Monday , July 23 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / အႏုိင္ရေပ်ာ္ရႊင္ေနၿပီး ဆူညံမႈေတြျပဳလုပ္ေနတဲ့ အေနအထားကို ကၽြန္ေတာ္ မႏွစ္သက္ပါဘူး – ေမာ္ရင္ညိဳ

အႏုိင္ရေပ်ာ္ရႊင္ေနၿပီး ဆူညံမႈေတြျပဳလုပ္ေနတဲ့ အေနအထားကို ကၽြန္ေတာ္ မႏွစ္သက္ပါဘူး – ေမာ္ရင္ညိဳ

zawgyi 1

မန္ယူအသင္းနည္းျပ ေမာ္ရင္ညိဳသည္ သူအေနျဖင့္ ပြဲစဥ္တစ္ပြဲကို ႏုိင္သည္ျဖစ္ေစ ရံႈးသည္ျဖစ္ေစ စိတ္ခံစားမႈကို ညီမွ်မႈျဖစ္ေအာင္သာ ေနလိုေၾကာင္းေျပာဆုိျခင္းျဖင့္ မန္စီးတီးအသင္းသားမ်ားႏွင့္ နည္းျပ ဂြာဒီယုိလာအေပၚ ျပစ္တင္ေ၀မႈျပဳလိုက္ျပန္သည္။

ေမာ္ရင္ညိဳသည္ မန္ယူက မန္စီးတီးအား ၂-၁ ျဖင့္ ရံႈးနိမ့္ခဲ့သည့္ပြဲအၿပီးတြင္ မန္စီးတီးအသင္းသားမ်ား၏ ဆူညီစြာ ေအာင္ပြဲခံခဲ့မႈကို မခံမရပ္ႏုိုင္ျဖစ္ခဲ့ၿပီးေနာက္ အ၀တ္လဲအတြင္း မန္စီးတီးအသင္းသားမ်ားႏွင့္ စကားမ်ားခဲ့သည္ဟု သတင္းမ်ားထြက္ေပၚခဲ့သည္။ ထို႔အတြက္ေၾကာင့္ အက္ဖ္ေအမွလည္း အဆုိပါျဖစ္ရပ္ႏွင့္ ပတ္သက္ၿပီး စံုစမ္းစစ္မႈမ်ား ျပဳလုပ္လွ်က္ရွိသည္။

ယခုစကားကိုမူ ၀က္စ္ဘရြမ္းႏွင့္ ကစားရမည့္ပြဲမတုိင္မီ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲတြင္ ေမာ္ရင္ညိဳ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ေမာ္ရင္ညိဳက “အႏုိင္ရေပ်ာ္ရႊင္ေနၿပီး ဆူညံမႈေတြျပဳလုပ္ေနတဲ့ အေနအထားကို ကၽြန္ေတာ္ မႏွစ္သက္ပါဘူး။ ရံႈးနိမ့္ေနျပန္ရင္လည္း အဲဒီရံႈးနိမ့္ေနတဲ့ အေနအထားကိုလည္း မႏွစ္သက္ပါဘူး။ ကၽြန္ေတာ္ကေတာ့ စိတ္ခံစားမႈညီမွ်ေနတာကိုပဲ ႏွစ္သက္ပါတယ္။ ဘုန္းေမာက္အသင္းက ခက္ခဲတဲ့ၿပိဳင္ဘက္ ျဖစ္ေပမယ့္ ကၽြန္ေတာ္တို႔ အႏုိင္ယူခဲ့ပါတယ္’’ ဟုေျပာသြားသည္။

မန္ယူအသင္းသည္ ဘုန္းေမာက္အား အိမ္ကြင္းတြင္ လက္ခံကစားခဲ့ရသည့္ ပြဲစဥ္တြင္ တုိက္စစ္မွဴး လူကာကူ၏ တစ္လံုးတည္းေသာသြင္းဂိုးျဖင့္ အႏုိင္ရခဲ့ျခင္းျဖစ္သည္။

လူကာကူသည္ အဆုိပါတစ္လံုးတည္းေသာဂိုးသြင္းယူခဲ့ၿပီး ေအာင္ပြဲမခံခဲ့မႈႏွင့္ပတ္သက္ၿပီး ေမးျမန္းခဲ့ရာတြင္ ေမာ္ရင္ညိဳက “ကၽြန္ေတာ္လည္း ေအာင္ပြဲမခံခဲ့ပါဘူး။ ကၽြန္ေတာ္ရဲ႕ စိတ္ခံစားမႈကို ကၽြန္ေတာ္ထိန္းခ်ဳပ္ပါတယ္။ ကၽြန္ေတာ့္ကေတာ့ ကင္မရာဘက္ ဒါမွမဟုတ္ ပရိသတ္ဘက္ေတြကို လွည့္ၿပီးေအာင္ပဲြခံတဲ့သူမဟုတ္ပါဘူး”ဟု ေျပာသြားသည္။

