Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Germany / Bundesliga / ခ်ဲလ္ဆီးအသင္းမွာ ရွိစဥ္က စိတ္ညစ္ခဲ့ရေၾကင့္ ဘက္ရွဴ၀ါရီ ဖြင့္ဟေျပာဆို

ခ်ဲလ္ဆီးအသင္းမွာ ရွိစဥ္က စိတ္ညစ္ခဲ့ရေၾကင့္ ဘက္ရွဴ၀ါရီ ဖြင့္ဟေျပာဆို

zawgyi 1

တုိက္စစ္မွဴး ဘက္ရွဴ၀ါရီက သူ႔အားခ်ဲလ္ဆီးအသင္းနည္းျပ ကြန္တီအသံုးျပဳခဲ့ပံုႏွင့္ပတ္သက္ၿပီး စိတ္ပ်က္ခဲ့ရေၾကာင္း ေျပာသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းကေန ေဒါ့မြန္ကိုအငွားနဲ႔ ကစားေနတဲ့ ဘက္ရွဴ၀ါရီဟာ ခ်ဲလ္ဆီးမွာေတာ့ အရန္ကစားသမားအျဖစ္သာ ကစားခြင့္ရခဲ့ေပမယ့္ ေဒါ့မြန္အသင္းမွာေတာ့ ပံုမွန္ကစားခြင့္ ရရွိေနသလို ဂိုးေတြလည္း သြင္းယူထားႏုိင္ေနပါတယ္။

ဘက္ရွဴ၀ါရီက “ခ်ဲလ္ဆီးမွာတုန္းက လြယ္ကူမႈေတြ မရွိခဲ့ပါဘူး။ ခုမွာေတာ့ ယံုၾကည္မႈရွိရွိနဲ႔ ကစားေနရပါတယ္။ အရန္ခုံမွာ ထုိင္ေနရတယ္။ ၿပီးေတာ့ ဂိုးသြင္းတယ္၊ အဲဒီေနာက္ အရန္ခုံမွာပဲ ျပန္ေနရတဲ့ အျဖစ္မ်ိဳးကေတာ့ တုိက္စစ္မွဴးတစ္ဦးအတြက္ လက္ခံဖို႔ခက္ခဲတဲ့အရာ ျဖစ္ခဲ့ပါတယ္”လို႔ ေျပာဆုိခဲ့ပါတယ္။

ဘက္ရွဴ၀ါရီအေနနဲ႔ ေဒါ့မြန္အသင္းကို ေရာက္လာခဲ့ၿပီးေနာက္မွာေတာ့ အသင္းနဲ႔အတူ ေျခစြမ္းျပကစားေနၿပီး ၃ ပြဲကစားေပးထားရာမွာ ၅ ဂိုးအထိသြင္းယူ ေပးထားခဲ့ပါတယ္။ ဒါေၾကာင့္လည္း ေဒ့ါမြန္အသင္းက ဘက္ရွဴ၀ါရီကို ရာသီကုန္မွာ အၿပီးသတ္ေခၚယူႏိုင္ဖို႔ ႀကိဳးစားေနျခင္းျဖစ္ပါတယ္။

ဒါေပမယ့္ ခ်ဲလ္ဆီးအေနနဲ႔ ဘက္ရွဴ၀ါရီကို ေစ်းမ်ားမ်ားနဲ႔ ေရာင္းခ်ဖို႔သာ ရွိႏုိင္သလို ဒါမွမဟုတ္ အသင္းမွာပဲ ျပန္လည္ေခၚယူၿပီး အခြင့္အလမ္းေတြ ေပးသားဖို႔ရွိေနတယ္လို႔လည္း သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ဘက္ရွဴ၀ါရီက “ကၽြန္ေတာ္ကစားတဲ့ပဲြေတြကို ကြန္တီၾကည့္လားမၾကည့္လား မသိပါဘူး။ သူတုိ႔က လာမယ့္ပဲြစဥ္ေတြအတြက္ အာရံုစိုက္ေနၾကတာပါ”လုိ႔ ဆက္လက္ေျပာဆိုခဲ့ပါတယ္။

