Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Asia / ၂၀၁၈ ခုႏွစ္ ထိုင္းလိဂ္၀မ္းမွာကစားမယ့္ ၄ ဦးေျမာက္ ျမန္မာကစားသမား
photo crd -Ayeyawady United FC

၂၀၁၈ ခုႏွစ္ ထိုင္းလိဂ္၀မ္းမွာကစားမယ့္ ၄ ဦးေျမာက္ ျမန္မာကစားသမား

zawgyi 1

၂၀၁၈ ခုႏွစ္ ထိုင္းလိဂ္၀မ္း(တုိယိုတာထိုင္းလိဂ္) ၿပိဳင္ပြဲကို အသင္း ၁၈ သင္းျဖင့္ ၀င္ေရာက္ယွဥ္ၿပိဳင္ကစားမွာ ျဖစ္ပါတယ္။

အဲဒီ ၁၈ သင္းအနက္ ခ်င္းရိုင္၊ Police Tero၊ ဆူဖန္ဘူရီအသင္းေတြနဲ႔အတူ ျမန္မာကစားသမားေတြျဖစ္တဲ့ ေက်ာ္ကိုကုိ၊ ေအာင္သူနဲ႔ ေဇာ္မင္းထြန္းတို႔လည္း ၀င္ေရာက္ယွဥ္ၿပိဳင္ကစားေတာ့မယ္ဆိုတာလည္း သိရွိထားၿပီျဖစ္မွာပါ။

ဒါေပမယ့္ ထုိင္းလိဂ္၀မ္းမွာ ၄ ဦးေျမာက္ ျမန္မာ့ကုိယ္စားျပဳ ကစားသမားအျဖစ္ ကစားသြားဖို႔ရွိေနတဲ့ ကစားသမားတစ္ဦး ထပ္မံထြက္ေပၚလို႔လာခဲ့ျပန္ပါတယ္။

သူကေတာ့ ၿပီးခဲ့တဲ့ႏွစ္ေဘာလံုးရာသီက ရတနာပံုအသင္းကေန စင္ကာပူကလပ္ ဘလက္စတီးယားအသင္းကို ေျပာင္းေရႊ႕ကစားခဲ့တဲ့ နႏၵလင္းေက်ာ္ခ်စ္ပဲျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္ ထိုင္းလိဂ္၀မ္းရဲ႕ ျပည္ပကစားသမား အ၀င္အထြက္စာရင္းရဲ႕ အာဆီယံကစားသမားပါ၀င္မႈစာရင္း (Wiki) မွာ နႏၵလင္းေက်ာ္ခ်စ္တစ္ေယာက္ ပါ၀င္ေနခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ နႏၵလင္းေက်ာ္ခ်စ္ပါ၀င္ေနတဲ့ အသင္းကေတာ့ ယခုႏွစ္ေဘာလံုးရာသီမွ ထိုင္းလိဂ္၀မ္းကို တန္းတက္ခြင့္ရလာတဲ့ PT Prachuap FC အသင္းမွာပဲျဖစ္ပါတယ္။

2018 Thai League 1 Wiki တြင္ ဇန္န၀ါရီ ၁၃ ေန႔မွာ ေတြ႕ရွိရပံု

 

PT Prachuap FC အသင္းကို ၂၀၀၇ ခုႏွစ္က စတင္တည္ေထာင္ခဲ့ေပမယ့္ ထုိင္းပေရာ္ဖက္ရွင္နယ္လိဂ္ ၿပိဳင္ပြဲေတြကိုေတာ့ ၂၀၀၉ ခုႏွစ္မွ စတင္၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့တာပါ။ ဒါေပမယ့္ ၉ ႏွစ္အၾကာျဖစ္တဲ့ ၂၀၁၈ ခုႏွစ္မွာေတာ့ PT Prachuap FC အသင္းဟာ အသင္းသမိုင္းတစ္ေလွ်ာက္ ထိုင္ႏုိင္ငံရဲ႕ အဆင့္ျမင့္ဆံုးလိဂ္ျဖစ္တဲ့ ထိုင္းလိဂ္၀မ္းကို ပထမဆံုးအႀကိမ္ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိခဲ့ျခင္းျဖစ္ပါတယ္။

ယခုအေျပာင္းအေရႊ႕ႏွင့္ပတ္သက္ၿပီး ၂၀၁၈ ထိုင္းလိဂ္၀မ္း (Wiki) မွာေတာ့ နႏၵလင္းေက်ာ္ခ်စ္ဟာ အေျပာင္းေရႊ႕စာရင္းမွာ ပါ၀င္လာခဲ့ေၾကာင္း ေဖာ္ျပထားတာမွန္ပါတယ္။ သို႔ေသာ္လည္း PT Prachuap FC အသင္းနဲ႔ ကစားသမားျဖစ္တဲ့ နႏၵလင္းေက်ာ္ခ်စ္တို႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာေတြမွာေတာ့ အဆုိပါအေျပာင္းအေရႊ႕နဲ႔ပတ္သက္ၿပီး ထုတ္ေဖာ္ထားျခင္းမရွိေသးပါဘူး။

ဒါေပမယ့္ နႏၵလင္းေက်ာ္ခ်စ္၏ လူမႈကြန္ယက္စာမ်က္ေပၚတြင္မူ အျခားမ်ာက နႏၵလင္းေက်ာ္ခ်စ္ ထိုင္းလိဂ္၀မ္းသုိ႔ ေျပာင္းေရႊ႕ကစားမည့္ အေနအထားျဖစ္ပံုရသည့္ ေဖာ္ျပထားမႈ အခ်ိဳ႕ကိုေတြ႔ထားခဲ့ရသည္။

