Monday , October 22 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / မန်ယူအသင်းအတွက် အားတက်စရာ စကားလုံးကို ပြောလိုက်တဲ့ ဒီဂီယာ
zawgyi 1
unicode 1
မန်ယူအသင်းအတွက် အားတက်စရာ စကားလုံးကို ပြောလိုက်တဲ့ ဒီဂီယာ
ဒီရာသီကုန်ရင် ရီးရဲမက်ဒရစ်က ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတဲ့ ဒီဂီယာကတော့ မန်ယူအသင်းမှာ ပျော်နေပြီလို့ ပြောဆိုိလိုက်ပါတယ်။
မန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့တာ ၇ နှစ်ရှိနေပြီဖြစ်တဲ့ ဒီဂီယာဟာ လက်ရှိအချိန်မှာ မန်ယူအသင်းမှာ ကစားနေတဲ့ သက်တမ်းအရှည်ဆုံး ကစားသမားများအနက် တစ်ဦးအဖြစ်လည်း ရှိနေသူပါ။
တနင်္ဂနွေနေ့မှာ ဒီဂီယာကို မီဒီယာတစ်ခု မန်ယူအသင်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့မှုကိုတော့ ဒီဂီယာက “ဘာဖြစ်လာနိုင်မလဲ၊ ဒါမှမဟုတ် အနာဂတ်အရေးနဲ့ ပတ်သက်ပြီး မကြာခဏဆွေးနွေးတာမျိုးတွေ လုပ်တာက ကောင်းတဲ့အရာ မဟုတ်ဘူးလို့ ထင်ပါတယ်။ လက်ရှိကတော့ နေသာထိုင်သာရှိဖို့၊ ကောင်းကောင်း ကစားနိုင်ဖို့နဲ့ မန်ယူအသင်းကို ကူညီမှုတွေ ပြုလုပ်ပေးနိုင်ဖို့က အရေးကြီးပါတယ်။ အချိန်တွေ မြန်ပါတယ်။ ကျွန်တော်မန်ယူကို ရောက်လာခဲ့တာ ၇ နှစ်တောင် ရှိခဲ့ပြီဖြစ်သလို ပျော်လည်းပျော်နေပါတယ်။ အရမ်းကောင်းတဲ့အရာတွေ၊ အရမ်းဆိုးတဲ့အရာတွေလည်း ကျွန်တော့်ကြုံတွေ့ခဲ့ရပြီးပါပြီ။ ဒါပေမယ် ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင်တော့ ဒီမှာအရမ်းကို ပျော်နေပါပြီ။ အသင်းရဲ့ အဝတ်လဲခန်းမှာ အရေးပါသူ တစ်ဦးအဖြစ် ရှိနေတယ်လို့ခံစားရသလို ကျွန်တော်ဟာ အသင်းမှာ နှစ်ရှည်ကစားနေတဲ့ ကစားသမားတွေအနက် တစ်ယောက်လည်း ဖြစ်နေပါတယ်။ လူငယ်ကစားသမားတွေ အသင်းမှာ ပါဝင်လာတာကို မြင်တွေ့ရတော့ ကျွန်တော့်အတွက် ကျေနပ်ပျော်ရွှင်မိပါတယ်။ ပြီးတော့ မန်ယူအသင်းကို တောင့်တင်းအောင် ပြုလုပ်သွားကြတာပေါ့”လို့ ပြောဆိုခဲ့ပါတယ်။
unicode 2
မန်ယူအသင်းအတွက် အားတက်စရာ စကားလုံးကို ပြောလိုက်တဲ့ ဒီဂီယာ
ဒီရာသီကုန်ရင် ရီးရဲမက်ဒရစ်က ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတဲ့ ဒီဂီယာကတော့ မန်ယူအသင်းမှာ ပျော်နေပြီလို့ ပြောဆိုလိုက်ပါတယ်။
မန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့တာ ၇ နှစ်ရှိနေပြီဖြစ်တဲ့ ဒီဂီယာဟာ လက်ရှိအချိန်မှာ မန်ယူအသင်းမှာ ကစားနေတဲ့ သက်တမ်းအရှည်ဆုံး ကစားသမားများအနက် တစ်ဦးအဖြစ်လည်း ရှိနေသူပါ။
တနင်္ဂနွေနေ့မှာ ဒီဂီယာကို မီဒီယာတစ်ခု မန်ယူအသင်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့မှုကိုတော့ ဒီဂီယာက “ဘာဖြစ်လာနိုင်မလဲ၊ ဒါမှမဟုတ် အနာဂတ်အရေးနဲ့ ပတ်သက်ပြီး မကြာခဏဆွေးနွေးတာမျိုးတွေ လုပ်တာက ကောင်းတဲ့အရာ မဟုတ်ဘူးလို့ ထင်ပါတယ်။ လက်ရှိကတော့ နေသာထိုင်သာရှိဖို့၊ ကောင်းကောင်း ကစားနိုင်ဖို့နဲ့ မန်ယူအသင်းကို ကူညီမှုတွေ ပြုလုပ်ပေးနိုင်ဖို့က အရေးကြီးပါတယ်။ အချိန်တွေ မြန်ပါတယ်။ ကျွန်တော်မန်ယူကို ရောက်လာခဲ့တာ ၇ နှစ်တောင် ရှိခဲ့ပြီဖြစ်သလို ပျော်လည်းပျော်နေပါတယ်။ အ၇မ်းကောင်းတဲ့အရာတွေ၊ အရမ်းဆိုးတဲ့အရာတွေလည်း ကျွန်တော့်ကြုံတွေ့ခဲ့ရပြီးပါပြီ။ ဒါပေမယ် ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင်တော့ ဒီမှာအရမ်းကို ပျော်နေပါပြီ။ အသင်းရဲ့ အဝတ်လဲခန်းမှာ အရေးပါသူ တစ်ဦးအဖြစ် ရှိနေတယ်လို့ခံစားရသလို ကျွန်တော်ဟာ အသင်းမှာ နှစ်ရှည်ကစားနေတဲ့ ကစားသမားတွေအနက် တစ်ယောက်လည်း ဖြစ်နေပါတယ်။ လူငယ်ကစားသမားတွေ အသင်းမှာ ပါဝင်လာတာကို မြင်တွေ့ရတော့ ကျွန်တော့်အတွက် ကျေနပ်ပျော်ရွှင်မိပါတယ်။ ပြီးတော့ မန်ယူအသင်းကို တောင့်တင်းအောင် ပြုလုပ်သွားကြတာပေါ့”လို့ ပြောဆိုခဲ့ပါတယ်။
Check Also
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၃) အုပ်စု (C) အုပ်စု (C)
zawgyi ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၃) အုပ်စု (C) အုပ်စု (C)   ပြင်သစ် လက်ရှိအဆင့် – …