unicode 1

ချဲလ်ဆီးအသင်းမှာ ရှိစဉ်က စိတ်ညစ်ခဲ့ရကြေင့် ဘက်ရှူဝါရီ ဖွင့်ဟပြောဆို

တိုက်စစ်မှူး ဘက်ရှူဝါရီက သူ့အားချဲလ်ဆီးအသင်းနည်းပြ ကွန်တီအသုံးပြုခဲ့ပုံနှင့်ပတ်သက်ပြီး စိတ်ပျက်ခဲ့ရကြောင်း ပြောသွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းကနေ ဒေါ့မွန်ကိုအငှားနဲ့ ကစားနေတဲ့ ဘက်ရှူဝါရီဟာ ချဲလ်ဆီးမှာတော့ အရန်ကစားသမားအဖြစ်သာ ကစားခွင့်ရခဲ့ပေမယ့် ဒေါ့မွန်အသင်းမှာတော့ ပုံမှန်ကစားခွင့် ရရှိနေသလို ဂိုးတွေလည်း သွင်းယူထားနိုင်နေပါတယ်။
ဘက်ရှူဝါရီက “ချဲလ်ဆီးမှာတုန်းက လွယ်ကူမှုတွေ မရှိခဲ့ပါဘူး။ ခုမှာတော့ ယုံကြည်မှုရှိရှိနဲ့ ကစားနေရပါတယ်။ အရန်ခုံမှာ ထိုင်နေရတယ်။ ပြီးတော့ ဂိုးသွင်းတယ်၊ အဲဒီနောက် အရန်ခုံမှာပဲ ပြန်နေရတဲ့ အဖြစ်မျိုးကတော့ တိုက်စစ်မှူးတစ်ဦးအတွက် လက်ခံဖို့ခက်ခဲတဲ့အရာ ဖြစ်ခဲ့ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဘက်ရှူဝါရီအနေနဲ့ ဒေါ့မွန်အသင်းကို ရောက်လာခဲ့ပြီးနောက်မှာတော့ အသင်းနဲ့အတူ ခြေစွမ်းပြကစားနေပြီး ၃ ပွဲကစားပေးထားရာမှာ ၅ ဂိုးအထိသွင်းယူ ပေးထားခဲ့ပါတယ်။ ဒါကြောင့်လည်း ဒေ့ါမွန်အသင်းက ဘက်ရှူဝါရီကို ရာသီကုန်မှာ အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားနေခြင်းဖြစ်ပါတယ်။
ဒါပေမယ့် ချဲလ်ဆီးအနေနဲ့ ဘက်ရှူဝါရီကို စျေးများများနဲ့ ရောင်းချဖို့သာ ရှိနိုင်သလို ဒါမှမဟုတ် အသင်းမှာပဲ ပြန်လည်ခေါ်ယူပြီး အခွင့်အလမ်းတွေ ပေးသားဖို့ရှိနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဘက်ရှူဝါရီက “ကျွန်တော်ကစားတဲ့ပွဲတွေကို ကွန်တီကြည့်လားမကြည့်လား မသိပါဘူး။ သူတို့က လာမယ့်ပွဲစဉ်တွေအတွက် အာရုံစိုက်နေကြတာပါ”လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။

