Friday , August 17 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Asia / အာဆီယံအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင်စာရင်းတွင် အောင်သူပါဝင်လာ


zawgyi 1



အဆိုပါဆုအတွက် ဆန်ကာတင် ၅ ဦးစာရင်းတွင် ပါဝင်လာခဲ့သူများမှာ ထိုင်းလက်ရွေးစင်တိုက်စစ်မှူး ဒန်ကာ၊ ဗီယက်နမ် ကွင်းလယ်ကစားသမား ဒင်သန်ထရောင်း၊ ထိုင်းကွင်းလယ်ကစာသမား ဆွန်ကရာဆင်နဲ့ အင်ဒိုနီးရှား ဂိုးသမား အာဟီယာဆာတို့ဖြစ်ပါတယ်။



unicode 1



unicode 2

အာဆီယံအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင်စာရင်းတွင် အောင်သူပါဝင်လာ

ကမ္ဘာ့ဘောလုံးအားကစားမီဒီယာကြီးတစ်ခုဖြစ်တဲ့ four four two မှ ပထမဆုံအးကြိမ်အဖြစ် အာဆီယံအကောင်းဆုံး ကစားသမားဆုအတွက် မဲပေးရွေးချယ်ရန် ဆန်ကာတင်ကစားသမား ၅ ဦးစာရင်းကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
အဲဒီ ဆန်ကာတင် ၅ ဦးစာရင်းမှာ မြန်မာ့လက်ရွေးစင်ကစားသမား အောင်သူလည်း ပါဝင်လာခဲ့ကြောင်း သိရပါတယ်။
အဆိုပါဆုအတွက် ဆန်ကာတင် ၅ ဦးစာရင်းတွင် ပါဝင်လာခဲ့သူများမှာ ထိ်ုင်းလက်ရွေးစင်တိုက်စစ်မှူး ဒန်ကာ၊ ဗီယက်နမ် ကွင်းလယ်ကစားသမား ဒင်သန်ထရောင်း၊ ထိုင်းကွင်းလယ်ကစာသမား ဆွန်ကရာဆင်နဲ့ အင်ဒိုနီးရှား ဂိုးသမား အာဟီယာဆာတို့ဖြစ်ပါတယ်။
ထို့အပြင် အကောင်းဆုံး လက်ရွေးစင်အသင်းဆုအတွက်လည်း ဆုချီးမြင့်သွားမည်ဖြစ်ရာ အဆိုပါအကောင်းဆုံးအသင်းဆုအတွက် ဆန်ကာတင်စာရင်းတွင် ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် အသင်းတို့ဖြစ်ကြပါတယ်။
အဆိုပါဆုအများအပြင် အကောင်းဆုံး အာဆီယံလူငယ်ကစားသမားဆု၊ အကောင်းဆုံး အာဆီယံ ကလပ်အသင်းဆု၊ အာဆံယံဒေသတွင်း အသင်းများတွင် ကိုင်တွယ်သည့် အကောင်းဆုံးနည်းပြဆုနဲ့ အကောင်းဆုံး ပြည်ပကစာသမားဆုတို့ကိုပါ ပေးအပ်သွားမှာဖြစ်ပါတယ်။

Check Also

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၃) အုပ်စု (C) အုပ်စု (C)

zawgyi ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၃) အုပ်စု (C) အုပ်စု (C)   ပြင်သစ် လက်ရှိအဆင့် – …