Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပေါင် တစ်သန်းကျော်ကုန်ကျမည့် VIP လက်မှတ်များ ရောင်းကုန်
zawgyi 1
ပွဲစဉ်ကြည့်နေစဉ်အတွင်းမှာလည်း ကိုယ်ပိုင်အခန်းဖြင့် သက်သောင့်သက်သာစွာ ကြည့်ရှူ့နိုင်မည်ဖြစ်သလို အခန်းအတွင်းတွင်လည်း စာဖွယ်၊ သောက်ဖွယ်အစုံအလင်ပါရှိမည်ဖြစ်ပြီး ကားပါကင်အတွက်လည်း အခမဲ့ဖြစ်သည်ဟု ဆိုသည်။
VIP လက်မှတ်ဈေးနှုန်းမှာ ကြည့်ရှူ့ရမည့်နေရာ၊ အခြားဝန်ဆောင်မှုများစွာ အပေါ်မှုတည်ပြီး လက်မှတ်ဈေးနှုန်း ပေါင် ၁ သန်းမှ ၁ သန်းအထက် ကုန်ကျမည်ဖြစ်သည်ဟုလည်း ထပ်မံဖော်ပြထားသည်။
unicode
ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပေါင် တစ်သန်းကျော်ကုန်ကျမည့် VIP လက်မှတ်များ ရောင်းကုန်
၂၀၁၈ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပွဲစဉ် ၁၉ အထိကြည့်ရှူ့နိုင်မည့် VIP လက်မှတ်မှာ ပေါင် ၁ သန်းကျော်ကုန်ကျမည်ဖြစ်သော်လည်း ရောင်းချပြီးစီးခဲ့ကြောင်းသိရသည်။
အဆိုပါ လက်မှတ်မှာကိုင်ဆောင်ထားသူအနေဖြင့် အဖွင့်ပွဲစဉ်၊ ဆီမီးဖိုင်နယ်ပွဲစဉ်နှစ်ပွဲနှင့် ဗိုလ်လုပွဲတို့ကို ကြည့်ရှူ့နိုင်မှာဖြစ်သည်ဟု ဖော်ပြထားသည်။
ပွဲစဉ်ကြည့်နေစဉ်အတွင်းမှာလည်း ကိုယ်ပိုင်အခန်းဖြင့် သက်သောင့်သက်သာစွာ ကြည့်ရှူ့နိုင်မည်ဖြစ်သလို အခန်းအတွင်းတွင်လည်း စာဖွယ်၊ သောက်ဖွယ်အစုံအလင်ပါရှိမည်ဖြစ်ပြီး ကာပါကင်အတွက်လည်း အခမဲ့ဖြစ်သည်ဟု ဆိုသည်။
VIP လက်မှတ်စျေးနှုန်းမှာ ကြည့်ရှူ့ရမည့်နေရာ၊ အခြားဝန်ဆောင်မှုများစွာ အပေါ်မှုတည်ပြီး လက်မှတ်စျေးနှုန်း ပေါင် ၁ သန်းမှ ၁ သန်းအထက် ကုန်ကျမည်ဖြစ်သည်ဟုလည်း ထပ်မံဖော်ပြထားသည်။
လက်မှတ်ကိုင်ဆောင်သူအနေဖြင့် ပွဲမကစားမီ ၃ နာရီအလိုမှစတင်ပြီး ပွဲကစားအပြီး တစ်နာရီအကြာအထိ ဝန်ဆောင်မှုများ ရရှိသွားမည်ဖြစ်လည်းဖြစ်သည်။
သောက်စရာများအနေဖြင့်လည်း ဘီယာ၊ ၀ိုင်၊ အရက်နှင့် အကောင်းစားအရက်များပါရှိသည်ဟုလည်း ဖော်ပြထားသည်။ အစားအသောက်များလည်း ကျင်းပမည့်နေရာဒေသအပေါ်မူတည်ပြီး အစားအသောက်များ ပြောင်းလဲနိုင်သေ ဘူဖေးစနစ်ဖြင့် စားသုံးနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။
ယခု VIP လက်မှတ်အနေဖြင့် ဝန်ဆောင်မှုများစွာပါရှိသော်လည်း ပွဲစဉ်တစ်ပွဲတွင် သွားလာရေးကုန်ကျ စရိတ်အပါအဝင် ပေါင် ၅၃၀၀၀ ဝန်းကျင်နီးပါး ကုန်ကျသည့် သဘောဖြစ်နေသည်ဟုလည်း ဆိုသည်။
Check Also
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B)
zawgyi ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်များအတွက် ကြိုတင်သုံးသပ်ချက်များနဲ့ သိထားသင့်တဲ့အကြောင်းအရာများ အပိုင်း (၂) အုပ်စု (B) အုပ်စု (B)   ပေါ်တူဂီ လက်ရှိအဆင့် – …
Leave a Reply
Your email address will not be published. Required fields are marked *