Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Champions League / ရော်နယ်ဒိုက နေမာထက် ပိုကောင်းအောင် မလုပ်နိုင်ခဲ့ဘူးလို့ ဆိုလာတဲ့ ဇာဗီ
ရော်နယ်ဒိုက နေမာထက် ပိုကောင်းအောင် မလုပ်နိုင်ခဲ့ဘူးလို့ ဆိုလာတဲ့ ဇာဗီ
zawgyi 1
unicode 1
ရော်နယ်ဒိုက နေမာကို ပိုကောင်းအောင် မလုပ်နိုင်ခဲ့ဘူးလို့ ဆိုလာတဲ့ ဇာဗီ
ရော်နယ်ဒိုဟာ ပီအက်စ်ဂျီနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်မှု ရှိခဲ့ပေမယ့်လည်း ဘာစီလိုနာ ကစားသမားဟောင်းဖြစ်သူ ဇာဗီကတော့ ဒီပွဲမှာ ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ချီးကျူးမှုတွေ ပြုလုပ်ဖို့တော့ ငြင်းဆိုခဲ့ပါတယ်။ ဒါကလည်း အဲဒီပွဲမှာ နေမာရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကာကွယ်မှုပြုလုပ်လိုတဲ့အတွက် ဖြစ်တယ်လို့လည်း သတင်းတစ်ရပ်မှာ ရေးသားဖော်ပြထားပါတယ်။
ရော်နယ်ဒိုကတော့ ရီးရဲမက်ဒရစ်အသင်း ၁-၀ နဲ့ ရှုံးနိမ့်နေခဲ့ရာကတေ အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပြီး ၃-၁ နဲ့ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း နေမာကတော့ အဲဒီပွဲမှာ စွမ်းဆောင်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။
ရော်နယ်ဒိုဟာ အဲဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲများအတွင် အသင်းတစ်သင်းတည်းအတွက် ချန်ပီယံလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်အောင် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းကောင်းတစ်ရပ်ကို ရေးထိုးနိုင်ခဲ့ပါသေးတယ်။
ဒါပေမယ့် ဘာစီလိုနာ ကစားသမာဟောင်းဖြစ်သူ ဇာဗီကတော့ ဒီပွဲမှာ ရောနယ်ဒိုဟာ နေမာထက် ပိုကောင်းခဲ့တယ်လို့တော့ မပြောဆိုခဲ့ပါဘူး။
ဇာဗီက “အများကတော့ ဒီပွဲမှာ ရော်နယ်ဒိုက နေမာထက် ပိုကောင်းတယ်လို့ ပြောကြပါတယ်။ မဟုတ်ပါဘူး။ အဲဒါမျှတမှု မရှိပါဘူး။ အဲဒီပွဲမှာ ရော်နယ်ဒိုဘာများလုပ်ခဲ့လို့လဲ။ ပင်နယ်တီဂိုးရယ်၊ ဒူးနဲ့တိုက်တဲ့ဂိုးတွေ သွင်းခဲ့တယ်။ အန္တရာယ်ရှိလောက်တဲ့ နေမာရဲ့ ထိုးဖောက်မှုတွေကရော ဘာလဲ။ နောက်ပြီး တန်ပြန်တိုက်စစ်ကို သူဖန်တီးခဲ့တယ်။ မက်ဒရစ်မှာ အခက်တွေအောင် သူလုပ်ခဲ့တာပဲ မဟုတ်လား’’လို့ ပြောဆိုခဲ့ပါတယ်။
ပီအက်စ်ဂျီနဲ့ ရိးရဲမက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအေကျော့ပွဲစဉ်ကို မတ်လ ၆ ရက်နေ့မှာ ကစားသွားမှာဖြစ်ပါတယ်။
unicdoe 2
ရော်နယ်ဒိုက နေမာကို ပိုကောင်းအောင် မလုပ်နိုင်ခဲ့ဘူးလို့ ဆိုလာတဲ့ ဇာဗီ
ရော်နယ်ဒိုဟာ ပီအက်စ်ဂျီနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်မှု ရှိခဲ့ပေမယ့်လည်း ဘာစီလိုနာ ကစားသမားဟောင်းဖြစ်သူ ဇာဗီကတော့ ဒီပွဲမှာ ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ချီးကျူးမှုတွေ ပြုလုပ်ဖို့တော့ ငြင်းဆိုခဲ့ပါတယ်။ ဒါကလည်း အဲဒီပွဲမှာ နေမာရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကာကွယ်မှုပြုလုပ်လိုတဲ့အတွက် ဖြစ်တယ်လို့လည်း သတင်းတစ်ရပ်မှာ ရေးသားဖော်ပြထားပါတယ်။
ရော်နယ်ဒိုကတော့ ရီးရဲမက်ဒရစ်အသင်း ၁-ဝ နဲ့ ရှုံးနိမ့်နေခဲ့ရာကတေ အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပြီး ၃-၁ နဲ့ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း နေမာကတော့ အဲဒီပွဲမှာ စွမ်းဆောင်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။
ရော်နယ်ဒိုဟာ အဲဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲများအတွင် အသင်းတစ်သင်းတည်းအတွက် ချန်ပီယံလိဂ်သွင်းဂိုး ၁၀ဝ ပြည့်မြောက်အောင် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းကောင်းတစ်ရပ်ကို ရေးထိုးနိုင်ခဲ့ပါသေးတယ်။
ဒါပေမယ့် ဘာစီလိုနာ ကစားသမာဟောင်းဖြစ်သူ ဇာဗီကတော့ ဒီပွဲမှာ ရောနယ်ဒိုဟာ နေမာထက် ပိုကောင်းခဲ့တယ်လို့တော့ မပြောဆိုခဲ့ပါဘူး။
ဇာဗီက “အများကတော့ ဒီပွဲမှာ ရော်နယ်ဒိုက နေမာထက် ပိုကောင်းတယ်လို့ ပြောကြပါတယ်။ မဟုတ်ပါဘူး။ အဲဒါမျှတမှု မရှိပါဘူး။ အဲဒီပွဲမှာ ရော်နယ်ဒိုဘာများလုပ်ခဲ့လို့လဲ။ ပင်နယ်တီဂိုးရယ်၊ ဒူးနဲ့တိုက်တဲ့ဂိုးတွေ သွင်းခဲ့တယ်။ အန္တရာယ်ရှိလောက်တဲ့ နေမာရဲ့ ထိုးဖောက်မှုတွေကရော ဘာလဲ။ နောက်ပြီး တန်ပြန်တိုက်စစ်ကို သူဖန်တီးခဲ့တယ်။ မက်ဒရစ်မှာ အခက်တွေအောင် သူလုပ်ခဲ့တာပဲ မဟုတ်လား’’လို့ ပြောဆိုခဲ့ပါတယ်။
ပီအက်စ်ဂျီနဲ့ ရိးရဲမက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအေကျော့ပွဲစဉ်ကို မတ်လ ၆ ရက်နေ့မှာ ကစားသွားမှာဖြစ်ပါတယ်။
Check Also
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B)
zawgyi ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B) အုပ်စု (B)   ပေါ်တူဂီ လက်ရှိအဆင့် – …