Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / ကျွန်တော်တို့တွေ နေမာကို ဘီလူးတစ်ကောင်အဖြစ် ဖန်တီးနေကြတာပါ – ကာဆာဂရန်းဒ်


zawgyi 1






unicode 1

ကျွန်တော်တို့တွေ နေမာကို ဘီလူးတစ်ကောင်အဖြစ် ဖန်တီးနေကြတာပါ – ကာဆာဂရန်းဒ်

ဘရာဇီးလက်ရွေးစင် ကစားသမားဟောင်း ဝေါလ်တာကာဆာဂရန်းဒ်က ပီအက်စ်ဂျီကစားသမား နေမာဟာ ဘီလူးတစ်ကောင်အဖြစ် ဖန်တီးနေသူဟု ပြစ်တင်စကားဆိုခဲ့သည်။
ရီးရဲမက်ဒရစ်အသင်းက ပီအက်စ်ဂျီအား ၃-၁ ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် နေမာသည် ပီအက်စ်ဂျီအသင်းအတွက် ခြေစွမ်းပြကစားပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၁၉ ပွဲ ပါဝင်ကစားပေးခဲ့ဖူးသူ ကာဆာဂရန်းဒ်သည် နေမာဟာ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ နှိုင်းယှဉ်လို့ရမယ့် အနေအထားမဟုတ်ဘူးဟုလည်း ပြောဆိုခဲ့ပြန်သည်။
ကာဆာဂရန်းဒ်က “ပရိသတ်အများစုနဲ့ မီဒီယာတွေက နေမာအပေါ် ထောက်ခံမှုတွေပြုနေတာနဲ့ ပတ်သက်ပြီး စိတ်ကသိကအောက်ဖြစ်မိပါတယ်။ ရီးရဲနဲ့ပွဲမှာလည်း နေမာဟာ မလုပ်သင့်တဲ့လုပ်ရပ်မျိုးတွေ လုပ်ဆောင်ခဲ့လို့ ပထမပိုင်းမှာ အဝါကတ်အပြခံရပါတယ်။ ဒုတိယပိုင်းမှာလည်း ထုတ်ပယ်ခံရနိုင်တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။ အဲဒီလိုပုံမျိုး ကမ္ဘာ့ဖလားမှာသာ လုပ်ခဲ့မယ်ဆိုရင်တော့ အသင်းအတွက် ဆိုးရွားမှုတွေ ဖြစ်လာနိုင်ပါတယ်။ လူတချို့က ပါရမီရှင်လို့ သတ်မှတ်ထားသူကို ကျွန်တော်တို့တွေ ဘီလူးတစ်ကောင်အဖြစ် ဖန်တီးသလို ဖြစ်နေပါတယ်။ နေမာဟာ ရော်နယ်ဒို၊ မက်ဆီ၊ မာရာဒိုနာတို့လို အရည်အချင်းမျိုးမရှိပါဘူး။ သူတို့တွေက ပွဲတစ်ပွဲကို အချိန်တိုင်းမှာ အနိုင်ယူနိုင်ကြသူတွေပါ”ဟု ပြစ်တင်စကားဆိုခဲ့သည်။
သို့သော်လည်း နေမာ၏ ဖခင်ဖြစ်သူကလည်း သူ့သားအပေါ် ဝေဖန်မှုပြုခဲ့သူ ကာဆာဂရန်းဒ်ကိုလည်း ပြန်လည်ချေပမှုများ ပြန်လည်ပြုလုပ်ခဲ့သည်ဟု သိရသည်။

unicode 2

Check Also

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B)

zawgyi ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B) အုပ်စု (B)   ပေါ်တူဂီ လက်ရှိအဆင့် – …