unicode 2

ချဲလ်ဆီးအသင်းမှာ ရှိစဉ်က စိတ်ညစ်ခဲ့ရကြေင့် ဘက်ရှူဝါရီ ဖွင့်ဟပြောဆို

တိုက်စစ်မှူး ဘက်ရှူဝါရီက သူ့အားချဲလ်ဆီးအသင်းနည်းပြ ကွန်တီအသုံးပြုခဲ့ပုံနှင့်ပတ်သက်ပြီး စိတ်ပျက်ခဲ့ရကြောင်း ပြောသွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းကနေ ဒေါ့မွန်ကိုအငှားနဲ့ ကစားနေတဲ့ ဘက်ရှူဝါရီဟာ ချဲလ်ဆီးမှာတော့ အရန်ကစားသမားအဖြစ်သာ ကစားခွင့်ရခဲ့ပေမယ့် ဒေါ့မွန်အသင်းမှာတော့ ပုံမှန်ကစားခွင့် ရရှိနေသလို ဂိုးတွေလည်း သွင်းယူထားနိုင်နေပါတယ်။
ဘက်ရှူဝါရီက “ချဲလ်ဆီးမှာတုန်းက လွယ်ကူမှုတွေ မရှိခဲ့ပါဘူး။ ခုမှာတော့ ယုံကြည်မှုရှိရှိနဲ့ ကစားနေရပါတယ်။ အရန်ခုံမှာ ထိုင်နေရတယ်။ ပြီးတော့ ဂိုးသွင်းတယ်၊ အဲဒီနောက် အရန်ခုံမှာပဲ ပြန်နေရတဲ့ အဖြစ်မျိုးကတော့ တိုက်စစ်မှူးတစ်ဦးအတွက် လက်ခံဖို့ခက်ခဲတဲ့အရာ ဖြစ်ခဲ့ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဘက်ရှူဝါရီအနေနဲ့ ဒေါ့မွန်အသင်းကို ရောက်လာခဲ့ပြီးနောက်မှာတော့ အသင်းနဲ့အတူ ခြေစွမ်းပြကစားနေပြီး ၃ ပွဲကစားပေးထားရာမှာ ၅ ဂိုးအထိသွင်းယူ ပေးထားခဲ့ပါတယ်။ ဒါကြောင့်လည်း ဒေါ့မွန်အသင်းက ဘက်ရှူဝါရီကို ရာသီကုန်မှာ အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားနေခြင်းဖြစ်ပါတယ်။
ဒါပေမယ့် ချဲလ်ဆီးအနေနဲ့ ဘက်ရှူဝါရီကို ဈေးများများနဲ့ ရောင်းချဖို့သာ ရှိနိုင်သလို ဒါမှမဟုတ် အသင်းမှာပဲ ပြန်လည်ခေါ်ယူပြီး အခွင့်အလမ်းတွေ ပေးသားဖို့ရှိနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဘက်ရှူဝါရီက “ကျွန်တော်ကစားတဲ့ပွဲတွေကို ကွန်တီကြည့်လားမကြည့်လား မသိပါဘူး။ သူတို့က လာမယ့်ပွဲစဉ်တွေအတွက် အာရုံစိုက်နေကြတာပါ”လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။

Check Also

ခ်ဲလ္ဆီးနဲ႔ဘုိင္ယန္ျမဴးနအသင္းတို႔က အၿပဳိင္ေခၚယူမယ့္ ေပါင္ ၈၈သန္းတန္ကစားသမားက ဘယ္သူလဲ။

zawgyi ခ်ဲလ္ဆီးအသင္းဟာလာမယ့္ေႏြရာသီေစ်းကြက္မွာေတာ့ ေဒါ့မြန္ေတာင္ပံကစားပူလီဆစ္ကုိ ေခၚယူရန္ ရည္ရြယ္ထားေပမယ့္ ဘုိင္ယန္ျမဴးနစ္အသင္းနဲ႔အၿပဳိင္ယွဥ္ေခၚရဖြယ္ရွိေနပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ လာမယ့္ေႏြရာသီမွာေတာ့ ပူလီဆစ္ကုိေခၚယူဖုိ႔ပစ္မွတ္ထားတာျဖစ္ၿပီး အသင္းအ ေနနဲ႔က စားသမား အေျပာင္းအလဲေတြႀကီးႀကီးမားျပဳသြားဖုိ႔လည္းရွိတယ္လို႔ဆိုပါတယ္။ ပူလီဆစ္ဟာ ၿပီးခဲ့တဲ့ရာသီေတြအတြင္း …