Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Asia / ကမ္ဘာ့အဆင့် ၁ မှာ ဆက်လက်ရပ်တည်နေတဲ့ ဂျာမနီ၊ မြန်မာအသင်း အဆင့် ၂ ဆင့် နိမ့်ကျ


zawgyi 1







unicode 1

ကမ္ဘာ့အဆင့် ၁ မှာ ဆက်လက်ရပ်တည်နေတဲ့ ဂျာမနီ၊ မြန်မာအသင်း အဆင့် ၂ ဆင့် နိမ့်ကျ

ဇန်နဝါရီလအတွက် ဖီဖာအဆင့်သတ်မှတ်ချက်ကို ယနေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။
အဆိုပါကြေငြာချက်အရ ဂျာမနီးအသင်းမှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၁ နေရာတွင် ဆက်လက်ရပ်တည်နေသလို ပြီးခဲ့သည့်လအတွင်းက အဆင့် ၁ မှ ၁၇ အတွင်း ရှိသည့် အသင်းများမှာ နေရာရပ်တည်မှု ပြောင်းလဲခဲ့ခြင်းမရှိခဲ့ပေ။
သို့သော် အဆင့် ၁၈နှင့် ၁၉ နေရာများတွင် ရှိနေခဲ့သည့် ဆွီဒင်နှင့် ဝေးလ်တို့မှာ တစ်ဆင့်စီ နိမ့်ကျသွားခဲ့ပြီး အဆင့် ၂၀ ဖြစ်ခဲ့သည့် အိုက်စလန်အသင်းမှာ ၂ ဆင့်မြင့်တက်သွားခဲ့ပြီး ယခုလတွင် အဆင့် ၁၈ နေရာသို့ ရောက်ရှိလာခဲ့့သည်။
အာရှအဆင့် ရပ်တည်မှုများတွင်မူ အီရန်အသင်းမှာ အာရှအဆင့် ၁ နေရာတွင် ဆက်လက်ရပ်တည်နေခဲ့ပြီး ကမ္ဘာ့အဆင့် တစ်ဆင့်တိုးမြင့်ခဲ့သည်။ အီရန်၏ နောက်တွင် သြစတြေးလျ၊ ဂျပန်အသင်းတို့ အစဉ်လိုက်ရပ်တည်နေခဲ့ပြီး အာရှအဆင့်တွင်လည်း အဆင့် ၁၀ အတွင်းအသင်းများ ပြောင်းလဲမှု မရှိခဲ့ပေ။
အာဆီယံဒေသ၏ အဆင့်သတ်မှတ်ချက်တွင် အာရှအဆင့်သတ်မှတ်ချက် အဆင့် ၁၆ တွင်ရှိနေသည့် ဗီယက်နမ်အသင်းက ဆက်လက်ဦးဆောင်နေပြီး သူ့နောက်တွင် ဖိလစ်ပိုင်၊ ထိုင်းတို့ အစဉ်လိုက်ရပ်တည်နေပြီး မြန်မာ့လက်ရွေးစင်အသင်းမှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၂ ဆင့်နိမ့်ကျခဲ့ပြီး ကမ္ဘာ့အဆင့် ၁၄၂ တွင် ရပ်တည်နေပြီး အာရှအဆင့် ၂၇ တွင်ရပ်တည်နေကာ အာဆီယံအဆင့်တွင်မူ အဆင့် ၄ နေရာတွင်ပင် ဆက်လက် ရပ်တည်နေခဲ့တာပဲဖြစ်ပါတယ်။
အာဆီအဆင့်သတ်မှတ်ချက်တွင် မြန်အသင်း၏ နောက်တွင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ မလေးရှား၊ လာအို၊ ဘရူနိုင်း၊ တီမောတို့ အစဉ်လိုက် ရပ်တည်နေပါတယ်။

unicode 2

ကမ္ဘာ့အဆင့် ၁ မှာ ဆက်လက်ရပ်တည်နေတဲ့ ဂျာမနီ၊ မြန်မာအသင်း အဆင့် ၂ ဆင့် နိမ့်ကျ

ဇန်နဝါရီလအတွက် ဖီဖာအဆင့်သတ်မှတ်ချက်ကို ယနေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။
အဆိုပါကြေငြာချက်အရ ဂျာမနီးအသင်းမှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၁ နေရာတွင် ဆက်လက်ရပ်တည်နေသလို ပြီးခဲ့သည့်လအတွင်းက အဆင့် ၁ မှ ၁၇ အတွင်း ရှိသည့် အသင်းများမှာ နေရာရပ်တည်မှု ပြောင်းလဲခဲ့ခြင်းမရှိခဲ့ပေ။
သို့သော် အဆင့် ၁၈နှင့် ၁၉ နေရာများတွင် ရှိနေခဲ့သည့် ဆွီဒင်နှင့် ဝေးလ်တို့မှာ တစ်ဆင့်စီ နိမ့်ကျသွားခဲ့ပြီး အဆင့် ၂၀ ဖြစ်ခဲ့သည့် အိုက်စလန်အသင်းမှာ ၂ ဆင့်မြင့်တက်သွားခဲ့ပြီး ယခုလတွင် အဆင့် ၁၈ နေရာသို့ ရောက်ရှိလာခဲ့သည်။
အာရှအဆင့် ရပ်တည်မှုများတွင်မူ အီရန်အသင်းမှာ အာရှအဆင့် ၁ နေရာတွင် ဆက်လက်ရပ်တည်နေခဲ့ပြီး ကမ္ဘာ့အဆင့် တစ်ဆင့်တိုးမြင့်ခဲ့သည်။ အီရန်၏ နောက်တွင် သြစတြေးလျ၊ ဂျပန်အသင်းတို့ အစဉ်လိုက်ရပ်တည်နေခဲ့ပြီး အာရှအဆင့်တွင်လည်း အဆင့် ၁၀ အတွင်းအသင်းများ ပြောင်းလဲမှု မရှိခဲ့ပေ။
အာဆီယံဒေသ၏ အဆင့်သတ်မှတ်ချက်တွင် အာရှအဆင့်သတ်မှတ်ချက် အဆင့် ၁၆ တွင်ရှိနေသည့် ဗီယက်နမ်အသင်းက ဆက်လက်ဦးဆောင်နေပြီး သူ့နောက်တွင် ဖိလစ်ပိုင်၊ ထိုင်းတို့ အစဉ်လိုက်ရပ်တည်နေပြီး မြန်မာ့လက်ရွေးစင်အသင်းမှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၂ ဆင့်နိမ့်ကျခဲ့ပြီး ကမ္ဘာ့အဆင့် ၁၄၂ တွင် ရပ်တည်နေပြီး အာရှအဆင့် ၂၇ တွင်ရပ်တည်နေကာ အာဆီယံအဆင့်တွင်မူ အဆင့် ၄ နေရာတွင်ပင် ဆက်လက် ရပ်တည်နေခဲ့တာပဲဖြစ်ပါတယ်။
အာဆီအဆင့်သတ်မှတ်ချက်တွင် မြန်အသင်း၏ နောက်တွင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ မလေးရှား၊ လာအို၊ ဘရူနိုင်း၊ တီမောတို့ အစဉ်လိုက် ရပ်တည်နေပါတယ်။

Check Also

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B)

zawgyi ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B) အုပ်စု (B)   ပေါ်တူဂီ လက်ရှိအဆင့် – …