Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / ဝေဖန်မှုတွေကို ပဟေဠိဆန်းတဲ့ စားသားတွေနဲ့ ချေပခဲ့တဲ့ နေမာ


zawgyi 1







unicode 1

ဝေဖန်မှုတွေကို ပဟေဠိဆန်းတဲ့ စားသားတွေနဲ့ ချေပခဲ့တဲ့ နေမာ

ပီအက်စ်ဂျီကစားသမား နေမာကတော့ ရီးရဲမက်ဒရစ်အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ နားလည်ရခက်တဲ့ စာသားမျိုးတွေနဲ့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းသည် အဆိုပါပွဲစဉ်တွင် ကွင်းလယ်ကစားသမား ရာဘီအော့ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲပေမယ့် ရော်နယ်ဒိုရဲ့သွင်းဂိုးနှစ်ဂိုးနဲ့ မာဆယ်လိုရဲ့ နောက်ကျသွင်းဂိုးတို့ကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။
အဆိုပါပွဲစဉ်နဲ့့ပတ်သက်ပြီး နေမာအပေါ် ဘရာဇီးလက်ရွေးစင် ကစးသမားဟောင်းတစ်ဦးက ဘီလူးတစ်ကောင်ကို ဖန်တီးနေခြင်းလို့ ပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ နေမာသည် ထိုပွဲစဉ်ပထမပိုင်းတွင် အဝါကတ်တစ်ကြိမ် ပြသခံခဲ့ရသလို ဒုတိယပိုင်းတွင်လည်း ထုတ်ပယ်ခံရနိုင်သည့် အနေအထားမျိုး ဖြစ်ပေါ်ခဲ့တယ်လို့ ဘရာဇီးဘက်ရွေးစင်ဟောင်းဖြစ်သူက ဆိုခဲ့ပါတယ်။
ဒီဝေဖန်မှုနဲ့ပတ်သက်ပြီး နေမာက သူ့ရဲ့အင်စတာဂမ်မှတစ်ဆင့် ပြန်လည်ချေပခဲ့ပါတယ်။
“ကျွန်တော့်ရဲ့ ဘောလုံးရပ်ဝန်းထဲမှာ ဖြစ်ပေါ်နေတဲ့ အခိုက်အတန့်အားလုံးအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အထူးဖြင့် အခက်ခဲဆုံးအရာတစ်ခုအတွက်ပေ့ါ။ ဒီခရီးလမ်းက လွယ်ကူလိမ့်မယ်လို့လည်း ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ဒါပေမယ့် အဲဒီအတွက် အစွမ်းကုန်လုပ်ဆောင်သွားပါလိမ့်မယ်’’လို့ ရေးသားထားခဲ့ပါတယ်။
နေမာသည် ရီးရဲမက်ဒရစ်အသင်း၏ စိတ်ဝင်စားခြင်းခံနေရသူဖြစ်ပြီး အဆိုပါပွဲအပြီး ရီးရဲနှင့်ပတ်သက်ပြီး မေးမြန်းခဲ့မှုကို “ပီအက်စ်ဂျီနဲ့ ကျွန်တော်စာချုပ်သက်တမ်း ကျန်ပါသေးတယ်။ အသင်းဖော်တွေလည်း ပျော်ရွှင်မှုဖြစ်နေသလို ပီအက်စ်ဂျီနဲ့ပတ်သက်တဲ့ အကြောင်းကိုပဲ တွေးထားပါတယ်”လို့ ပြောဆိုခဲ့ပါသေးတယ်။

unicode 2

ဝေဖန်မှုတွေကို ပဟေဠိဆန်းတဲ့ စားသားတွေနဲ့ ချေပခဲ့တဲ့ နေမာ

ပီအက်စ်ဂျီကစားသမား နေမာကတော့ ရီးရဲမက်ဒရစ်အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ နားလည်ရခက်တဲ့ စာသားမျိုးတွေနဲ့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းသည် အဆိုပါပွဲစဉ်တွင် ကွင်းလယ်ကစားသမား ရာဘီအော့ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲပေမယ့် ရော်နယ်ဒိုရဲ့သွင်းဂိုးနှစ်ဂိုးနဲ့ မာဆယ်လိုရဲ့ နောက်ကျသွင်းဂိုးတို့ကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။
အဆိုပါပွဲစဉ်နဲ့ပတ်သက်ပြီး နေမာအပေါ် ဘရာဇီးလက်ရွေးစင် ကစးသမားဟောင်းတစ်ဦးက ဘီလူးတစ်ကောင်ကို ဖန်တီးနေခြင်းလို့ ပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ နေမာသည် ထိုပွဲစဉ်ပထမပိုင်းတွင် အဝါကတ်တစ်ကြိမ် ပြသခံခဲ့ရသလို ဒုတိယပိုင်းတွင်လည်း ထုတ်ပယ်ခံရနိုင်သည့် အနေအထားမျိုး ဖြစ်ပေါ်ခဲ့တယ်လို့ ဘရာဇီးဘက်ရွေးစင်ဟောင်းဖြစ်သူက ဆိုခဲ့ပါတယ်။
ဒီဝေဖန်မှုနဲ့ပတ်သက်ပြီး နေမာက သူ့ရဲ့အင်စတာဂမ်မှတစ်ဆင့် ပြန်လည်ချေပခဲ့ပါတယ်။
“ကျွန်တော့်ရဲ့ ဘောလုံးရပ်ဝန်းထဲမှာ ဖြစ်ပေါ်နေတဲ့ အခိုက်အတန့်အားလုံးအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အထူးဖြင့် အခက်ခဲဆုံးအရာတစ်ခုအတွက်ပေါ့။ ဒီခရီးလမ်းက လွယ်ကူလိမ့်မယ်လို့လည်း ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ဒါပေမယ့် အဲဒီအတွက် အစွမ်းကုန်လုပ်ဆောင်သွားပါလိမ့်မယ်’’လို့ ရေးသားထားခဲ့ပါတယ်။
နေမာသည် ရီးရဲမက်ဒရစ်အသင်း၏ စိတ်ဝင်စားခြင်းခံနေရသူဖြစ်ပြီး အဆိုပါပွဲအပြီး ရီးရဲနှင့်ပတ်သက်ပြီး မေးမြန်းခဲ့မှုကို “ပီအက်စ်ဂျီနဲ့ ကျွန်တော်စာချုပ်သက်တမ်း ကျန်ပါသေးတယ်။ အသင်းဖော်တွေလည်း ပျော်ရွှင်မှုဖြစ်နေသလို ပီအက်စ်ဂျီနဲ့ပတ်သက်တဲ့ အကြောင်းကိုပဲ တွေးထားပါတယ်”လို့ ပြောဆိုခဲ့ပါသေးတယ်။

Check Also

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B)

zawgyi ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B) အုပ်စု (B)   ပေါ်တူဂီ လက်ရှိအဆင့် – …