Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Asia / အောင်သူနဲ့ သူရဲ့ နားလည်မှုနဲ့အတူ အသင်းကို ရလဒ်ကောင်းတွေ ရယူပေးနိုင်မယ်လို့ မျှော်လင့်နေတဲ့ N’Dri


3 fonts

zawgyi 1





FourFourTwo Thailand မှ ထိုင်းစာများကို translation ဖြင့် ဘောလုံးသတင်း မှဘာသာပြန်ဖော်ပြခြင်းဖြစ်သည်။

unicode 1



unicode 2

အောင်သူနဲ့ သူရဲ့ နားလည်မှုနဲ့အတူ အသင်းကို ရလဒ်ကောင်းတွေ ရယူပေးနိုင်မယ်လို့ မျှော်လင့်နေတဲ့ N’Dri

Police Tero အသင်းရဲ့ ခြေစမ်းပွဲစဉ် ၄ ပွဲမှာ အောင်သူဟာ ၄ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု တစ်ကြိမ်ပြုထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အောင်သူရဲ့ အသင်းဖော်ဖြစ်တဲ့ တိုက်စစ်မှူး Endear က အောင်သူနဲ့အတူ တွဲဖက်ကစားရခြင်းအပျော် ကျေနပ်မှုရှိကြောင်းကို ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် သူတို့နှစ်ဦးရဲ့ နားလည်မှုတွေကနေ ၂၀၁၈ ခုနှစ်ဘောလုံးရာသီမှာ အသင်းတောင်တင်းလာနိုင်ရေးအတွက် အကူညီဖြစ်လာလိမ့်မည်ဟု မျှော်လင့်နေပါတယ်။
N’Dri က “အောင်သူဟာ ကစားသမားကောင်းတစ်ဦးပါ။ ပထမဆုံးတွေ့ခဲ့ရတဲ့နေ့မှာပဲ အောင်သူမှာ အလားအလာကောင်းတွေရှိနေတယ်ဆိုတာကို ခံစားမိခဲ့တာပါ။ ကျွန်တော်တို့နှစ်ဦးစား တစ်ဦးပေါ်တစ်ဦး ကောင်းမွန်တဲ့ နားလည်မှုတွေရှိနေကြပါတယ်။ ဒီလိုမျိုးပဲ နေ့တိုင်းလေ့ကျင့်နေခဲ့ကြတာပါ။ ဒါတွေက ရာသီသစ်အတွက် ကျွန်တော်တို့လုပ်ဆောင်နေခြင်းပါပဲ။ အသင်းမှာက ဘာသာစကားမျိုးစုံ ပြောနေကြတော့ အပြင်မှာတော့ စကားတွေအများကြီး မပြောဖြစ်ကြပါဘူး။ ဒါပေမယ့် ကွင်းအတွင်း ဆက်သွယ်မှုတွေက ရလဒ်ကောင်းတွေကို ရယူသွားနိုင်မှာပါ”လို့ ပြောဆိုသွားခဲ့ပါတယ်။
Police Tero အသင်း၏ ရာသီအဖွင့်ပွဲကတော့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အဝေးကွင်းပွဲစဉ်အဖြစ် ကစားသွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
FourFourTwo Thailand မှ ထိုင်းစာများကို translation ဖြင့် ဘောလုံးသတင်း ဘာသာပြန်ဖော်ပြခြင်းဖြစ်သည်။

Check Also

တရုတ်ကို သွားကစားသူတွေဟာ ငွေကြေးအတွက်ဟု အီတလီတိုက်စစ်မှူးဟောင်း ကာဆာနိုပြော

zawgyi 1 အီတလီလက်ရွေးစင် တိုက်စစ်မှူးဟောင်း ကာဆာနိုက တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့မည်ဆိုသည်ကို မဟုတ်ကြောင်း ငြင်းဆိုစကားဆိုခဲ့သလို အဲဒီကိုပြောင်းရွှေ့သည့် ကစားသမားများမှာလည်း ငွေကြေးတစ်ခုတည်းအတွက်သာ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ရီးရဲမက်ဒရစ်ကစားသမားဟောင်းလည်းဖြစ် …