Friday , August 17 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / မန်စီးတီးကစားသမားဘ၀ရဲ အနှစ်သက်ဆုံး ဟက်ဒရစ်ဂိုးကို ဖွင့်ပြောလာတဲ့ အဂူရို
zawgyi 1
unicode 2
unicode 2
မန်စီးတီးကစားသမားဘဝရဲ အနှစ်သက်ဆုံး ဟက်ဒရစ်ဂိုးကို ဖွင့်ပြောလာတဲ့ အဂူရို
မန်စီးတီးအသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်ထားသူ အဂူရိုကတော့ လက်စတာကို ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း အသင်းအတွက် ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ၄ ဂိုးသွင်းယူထားတာက သူ့အတွက် အဆန်းမဟုတ်သေးပါဘူး။ သူဟာ ၂၀၁၅ ခုနှစ်ပိုင်းက နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ၅ ဂိုးအထိ သွင်းယူထားခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် တစ်ပွဲအတွင်း သွင်းဂိုး ၅ ဂိုးအထိသွင်းယူထားနိုင်တဲ့ ပရီးမီးယားလိဂ်ကစားသမားအရေအတွက်ဟာ အဂူရိုအပါဝင် ၅ ဦးသာ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ယခုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ခြင်းဟာလည်း အဂူရိုတစ်ယောက် မန်စီးတီးအသင်းနဲ့ ဟက်ထရစ် သွင်းဂိုးအရေအတွက် ၁၂ မြောက်သွင်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
အဲဒီ ဟက်ထရစ်သွင်းဂိုး ၁၂ ဂိုးအနက် ဘယ်သွင်းဂိုးက သူ့ရဲ့အနှစ်သက်ဆုံးဖြစ်သလဲဆိုတာကို မေးမြန်းခဲ့ရာမှာတော့ အဂူရိုုက “ဘိုင်ယန်မြူးနစ်နဲပွဲမှာ သွင်းနိုင်ခဲ့တဲ့ ဟက်ထဒရစ်က ကျွန်တော့်ရဲ့ အနှစ်သက်ဆုံး ပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီပွဲစဉ်မှာ ကျွန်တောတို့ မနိုင်ရင် ချန်ပီယံလိဂ်ပြိုင်ကနေ ထွက်ခွာရတော့မယ့် အနေအထားဖြစ်နေခဲ့လို့ပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။
နူအာလိုဂိုးသမားများကို ဟက်ဒရစ်သွင်းယူနိုင်ဖို့ဆိုတဲ့အကြောင်းကို တိုက်စစ်မှူးတိုင်း မပြောရဲ၊ လုပ်နိုင်ခဲ့တဲ့ အရာပါ။ ဒါပေမယ့် နူအာကို ဟက်ဒရစ်သွင်းယူထားသူတွေကတော့ အဂူရို(၂၀၁၄)၊ ရော်နယ်ဒို(၂၀၁၇) နဲ့ ရွိုင်မက်ခေး(၂၀ဝ၂)တို့ ၃ ဦးပဲရှိနေခဲ့တာပါ။
Check Also
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၃) အုပ်စု (C) အုပ်စု (C)
zawgyi ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၃) အုပ်စု (C) အုပ်စု (C)   ပြင်သစ် လက်ရှိအဆင့် – …