အသက္ ၃၀ အရြယ္ရွိ နႏၵလင္းေက်ာ္ခ်စ္သည္ ပေရာ္ဖက္ရွင္နယ္ကစားသမားအျဖစ္ ဧရာ၀တီယူႏုိက္တက္ အသင္းႏွင့္ ၂၀၁၂ ခုႏွစ္တြင္စတင္ခဲ့ၿပီး ရတနာပံု၊ ဘဘက္စတီးယားအသင္းတို႔တြင္ ကစားခဲ့ဖူးသူလည္းျဖစ္သည္။

unicode

၂၀၁၈ ခုနှစ်ထိုင်းလိဂ်ဝမ်းမှာ ကစားမယ့် ၄ ဦးမြောက် မြန်မာကစားသမား

၂၀၁၈ ခုနှစ် ထိုင်းလိဂ်ဝမ်း(တိုယိုတာထိုင်းလိဂ်) ပြိုင်ပွဲကို အသင်း ၁၈ သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
အဲဒီ ၁၈ သင်းအနက် ချင်းရိုင်၊ Police Tero၊ ဆူဖန်ဘူရီအသင်းတွေနဲ့အတူ မြန်မာကစားသမားတွေဖြစ်တဲ့ ကျော်ကိုကို၊ အောင်သူနဲ့ ဇော်မင်းထွန်းတို့လည်း ဝင်ရောက်ယှဉ်ပြိုင်ကစားတော့မယ်ဆိုတာလည်း သိရှိထားပြီဖြစ်မှာပါ။
ဒါပေမယ့် ထိုင်းလိဂ်ဝမ်းမှာ ၄ ဦးမြောက် မြန်မာ့ကိုယ်စားပြု ကစားသမားအဖြစ် ကစားသွားဖို့ရှိနေတဲ့ ကစားသမားတစ်ဦး ထပ်မံထွက်ပေါ်လို့လာခဲ့ပြန်ပါတယ်။
သူကတော့ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီက ရတနာပုံအသင်းကနေ စင်ကာပူကလပ် ဘလက်စတီးယားအသင်းကို ပြောင်းရွှေ့ကစားခဲ့တဲ့ နန္ဒလင်းကျော်ချစ်ပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ထိုင်းလိဂ်ဝမ်းရဲ့ ပြည်ပကစားသမား အဝင်အထွက်စာရင်းရဲ့ အာဆီယံကစားသမားပါဝင်မှုစာရင်း (Wiki) မှာ နန္ဒလင်းကျော်ချစ်တစ်ယောက် ပါဝင်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။ နန္ဒလင်းကျော်ချစ်ပါဝင်နေတဲ့ အသင်းကတော့ ယခုနှစ်ဘောလုံးရာသီမှ ထိုင်းလိဂ်ဝမ်းကို တန်းတက်ခွင့်ရလာတဲ့ PT Prachuap FC အသင်းမှာပဲဖြစ်ပါတယ်။
PT Prachuap FC အသင်းကို ၂၀၀၇ ခုနှစ်က စတင်တည်ထောင်ခဲ့ပေမယ့် ထိုင်းပရော်ဖက်ရှင်နယ်လိဂ် ပြိုင်ပွဲတွေကိုတော့ ၂၀၀၉ ခုနှစ်မှ စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဒါပေမယ့် ၉ နှစ်အကြာဖြစ်တဲ့ ၂၀၁၈ ခုနှစ်မှာတော့ PT Prachuap FC အသင်းဟာ အသင်းသမိုင်းတစ်လျှောက် ထိုင်နိုင်ငံရဲ့ အဆင့်မြင့်ဆုံးလိဂ်ဖြစ်တဲ့ ထိုင်းလိဂ်ဝမ်းကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပါတယ်။
ယခုအပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ၂၀၁၈ ထိုင်းလိဂ်ဝမ်း (Wiki) မှာတော့ နန္ဒလင်းကျော်ချစ်ဟာ အပြောင်းရွှေ့စာရင်းမှာ ပါဝင်လာခဲ့ကြောင်း ဖော်ပြထားတာမှန်ပါတယ်။ သို့သော်လည်း PT Prachuap FC အသင်းနဲ့ ကစားသမားဖြစ်တဲ့ နန္ဒလင်းကျော်ချစ်တို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေမှာတော့ အဆိုပါအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ထုတ်ဖော်ထားခြင်းမရှိသေးပါဘူး။
ဒါပေမယ့် နန္ဒလင်းကျော်ချစ်၏ လူမှုကွန်ယက်စာမျက်ပေါ်တွင်မူ အခြားမျာက နန္ဒလင်းကျော်ချစ် ထိုင်းလိဂ်ဝမ်းသို့ ပြောင်းရွှေ့ကစားမည့် အနေအထားဖြစ်ပုံရသည့် ဖော်ပြထားမှု အချို့ကိုတွေ့ထားခဲ့ရသည်။
အသက် ၃၀ အရွယ်ရှိ နန္ဒလင်းကျော်ချစ်သည် ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ဧရာဝတီယူနိုက်တက် အသင်းနှင့် ၂၀၁၂ ခုနှစ်တွင်စတင်ခဲ့ပြီး ရတနာပုံ၊ ဘဘက်စတီးယားအသင်းတို့တွင် ကစားခဲ့ဖူးသူလည်းဖြစ်သည်။

Check Also

ကမၻာ့ဖလားၿပိဳင္ပဲြရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၂) အုပ္စု (B)

zawgyi ကမၻာ့ဖလားၿပိဳင္ပဲြရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၂) အုပ္စု (B) အုပ္စု (B)   ေပၚတူဂီ လက္ရွိအဆင့္ – …

Leave a Reply

Your email address will not be published. Required fields are marked *