 

unicode

အနိုင်ရပျော်ရွှင်နေပြီး ဆူညံမှုတွေပြုလုပ်နေတဲ့ အနေအထားကို ကျွန်တော် မနှစ်သက်ပါဘူး – မော်ရင်ညို

မန်ယူအသင်းနည်းပြ မော်ရင်ညိုသည် သူအနေဖြင့် ပွဲစဉ်တစ်ပွဲကို နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ စိတ်ခံစားမှုကို ညီမျှမှုဖြစ်အောင်သာ နေလိုကြောင်းပြောဆိုခြင်းဖြင့် မန်စီးတီးအသင်းသားများနှင့် နည်းပြ ဂွာဒီယိုလာအပေါ် ပြစ်တင်ဝေမှုပြုလိုက်ပြန်သည်။
မော်ရင်ညိုသည် မန်ယူက မန်စီးတီးအား ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် မန်စီးတီးအသင်းသားများ၏ ဆူညီစွာ အောင်ပွဲခံခဲ့မှုကို မခံမရပ်နိုုင်ဖြစ်ခဲ့ပြီးနောက် အဝတ်လဲအတွင်း မန်စီးတီးအသင်းသားများနှင့် စကားများခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ထို့အတွက်ကြောင့် အက်ဖ်အေမှလည်း အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်မှုများ ပြုလုပ်လျှက်ရှိသည်။
ယခုစကားကိုမူ ဝက်စ်ဘရွမ်းနှင့် ကစားရမည့်ပွဲမတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မော်ရင်ညို ပြောဆိုခဲ့ခြင်းဖြစ်သည်။
မော်ရင်ညိုက “အနိုင်ရပျော်ရွှင်နေပြီး ဆူညံမှုတွေပြုလုပ်နေတဲ့ အနေအထားကို ကျွန်တော် မနှစ်သက်ပါဘူး။ ရှုံးနိမ့်နေပြန်ရင်လည်း အဲဒီရှုံးနိမ့်နေတဲ့ အနေအထားကိုလည်း မနှစ်သက်ပါဘူး။ ကျွန်တော်ကတော့ စိတ်ခံစားမှုညီမျှနေတာကိုပဲ နှစ်သက်ပါတယ်။ ဘုန်းမောက်အသင်းက ခက်ခဲတဲ့ပြိုင်ဘက် ဖြစ်ပေမယ့် ကျွန်တော်တို့ အနိုင်ယူခဲ့ပါတယ်’’ ဟုပြောသွားသည်။
မန်ယူအသင်းသည် ဘုန်းမောက်အား အိမ်ကွင်းတွင် လက်ခံကစားခဲ့ရသည့် ပွဲစဉ်တွင် တိုက်စစ်မှူး လူကာကူ၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
လူကာကူသည် အဆိုပါတစ်လုံးတည်းသောဂိုးသွင်းယူခဲ့ပြီး အောင်ပွဲမခံခဲ့မှုနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် မော်ရင်ညိုက “ကျွန်တော်လည်း အောင်ပွဲမခံခဲ့ပါဘူး။ ကျွန်တော်ရဲ့ စိတ်ခံစားမှုကို ကျွန်တော်ထိန်းချုပ်ပါတယ်။ ကျွန်တော့်ကတော့ ကင်မရာဘက် ဒါမှမဟုတ် ပရိသတ်ဘက်တွေကို လှည့်ပြီးအောင်ပွဲခံတဲ့သူမဟုတ်ပါဘူး”ဟု ပြောသွားသည်။

 

Check Also

ကမၻာ့ဖလားၿပိဳင္ပဲြရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၂) အုပ္စု (B)

zawgyi ကမၻာ့ဖလားၿပိဳင္ပဲြရဲ႕ အုပ္စုအဆင့္မ်ားအတြက္ ႀကိဳတင္သုံးသပ္ခ်က္မ်ားနဲ႔ သိထားသင့္တဲ့အေၾကာင္းအရာမ်ား အပိုင္း (၂) အုပ္စု (B) အုပ္စု (B)   ေပၚတူဂီ လက္ရွိအဆင့္ – …

Leave a Reply

Your email address will not be published. Required fields are marked *