Monday , July 23 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားဆုကို အဂူရိုရရှိ


zawgyi 1







unicode 1

ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို အဂူရိုရရှိ

မန်စီးတီးအသင်းတိုက်စစ်မှူး အဂူရိုသည် ဇန်နဝါရီလအတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
တိုက်စစ်မှူး အဂူရိုသည် ဇန်နဝါရီလအတွင်း နယူးကာဆယ်နှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်သည့် ဂိုးအပါအဝင် ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ကစားသမားစာရင်၏ ထိပ်ပိုင်းသို့ ရောက်လာနိုင်ခဲ့သည်။
ထို့အပြင် အဂူရိုသည် ဝက်ဖို့ဒ်၊ နယူးကာဆယ်၊ ဝက်စ်ဘရွမ်းတို့အား အနိုင်ရခဲ့သည့်ပွဲစဉ်များနှင့် လီဗာပူးအား ၄-၃ ဖြင့် ရှုံးခဲ့သည့်ပွဲစဉ်တို့တွင်လည်း ဂိုးဖန်တီးမှုများ ပြုလုပ်ပေးနိုင်ခဲ့သူလည်း ဖြစ်သည်။
ယခုရရှိသည့် ဇန်နဝါရီလအတွက် အကောင်းဆုံးကစားသမားဆုသည် အဂူရိုအတွက် ၅ ကြိမ်မြောက် ရရှိခြင်းဖြစ်ပြီး အဆိုပါအရေအတွက်မှာ ရွန်နေ၊ ဗန်ပါစီတို့ရရှိခဲ့သည့် အကြိမ်အရေအတွက်နှင့် တူညီခဲ့သည်။
ထိုဆုကို ၆ ကြိမ်အထိ ရယူထားသူများအဖြစ် ဟယ်ရီကိန်းနှင့် ဂျရတ်တို့နှစ်ဦးသာ ရှိနေခဲ့သည်။
အဂူရိုသည် အဆိုပါဆုအတွက် ဒီဘရူနီ၊ အီရစ်ဆင်၊ ဟာဇက်၊ ဗာတွန်ဂမ်နှင့် ဝီလ်ဆင်တို့ကို ဖြတ်ကျော် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

unicode 2

Check Also

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B)

zawgyi ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B) အုပ်စု (B)   ပေါ်တူဂီ လက်ရှိအဆင့် – …