Friday , August 17 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Spain / LaLiga / Barcelona / နေမာထွက်သွားမှ ဘာစီလိုနာပိုကောင်းလာပါတယ် –  တာစတီဂန်


zawgyi 1




unicode 1

နေမာထွက်သွားမှ ဘာစီလိုနာပိုကောင်းလာပါတယ် – တာစတီဂန်

ဘာစီလိုနာအသင်းသည် နေမာ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့သွားပြီးနောက်ပိုင်း ပိုမိုတောင့်တင်း လာခဲ့သည်ဟု ဘာစီလိုနာဂိုးသမား တာစတီဂန်က ယုံကြည်နေသည်။
နေမာသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် ဘာစီလိုနာမှ ပီအက်စ်ဂျီသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခဲ့သူလည်း ဖြစ်သည်။ သို့သော်လည်း ဘာစီလိုနာမှာ ရှုံးပွဲမရှိသေးသကဲ့သို့ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲသို့လည်း ရောက်ရှိနေသည်။
တာစတီဂန်က “နေမာရဲ့ အရည်အချင်းနဲ့ပတ်သက်ပြီး ရှင်းပြပြောဆိုနိုင်ဖို့ ခက်ပါတယ်။ ဘာလို့လည်းဆိုတော့ သူဟာ ဘောလုံးကစားသမားတစ်ဦးအနေနဲ့ရော လူသားတစ်ယောက်အနေနဲ့ပါ အသင်းအတွက် အရမ်းအရေးပါတဲ့သူ ဖြစ်ခဲ့လို့ပါ။ ခုတော့ သူလုပ်တာတွေနဲ့ ပတ်သက်ပြီး လူတိုင်းနားလည်ဖို့ သင်ပါတယ်။ ဒါကလည်း သူကိုယ်ပိုင်အတွေးနဲ့ အခြားနေရာမှာ အောင်မြင်မှုရလိုတဲ့အတွက်လည်း ဖြစ်ချင်ဖြစ်မှာပါ။ သူသိတဲ့ အရာတစ်ခုနဲ့ သူဆုံးဖြတ်ခဲ့တာပါ။ နောက်ဆုံးတော့ ကျွန်တော်တို့ အစားထိုးဖို့ ဖြစ်ခဲ့ပါတယ်။ သူဟာအရည်အချင်းရှိသူဖြစ်လို့ အစားထိုးဖို့အတွက် မလွယ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ မတူညီတဲ့ နည်းလမ်းနဲ့ သွားခဲ့ပါတယ်။ ခုတော့ အသင်းက အရမ်းအရမ်းကို တောင့်တင်းနေပါပြီ။ အသင်းကိုရောက်လာတဲ့ ကစားသမားသစ်အချို့က အသင်းကိုပိုတောင်တင်းအောင် ပြုလုပ်ခဲ့တာလိုလည်း ထင်ပါတယ်။ သူတို့တွေ အသင်းမှာ အမြန်ဆုံးအထိုင်ကျဖို့ကိုလည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း သူတို့ကို အချိန်တော့ ပေးရမှာပါ။ ကစားသမားသစ်တွေကို အချိန်ပေးသွားဖို့ လိုပါသလို သည်းခံဖို့လည်း လိုပါတယ်။ သူတို့ဟာ ငယ်ရွယ်သူတွေဖြစ်နေလို့ သူတို့အနာဂတ်မှာ အောင်မြင်မှုတွေ ရှိနေသေးလို့ပါ”ဟု ပြောဆိုခဲ့သည်။

unicode 2

Check Also

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၃) အုပ်စု (C) အုပ်စု (C)

zawgyi ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၃) အုပ်စု (C) အုပ်စု (C)   ပြင်သစ် လက်ရှိအဆင့် – …