Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Germany / Bundesliga / Bayern Munich / ဘိုင်ယန်မြူးနစ်အသင်းနှင့် အနာဂတ်အရေး ဆွေးနွေးနေတဲ့ ရော်ဘင်


zawgyi 1





unicode 1

ဘိုင်ယန်မြူးနစ်အသင်းနှင့် အနာဂတ်အရေး ဆွေးနွေးနေတဲ့ ရော်ဘင်

ဘိုယန်မြူးနစ်ကစားသမား ရော်ဘင်သည် ဂျာမနီအခြေစိုက် သတင်းဋ္ဌာနတစ်နှင့် အင်တာဗျူး ပြုလုပ်ခဲ့ရာတွင် သူ့၏အနာဂတ်နှင့် ပတ်သက်ပြီး ဘိုင်ယန်မြူးနစ်အသင်းနှင့် ဆွေးနွေးမှုများ ပြုလပ်နေကြောင်း ပြောဆိုခဲ့သည်။
ရော်ဘင်က “ကျွန်တော် အသင်းနဲ့ အပြန်အလှန်ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးပါပြီ။ အသင်းကလည်း အစီအစဉ်တွေရှိနေသလို ကျွန်တော်လည်း အဲဒီအတွက် စိုးရိမ်မှုမရှိပါဘူး။ အနာဂတ်နဲ့ပတ်သက်ပြီးတော့ ဒီရာသီအကုန်မှာ ဆွေးနွေးသွားကြမှာပါ။ တရုတ်၊ အမေရိကန် ဒါမှမဟုတ် ယူအေအီကို သွားမယ်ဆိုတာလား။ သေချာတဲ့ အကြောင်းအရာကိုတော့ ကျွန်တော့်မိသားစုရယ်၊ အရင်းနှီးဆုံးမိတ်ဆွေတွေနဲ့ ဆွေးနွေးနေပါတယ်’’ ဟု ပြောဆိုခဲ့သည်။
ဘိုင်ယန်နှင့် ရော်ဘင်တို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ လာမည့်ဇွန်လပိုင်းတွင် ကုန်ဆုံးမည်ဖြစ်သည့်အတွက် ရော်ဘင်မှာ အသင်းမှ ထွက်ခွာ၍ရနိုင်မည့် အနေအထားဖြစ်သည်။ ထို့အပြင် ဘိုင်ယန်မြူးနစ်အနေဖြင့်လည်း ရော်ဘင်ထွက်ခွာသွားပါက အသင်းရှိလူငယ်ကစားသမားများဖြစ်သည့် ဂနာဘရီနှင့် ကိုမန်းတို့၏ စွမ်းဆောင်ရည်များကို ဆက်လက်ထုတ်ဖော်ခွင့် ရရှိသွားမည်လည်း ဖြစ်သည်။
ရော်ဘင်သည် ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ဆုဖလားပေါင်းများစွာကို ရယူထားနိုင်ခဲ့သူလည်း ဖြစ်သည်။

unicode 2

Check Also

ချဲလ်ဆီးအသင်းမှာ ရှိစဉ်က စိတ်ညစ်ခဲ့ရကြေင့် ဘက်ရှူဝါရီ ဖွင့်ဟပြောဆို

zawgyi 1 တိုက်စစ်မှူး ဘက်ရှူဝါရီက သူ့အားချဲလ်ဆီးအသင်းနည်းပြ ကွန်တီအသုံးပြုခဲ့ပုံနှင့်ပတ်သက်ပြီး စိတ်ပျက်ခဲ့ရကြောင်း ပြောသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကနေ ဒေါ့မွန်ကိုအငှားနဲ့ ကစားနေတဲ့ ဘက်ရှူဝါရီဟာ ချဲလ်ဆီးမှာတော့ အရန်ကစားသမားအဖြစ်သာ ကစားခွင့်ရခဲ့ပေမယ့် …