Friday , August 17 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Spain / LaLiga / Barcelona / မွတ္တမ္းတစ္ခု ေရးထုိးလိုက္ျပန္တဲ့ မက္ဆီ
BARCELONA, SPAIN - JANUARY 11: Lionel Messi of FC Barcelona during the Spanish Copa del Rey match between FC Barcelona v Celta de Vigo at the Camp Nou on January 11, 2018 in Barcelona Spain (Photo by Laurens Lindhout/Soccrates/Getty Images)

မွတ္တမ္းတစ္ခု ေရးထုိးလိုက္ျပန္တဲ့ မက္ဆီ

zawgyi 1

ဘာစီလိုနာအသင္းက ဆိုစီဒက္အသင္းအား ၄-၂ ျဖင့္အႏုိင္ရခဲ့သည့္ပြဲအၿပီးတြင္ ဘာစီလိုနာကစားသမား မက္ဆီသည္ ထိပ္တန္းလိဂ္ ၅ ခုအနက္ လိဂ္ဂိုးအမ်ားဆံုးသြင္းယူသူအျဖစ္ မွတ္တမ္းသစ္ေရးထိုး ႏုိင္ခဲ့ျပန္သည္။

မက္ဆီသည္ အဆိုပါပဲြတြင္ ၂၅ ကုိက္အကြာမွ လွပေသသပ္သည့္ အလြတ္တည္ကန္ေဘာ(free kick) ျဖင့္ သြင္းယူႏုိင္ခဲ့သည္။ အဆုိပါႏုိင္ပြဲေၾကာင့္ ဘာစီလိုနာအသင္းမွာလည္း ၿပိဳင္ဘက္ရီးရဲမက္ဒရစ္အသင္းထက္ ရမွတ္ ၁၉ မွတ္အထိ ျဖတ္ထားႏုိင္ခဲ့သည္။

အသက္ ၃၀ အရြယ္မက္ဆီသည္ လက္ရွိအခ်ိန္တြင္ လာလီဂါသြင္းဂိုး ၃၆၆ ဂိုးအထိ ရွိသြားၿပီျဖစ္သည့္အတြက္ ဘုိင္ယန္ျမဴးနစ္ဂႏၳ၀င္ကစားသမား ဂတ္မူလာ၏ ၃၆၅ ဂိုး စံခ်ိန္ကို ေက်ာ္လြန္သြားခဲ့ၿပီး ထိပ္သီးလိဂ္ ၅ ခုမွ ကစားသမားမ်ားထက္ လိဂ္ဂိုးအမ်ားဆံုးသြင္းယူသူအျဖစ္ စံခ်ိန္သစ္တစ္ရပ္ တင္ႏုိင္ခဲ့ျခင္းျဖစ္သည္။

မက္ဆီသည္ ယခုပဲြတြင္တစ္ဂိုးသြင္းယူူခဲ့ျခင္းေၾကာင့္ ယခုႏွစ္ေဘာလံုးရာသီတြင္ လာလီဂါသြင္းဂိုး ၁၇ ဂိုးအထိ ရွိသြားခဲ့ၿပီး ဖန္တီးမႈ ၈ ႀကိမ္အထိ ျပဳလုပ္ႏုိင္ခဲ့သည္။ ယခုႏွစ္ေဘာလံုးရာသီ မက္ဆီ၏ လာလီဂါသြင္းဂိုးဂိုး ပမာဏမွာ ၿပိဳင္ကစားသမား ေရာ္နယ္ဒိုသြင္းယူထားသည့္ လာလီဂါသြင္းဂိုး၏ ၄ ဆေက်ာ္ျဖစ္ေနသည္ဟုလည္း အဆိုပါသတင္းတြင္ ေဖာ္ျပထားသည္။

 

unicode

မှတ်တမ်းတစ်ခု ရေးထိုးလိုက်ပြန်တဲ့ မက်ဆီ

ဘာစီလိုနာအသင်းက ဆိုစီဒက်အသင်းအား ၄-၂ ဖြင့်အနိုင်ရခဲ့သည့်ပွဲအပြီးတွင် ဘာစီလိုနာကစားသမား မက်ဆီသည် ထိပ်တန်းလိဂ် ၅ ခုအနက် လိဂ်ဂိုးအများဆုံးသွင်းယူသူအဖြစ် မှတ်တမ်းသစ်ရေးထိုး နိုင်ခဲ့ပြန်သည်။
မက်ဆီသည် အဆိုပါပွဲတွင် ၂၅ ကိုက်အကွာမှ လှပသေသပ်သည့် အလွတ်တည်ကန်ဘော(free kick) ဖြင့် သွင်းယူနိုင်ခဲ့သည်။ အဆိုပါနိုင်ပွဲကြောင့် ဘာစီလိုနာအသင်းမှာလည်း ပြိုင်ဘက်ရီးရဲမက်ဒရစ်အသင်းထက် ရမှတ် ၁၉ မှတ်အထိ ဖြတ်ထားနိုင်ခဲ့သည်။
အသက် ၃၀ အရွယ်မက်ဆီသည် လက်ရှိအချိန်တွင် လာလီဂါသွင်းဂိုး ၃၆၆ ဂိုးအထိ ရှိသွားပြီဖြစ်သည့်အတွက် ဘိုင်ယန်မြူးနစ်ဂန္ထဝင်ကစားသမား ဂတ်မူလာ၏ ၃၆၅ ဂိုး စံချိန်ကို ကျော်လွန်သွားခဲ့ပြီး ထိပ်သီးလိဂ် ၅ ခုမှ ကစားသမားများထက် လိဂ်ဂိုးအများဆုံးသွင်းယူသူအဖြစ် စံချိန်သစ်တစ်ရပ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။
မက်ဆီသည် ယခုပွဲတွင်တစ်ဂိုးသွင်းယူူခဲ့ခြင်းကြောင့် ယခုနှစ်ဘောလုံးရာသီတွင် လာလီဂါသွင်းဂိုး ၁၇ ဂိုးအထိ ရှိသွားခဲ့ပြီး ဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည်။ ယခုနှစ်ဘောလုံးရာသီ မက်ဆီ၏ လာလီဂါသွင်းဂိုးဂိုး ပမာဏမှာ ပြိုင်ကစားသမား ရော်နယ်ဒိုသွင်းယူထားသည့် လာလီဂါသွင်းဂိုး၏ ၄ ဆကျော်ဖြစ်နေသည်ဟုလည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

Check Also

ကမၻာ့ဖလားၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၃) အုပ္စု (C) အုပ္စု (C)

zawgyi ကမၻာ့ဖလားၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၃) အုပ္စု (C) အုပ္စု (C)   ျပင္သစ္ လက္ရွိအဆင့္ – …

Leave a Reply

Your email address will not be published. Required fields are marked *