လည်း အဆိုပါကစားသမားနှစ်ဦးလုံးသည် အသင်းတွင်ပြန်လည် ပါဝင်လာခဲ့သည့်အတွက် တိုက်စစ်ကစားသမား ရှာရယ်က သူမျှော်လင့်သည့်အတိုင်း ဖြစ်လာခဲ့သည်ဟု ဆိုခဲ့သည်။
ရှာရယ်က “ကျွန်တော်တို့ ဂိုးရယူနိုင်ခဲ့လို့ ကျေနပ်မိပါတယ်။ မာကိုရူးစ်လည်း ပြန်ကစားလာနိုင်ပြီဖြစ်သလို ဂေါ့ဇ်လည်း ပြန်ပါလာခဲ့ပါပြီ။ ဒါက တကယ့်ကို ကျေနပ်စရာပါ။ ကျွန်တော်တို့ဟာ မိတ်ဆွေကောင်းတွေပါ။ ဒီလိုအတူတွဲကစားဖို့ စောင့်မျှော်နေခဲ့တာလည်း ကြာခဲ့ပါပြီ။ ခုတော့ အဲဒီမျှော်လင့်ချက် ရောက်လာခဲ့ပါပြီ။ ကျန်းမားရေးအခြေအနေတွေ ကောင်းမွန်မှုရှိလာပြီးနောက် အရင်ကကစားခဲ့တဲ့ ပုံမျိုးကစားသွားနိုင်တော့မှာပါ” ဟု ပြောဆိုခဲ့သည်။
ဒါ့အပြင် ဂလက်ဘတ်ချ်အား ၁-ဝ ဖြင့်အနိုင်ရရှိခဲ့ခြင်းကြောင့် ဒေါ့မွန်အသင်းနည်းပြ စတော့ဂါသည် အသင်းအား ပထမဆုံးတာဝန်ယူသည့် ဘွန်ဒက်လီဂါပွဲ ၈ ပွဲဆက် ရှုံးပွဲမရှိသည့် ပထမဆုံးသော ဒေါ့မွန်အသင်းနည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ စတော့ဂါသည် ဘွန်ဒက်လီဂါပြိုင်ပွဲများတွင် ဒေါ့မွန်အသင်းအား ၅ ပွဲနိုင် ၃ ပွဲသရေ ရလဒ်ထွက်ပေါ်အောင် ကိုင်တွယ်ပေးနိုင်ခဲ့သည်။

Check Also

ခ်ဲလ္ဆီးအသင္းမွာ ရွိစဥ္က စိတ္ညစ္ခဲ့ရေၾကင့္ ဘက္ရွဴ၀ါရီ ဖြင့္ဟေျပာဆို

zawgyi 1 တုိက္စစ္မွဴး ဘက္ရွဴ၀ါရီက သူ႔အားခ်ဲလ္ဆီးအသင္းနည္းျပ ကြန္တီအသံုးျပဳခဲ့ပံုႏွင့္ပတ္သက္ၿပီး စိတ္ပ်က္ခဲ့ရေၾကာင္း ေျပာသြားခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းကေန ေဒါ့မြန္ကိုအငွားနဲ႔ ကစားေနတဲ့ ဘက္ရွဴ၀ါရီဟာ ခ်ဲလ္ဆီးမွာေတာ့ အရန္ကစားသမားအျဖစ္သာ ကစားခြင့္ရခဲ့ေပမယ့္ …